Background
နို့ဆီတန်ချိန်သုံးရာ့ရှစ်ဆယ်ကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၁ ရက်မှ ၇ ရက်တာကာလအတွင်း စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အိုကေတံဆိပ်နို့ဆီ ၂၅၃ ဒသမ ၀၁ တန် စုစုပေါင်း ၃၈၄ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက်ေ သာင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ယခင်တစ်ပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် ခုနစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာ့ကိုးဆယ်ကျော် လျော့နည်းပြီး ဝင်ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်နဲ့ ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်ပျောက် ခဲ့ပါတယ်။
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆၉၈ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၆၈၀ ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာအသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၆၁၁ တန်နဲ့ ချင်းရွှေဟော်မှ ၆၉ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်လက ချင်းရွှေဟော်မှ အသွင်းမရှိဘဲ မူဆယ် နယ်စပ်မှသာ ၂၃၉ တန်အသွင်းရှိခဲ့တာ ကြောင့် ယခုအပတ်မှ ၄၄၁ တန် တင် သွင်းမှုပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
အမေရိကန်ပြည်ထောင်စုရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အနောက်ပိုင်း တက္ကဆပ်ရေနံစိမ်းဈေးနှုန်းတွေကို အမေရိကန် စွမ်းအင်သတင်းပြန်ကြားရေး အုပ်ချုပ်မှုဌာန (EIA) ကနောက်ဆုံးထုတ်ပြန်တဲ့ Short Term Energy Outlook အလားအလာ ခန့်မှန်းချက်အစီရင်ခံစာမှာ လျှော့ချခန့်မှန်းထားပါတယ်။
ယခုတစ်ပတ်တွင် မြန်မာ့ရွှေဈေး ကွက်သည် ဒေါ်လာဈေးငြိမ်သက်မှုနှင့် အတူ အတက်အကျအနည်းငယ်မျှဖြင့် ငြိမ်သက်နေသည်ကိုတွေ့ရသည်။
ဒီဇယ်ဆီ အသွင်းပို၊ ဓာတ်ဆီ အသွင်းလျော့မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၁၈၃၄၅၂ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် ၁၂၀၆၈၆ ဂါလန် အသွင်းပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လအထိ နယ်စပ်မှ ကန်ဒေါ်လာ ၆ ဒသမ ၄၀၈ သန်းတန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၅၃၅၀၇ ဂါလန် တင်သွင်းထားပြီးဖြစ်ပါတယ်။ ဓာတ်ဆီ ကိုတော့ ယခုအပတ်မှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှသာ အသွင်းရှိခဲ့ ပြီး ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၃၈၆၀ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၇၁၁၈ ဂါလန် အသွင်းလျော့ ခဲ့ပါတယ်။ ဧပြီလမှဇွန်လအထိနယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၂၄၁၅၉ ဂါလန်တင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်စခန်း အလိုက် ဒီဇယ်ဆီတင်သွင်းမှုမှာ မြဝတီမှ ၁၀၄၈၄၂ ဂါလန်၊ တာချီလိတ်မှ ၅၂၃၆၀ ဂါလန်နဲ့ ကော့သောင်းမှ ၂၆၂၅၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ စခန်းအားလုံးမှ တင်သွင်းမှုဟာ ယခင်အပတ်ကထက် ပိုမိုခဲ့တာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ် စခန်းမှ မဲခေါင်မြစ်ရေတိုးလာလျှင် ဇူလိုင်လလယ်လောက်ကစပြီး သစ်လုံးများ တင်ပို့နိုင်ပြီဖြစ်ရာ လုပ်ငန်းသုံးစက်သုံးဆီများ ပိုမိုတင်သွင်းလာနိုင်တယ်လို့ ခန့်မှန်း လျက်ရှိပါတယ်။ MIRT(DOBT)
World Metal Price (US$) Date Sliver/Oz Zinc/Ton Aluminum/Tom Copper/Ton Platinum/Oz 2-July 27.22 1881.60 1877.12 7759.58 1432.00 3-July 27.73 1916.99 1902.21 7889.50 1460.00 4-July 28.06 1949.70 1949.70 7873.15 1480.00 5-July 28.15 1926.18 1926.18 7840.45 1480.00 6-July 27.62 1912.29 1912.29 7798.78 1466.00
Energy NYMEX Energy NYMEX 6-7-2012 Price Change Change% Brent Crude Futr (USD/bbl) 99.96 -0.74 -0.73 Gas Oil Fut (ICE) (USD/MT) 874.75 -7.75 -0.82 Gasoline Rbob Fut (Cent/gal) 275.09 -1.75 -0.63 Heating Oil Futr (Cent/gal) 2.96 0.017 0.58 Natural Gas Futr (USD/MMBtu) 274.33 -2.15 -0.78 WTI Crude Future (USD/bbl.) 86.36 0.86 -0.99
နယ်စပ်ငွေလဲလှယ်နှုန်း ဇူလိုင် ၂၀၁၂ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 2 6.35 31.64 81.85 55.82 3 6.36 31.51 81.75 54.85 4 6.35 31.46 81.79 54.72 5 6.35 31.54 81.83 54.99 6 6.37 31.65 81.83 55.47
World Gold Price July 2012 (USD/OZ) Date NY LandonZurich 2 1595 1569 1570 3 1602 1583 1583 4 1614 1569 1570 5 1614 1575 1575 6 1601 1602 1603 Domestic Gold Price Kyats(Thousand) Date Yangon Mandalay 2-7-2012 727.00 726.50 3-7-2012 732.00 731.30 4-7-2012 736.00 736.20 5-7-2012 734.00 733.80 6-7-2012 734.80 734.00
Currency Exchange Rate JULY 6, 2012 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 0.98 BDT Bangladesh Taka 81.83 CAD Canada Dollars 1.02 CNY China Yuan Renminbi 6.37 EUR Euro 0.81 HKD Hong Kong Dollars 7.75 INR India Rupees 55.47 IDR Indonesia Rupiahs 9395.00 JPY Japan Yen 79.95 MYR Malaysia Ringgits 3.17 PKR Pakistan Rupees 94.26 PHP Philippines Pesos 41.81 RUB Russia Rubles 32.59 SGD Singapore Dollars 1.27 KRW South Korea Won 1139.18 LKR Sri Lanka Rupe 133.77 THB Thailand Baht 31.65 GBP United Kingdom Pounds 0.64 VND Vietnam Dong 20860.00 Source : xe.com