Main menu

Background

Wednesday, 29 Aug 2012

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၄၃၂ ဒသမ ၇၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  လေးသိန်းခုနစ်သောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒွန်းနို့ဆီက ၂၆၂ ဒသမ ၃၀ တန်နဲ့ အိုကေနို့ဆီက ၂၀၆ ဒသမ ၄၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါ တယ်။

Wednesday, 29 Aug 2012

ငွေကြေးတန်ဖိုးများအားနည်းလာခြင်းနဲ့ ငွေကြေးဖောင်းပွလာခြင်း အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ကမ္ဘာအနှံ့ ဘဏ်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးအစားရွှေကို ပြောင်းလဲသိမ်းဆည်းသိုလှောင်ထားဖို့ ရွှေဝယ်လိုအား နှစ်စဉ် မြင့်မားလျက် ရှိတယ်။ အဓိကမှာ တရုတ်နိုင်ငံမှ ရွှေဝယ်လိုအား သိသိသာသာမြင့်မားလာခဲ့တယ်။

Wednesday, 29 Aug 2012

မြန်မာ့ရွှေဈေးသည် နေ့စဉ်အတက် အကျများရှိနေသော်လည်း အတက် ဘက်သို့သာဦးတည်ေ နကြောင်း မြန်မာ့ ရွှေဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရ သည်။

Wednesday, 29 Aug 2012

ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသည့် ငွေလဲနှုန်းများနှင့် ပုဂ္ဂလိကဘဏ်များ ၏ ငွေလဲစင်တာများရှိငွေလဲနှုန်းများတွင် ဝယ်ဈေးထက် ရောင်းဈေးတွင် အနည်းငယ်ကွာဟလျက်ရှိကြောင်း သိရသည်။သိမ်ဖြူ ငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျင် ရောင်းဈေး ၈၇၆ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ဖြင့် ရောင်းဝယ်နေချိန်တွင် ပြင်ပငွေလဲဈေးကွက်၌ ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Wednesday, 29 Aug 2012

သီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၄၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၃၄၉၄၀ ဒသမ ၂၃ တန်၊ စုစုပေါင်း ၃၉၄၄၀ ဒသမ ၂၃ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ  တင် သွင်းရန်အတွက် ကုမ္ပဏီ ခုနစ်ခုမှ သွင်းခွင့်လိုင်စင် လျှောက်ထားလာတယ်လို့ သိရပါတယ်။

Monday, 27 Aug 2012

မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ် ၁ ရက်မှ ၇ ရက် ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၂၁၀ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၂၀၀ ကျော်ကို မူဆယ်နဲ့ ၉ တန် ကို ချင်းရွှေဟော်နယ်စပ်တို့မှ အသွင်းရှိ ခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှု ထက် ၄၅၇  တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။   MIRT(DOBT) 

Monday, 27 Aug 2012

မြန်မာ-ထိုင်းနယ်စပ်ရှိကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်း တန်ဖိုးရှိ နို့စိမ်း ၅၁ ဒသမ ၇၄၄ တန်ကို သြဂုတ် ၁ ရက်မှ ၇ ရက် အတွင်းမှာ အသွင်းရှိခဲ့သော်လည်း နို့ဆီ တော့ ယခုအပတ်မှာ အသွင်းမရှိခဲ့ပါဘူး။  ကော့သောင်းနယ်စပ် နို့စိမ်းပေါက်ဈေး ကတော့ ၁ တာကို ၂၇၈၄၀ ကျပ်၊ တစ်ဖက်နယ်စပ်ဈေး ဘတ် ၆၂၀ (ဒေါ် လာ ၂၀ ကျော် ခန့်) ဖြစ်ပါတယ်။ မူ ဆယ်နယ်စပ်မှ ယခုအပတ်မှာ  ကန် ဒေါ်လာ သုည ဒသမ ၀၃၅ သန်း တန် ဖိုးရှိ နို့မှုန့် ၁၂ တန်ကျော် အသွင်းရှိခဲ့ ပါတယ်။  မူဆယ်နယ်စပ်မှာ နို့မှုန့်တစ် တန်ကို ၄၁၆၄  ဒေါ်လာဝန်းကျင် ဈေး ပေါက်လျက်ရှိပါတယ်။       MIRT(DOBT)

Monday, 27 Aug 2012

ဇူလိုင်လအတွင်း   အမေရိကန်ရဲ့ အလုပ်အကိုင် ခန့်ထားမှုနှုန်းက ခန့်မှန်း ထားတဲ့ပမာဏထက် ပိုမိုခဲ့ခြင်း၊ ကာရေ ဗီယံပင်လယ်ရှိ အပူပိုင်းမုန်တိုင်း အာ နက်စတိုက ဟာရီကိန်းအဖြစ် အရှိန်  ပြင်းလာနိုင်ပြီး မက္ကဆီကိုပင်လယ်ကွေ့ ကို မကြာမီရက်များအတွင်း ရောက်ရှိ လာနိုင်ကာ ရေနံထုတ်လုပ်မှုကို ထိခိုက် စေမယ်လို့ ခန့်မှန်းကြခြင်းနဲ့  အီရန်ရဲ့ ရေနံထုတ်လုပ်မှုများစွာကျဆင်းခြင်းတို့ ကြောင့် သြဂုတ်လဆန်း ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းေ တွ မြင့်မားလာတယ်။

Monday, 27 Aug 2012

ယခင် ရက်သတ္တပတ်များအတွင်းက ငြိမ်သက်နေခဲ့သည့်မြန်မာ့ရွှေဈေးသည်  ယခုတစ်ပတ်တွင်  ပြန်လည်လှုပ်ရှား သက်ဝင်လာခဲ့သည်။မြန်မာ့ရွှေဈေးသည်  ယခုတစ်ပတ် တွင် အတက်ဘက်သို့ဦးတည်လာခဲ့ရာ သြဂုတ် ၁၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ကျပ် ၇၃၇၀၀၀ သို့ ရောက်ရှိလာခဲ့သည်။ ပြည်တွင်းငွေလဲနှုန်း  ငြိမ်သက်နေ သော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာ မှုကြောင့်မြန်မာ့ရွှေဈေးတက်လာရခြင်း ဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ဆို သည်။မြန်မာ့ရွှေဈေးသည် သြဂုတ် ၄ ရက် က ကျပ် ၇၃၄၈၀၀ ရှိခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ကျပ် ၇၃၆၅၀၀ သို့ မြင့် တက်လာခဲ့သည်။ သြဂုတ် ၁၀ ရက်တွင် ကျပ် ၇၃၇၀၀၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ထို့ပြင်ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၄ ရက်တွင် တစ်အောင်စလျင် ၁၆၀၄ ဒေါ်လာရှိခဲ့ရာမှ သြဂုတ် ၁၀ ရက်တွင် ၁၆၁၆ ဒေါ်လာသို့ တက်လာခဲ့သည်။" ဒီတစ်ပတ်မှာ  မြန်မာ့ရွှေဈေးက အတက်ပြလာခဲ့တယ်။ အဲဒီလိုအတက် ပြလာခဲ့လို့လည်း ဝယ်ရောင်းတွေ ပြန် ပြီးလှုပ်ရှားလာတယ်။  တက်ရိပ်ပြလာ တဲ့အတွက် ဝယ်သူတွေ  များလာတာ ပေါ့။ ရောင်းတဲ့သူက  ဝယ်တဲ့သူထက် နည်းတယ်။ အထည်ဝယ်တဲ့သူကတော့ ပုံမှန်လောက်ပါပဲ။  ဒီပုံစံအတိုင်းဆို မြန်မာ့ရွှေဈေးက တက်လိမ့်ဦးမယ်လို့ မှန်းရတာပဲ။ ဥရောပဘက်မှာစီးပွားရေး အခြေအနေတွေ မကောင်းပေမယ့် အို လံပစ်ပွဲကြောင့် ရွှေဈေးပြန်တက်လိမ့် မယ်လို့ ခန့်မှန်းနေကြတာဆိုတော့ ကမ္ဘာ့ရွှေဈေးတက်တာနဲ့ မြန်မာ့ရွှေဈေး က လိုက်တက်တော့မှာ" ဟု ရွှေလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။မယ်သီတာ

Monday, 27 Aug 2012

အမေရိကန်ဗဟိုဘဏ်နဲ့ အီးယူ ဒေသဗဟိုဘဏ်တွေအနေနဲ့ စီးပွားရေး လှုံ့ဆော်မှုစီမံကိန်းတွေ ချမှတ် ဆောင် ရွက်သွားလိမ့်မယ်လို့ ခိုင်ခိုင်မာမာ ခန့်မှန်းလာကြခြင်းနဲ့ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေ မြင့်မားလာခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက် သဘာဝရော်ဘာ ဈေး နှုန်း တွေက ယခင်သီတင်းပတ် ဈေးနှုန်း တွေနဲ့ယှဉ်ရင် အနည်းငယ်မြင့်မားလာ တယ်။

Pages