Main menu

Background

Sunday, 29 Jul 2012

       တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယမြောက် ရေနံ စိမ်းသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို များစွာလွှမ်းမိုးနေတယ်။ ယခုသုံးလ ပတ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေး ကွေးကာ ၇ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက် နိုင်တယ်လို့ တရုတ်ဗဟိုဘဏ်  ငွေကြေးမူဝါဒ ကော်မတီမှ အကယ်ဒမစ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့Song Guoqing  က ပြောကြားတယ်။

Sunday, 22 Jul 2012

ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၂၈၄ တန်ကျော်ကို မူဆယ်နဲ့ ချင်းရွှေ ဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အသွင်းရှိခဲ့ရာ  ယခင်အပတ်ကထက် ၃၉၅တန်တင်သွင်းမှု လျော့နည်းခဲ့တယ် လို့ သိရပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှအသွင်းလျော့ပြီး ချင်းရွှေဟော် မှအသွင်းပိုခဲ့တာ ဖြစ်ပါတယ်။ ဖေဖော် ဝါရီလမှ  စတင်တင်သွင်းလျက်ရှိရာ ဖေ ဖော်ဝါရီလမှာ ၂၀၂ တန်၊ မတ်လမှာ ၁၉၂၈ တန်ကျော်၊ ဧပြီလမှာ တန် ၅၀၀ ကျော်၊ မေလမှာ တန် ၂၃၀၀ နီးပါးနဲ့ ဇွန်လမှာ ၁၃၂၄တန်ခန့် တင်သွင်းထား ပြီးဖြစ်ရာ ဇူလိုင်လဝက်ထိ တရုတ်နယ် စပ်စခန်းများမှ  အချိုမှုန့် တန် ၇၂၀၀ ကျော်တင်သွင်းထားပြီးဖြစ်တာ တွေ့ရ ပါတယ်။            MIRT(DOBT)

Sunday, 22 Jul 2012

နို့ဆီ၊ နို့စိမ်းအသွင်းလျော့ပေမဲ့ နို့မှုန့်အသွင်းရှိမြန်မာ-ထိုင်းနယ်စပ်  ကော့သောင်း  မှ နို့ဆီနဲ့  နို့စိမ်းတင်သွင်းမှု ယခင် အပတ်ကထက်  လျော့နည်းတင်သွင်း ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ  နို့စိမ်း ၃၄ ဒသမ ၂၅၄ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ တဲ့ နို့ဆီ တန် ၂၀ ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့စိမ်း ၁၄၆တန်နဲ့ နို့ဆီ ၁၆၂တန် အသွင်း လျော့နည်းခဲ့ပါတယ်။

Sunday, 22 Jul 2012

        အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုနဲ့ အမေရိကန်ပြည်ထောင်စုက စီးပွားရေးတွန်းအားပေး အစီအစဉ်တွေ ဆောင်ရွက်မဲ့ အလားအလာတွေကြောင့် ရေနံစိမ်းဈေးနှုန်းတွေက နှစ်လအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီး နောက် ပိုင်း ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

Sunday, 22 Jul 2012

       ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက ငြိမ်သက်နေခဲ့သည့်   မြန်မာ့ရွှေဈေး သည်  ယခုတစ်ပတ်တွင်လည်း ဆက် လက်ငြိမ်သက်နေ ဆဲဖြစ်ကြောင်း ရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Wednesday, 18 Jul 2012

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန်နှစ်သောင်းငါးထောင်ကျော် တင်သွင်းလိုင်စင်လျှောက်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ကုမ္ပဏီ ၁၀ ခုမှ ဒီဇယ်တန်ချိန် ၂၁၆၇၀ ဒသမ ၀၄ တန်နဲ့ ဓာတ်ဆီ ၄၈၀၀ ဒသမ ၀၁ တန်ကို တင်သွင်းဖို့ လိုင်စင်လျှောက်ထားလာကြတယ်လို့ သတင်း ရရှိပါတယ်။ ယခုတစ်ပတ်အတွင်း လိုင်စင်လျှောက်ထားမှုများပေမဲ့လည်း အမှန်တ ကယ်တင်သွင်းရောက်ရှိတဲ့ စာရင်းတွေအရ ဇွန် ၂၇ ရက်မှ ဇူလိုင် ၂ ရက်အတွင်း မှာတော့ တန်ချိန်က ၂၈၅၀ ဒသမ ၆၇ တန်သာ ရှိခဲ့တယ်လို့ သိရှိရပါတယ်။

Wednesday, 18 Jul 2012

         ပင်လယ်ရပ်ခြားမှ အလုပ်သမားများ အစုလိုက်အပြုံလိုက်ဝင်လာတာကို အများပြည်သူတို့က မကျေမနပ်ပြောလာကြပြီးနောက်ပိုင်း  စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတို့၏ မိသားစုတွေအတွက်တင်းကျပ်တဲ့ စည်းမျဉ်းတွေကို စင်ကာပူကပြဋ္ဌာန်းတော့မှာဖြစ်ပြီး လူဝင်မှုမူဝါဒတွေကို လည်း တင်းကျပ်တော့မှာဖြစ်ပါတယ်။

Wednesday, 18 Jul 2012

           ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းတိုက်ခတ်လာတဲ့ စီးပွားရေးမုန်တိုင်းဒဏ်မှ  ရှေ့ဆောင်နည်းပညာကုမ္ပ ဏီကြီးတွေ အကာ အကွယ်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က တစ်စစလုံးပါး ပါးလျက်ရှိပါတယ်။ Big Tech  သုတေသနအေဂျင်စီက သုံးလပတ်ဝင်ငွေအခြေအနေကို လာမဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ မိုက်ကရို ဆော့ဖ်၊ BM နဲ့ အင်တဲတို့လို ဆော့ဖ်ဝဲနဲ့ ဟတ်ဝဲထုတ်လုပ်တဲ့ အမေရိကန်ရဲ့ အထင်ကရကုမ္ပဏီကြီးတွေရဲ့ အခြေအနေကိုစိတ်ပျက် စရာတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။

Wednesday, 18 Jul 2012

        ဥရောပစီးပွားရေးအကျပ်အတည်း ကအရှေ့ပိုင်းဒေသကို ကူးစက်ပျံ့နှံ့လာ မှာကိုစိုးရိမ်နေပေမဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတွေက ထွက် ပေါ်လာတဲ့သတင်းဆိုးတွေကဒေသတွင်း ရှိ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ယိုင်လဲသွားအောင်  စွမ်းဆောင်နိုင် ခြင်းမရှိခဲ့ပါ။ အနောက်ပိုင်းမှာရှိတဲ့ ပို့ ကုန်ဈေးကွက်  အားနည်းမှုကြောင့် တရုတ်စီးပွားရေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုက သုံးနှစ်ကျော်အတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထား တဲ့ စာရင်းဇယားတွေမှာ ဇူလိုင် ၁၃ ရက်က တွေ့ရပါတယ်။

Wednesday, 18 Jul 2012

    မန္တလေးဈေးကွက်က ဇူလိုင်ပထမပတ်က တစ်ပတ်အတွင်း မြင့်တက်သွားတဲ့ ဓာတ်ဆီဈေးနှုန်းမှာ ဒုတိယပတ် မှာ ပုံမှန်ဈေးကို ပြန်ကျလာကြောင်း ဆီစက်သုံးဆီဈေးကွက်မှ သိရပါတယ်။

Pages