Main menu

Background

Monday, 3 Sep 2012

သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ် ရှိ ကော့သောင်းနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန် ဖိုးရှိ နို့စိမ်း ၅၆ တန်ခန့် အသွင်းရှိခဲ့ ပါတယ်။ ယခင်အပတ်အတိုင်း တင် သွင်းခဲ့ပြီး ယခုအပတ်မှာ ကော့သောင်း မှ နို့ဆီအသွင်းမရှိသလို မူဆယ်နယ်စပ် မှလည်း နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ သြ ဂုတ်လမှာ နယ်စပ်မှ နို့စိမ်း ၃၈၅ တန် ခန့် တင်သွင်းနိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်း ယှဉ်ပါက ၁၁၁ တန်ကျော် လျော့နည်း တင်သွင်းခဲ့ပါတယ်။ လအလိုက် တင် သွင်းမှုတွေကို  ဖော်ပြပေးလိုက်ရပါ တယ်-

Monday, 3 Sep 2012

ယခုတစ်ပတ်တွင်  မြန်မာ့ရွှေဈေး ကွက်သည် အကျဘက်သို့ ဦးတည်နေ သော်လည်း အကျနှေးနေသည်ကိုတွေ့ ရှိရသည်။

Monday, 3 Sep 2012

ပင်လယ်ရေကြောင်းလမ်းမှ တန် လေးသောင်းနီးပါး အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း ဓာတ်ဆီ တန်ချိန် ၃၁၀၀ တန်နဲ့ ဒီဇယ်တန်ချိန် ၃၅၂၉၃ ဒသမ ၃၁ တန်ကို ကုမ္ပဏီ ၁၂ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။

Monday, 3 Sep 2012

မြင့်မားလာတဲ့ ရေနံစိမ်းဈေးနှုန်းတွေကြောင့် G7  နိုင်ငံတွရဲ့စီးပွားရေးကို ခြိမ်းခြောက်မှုတွေဖြစ်စေနိုင် ရာ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေမှ ရေနံထုတ် လုပ်မှုမြှင့်တင်သွားဖို့ G7  အဖွဲ့ဝင်နိုင်ငံတွေက မေတ္တာရပ်ခံလိုက်တယ်လို့ အမေရိကန်ငွေတိုက်ဌာနက သြဂုတ် ၂၉ ရက်မှာထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် တစ်စောင်မှာ ဖော်ပြထားတယ်။

Friday, 31 Aug 2012

သြဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိကာ လအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်  နယ်စပ်ကုန် သွယ်ရေးစခန်းများမှကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၈၆ တန် တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၁၇၈ တန်နဲ့ ချင်းရွှေဟော်မှာ ၇ တန် ခွဲသာ တင်သွင်းခဲ့ပြီး ယခင်အပတ် တင် သွင်းမှုထက် ၁၄၁ တန်ကျော် လျော့ နည်းခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ကျရေများ စီးဆင်းနေမှု ကြောင့် လားရှိုးတွင် ရေလွှမ်းမိုးမှုများ ရှိခဲ့သဖြင့် ယခုအပတ်ကုန်စည်စီးဆင်း မှုကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။  တစ် ဖက်နိုင်ငံပေါက်ဈေးမှာ တစ်ကီလို ၈၄၀ ကျပ်ဖြစ်ပြီး  မိမိဘက်ပေါက်ဈေးမှာ တစ်ကီလို ၈၅၀ ကျပ်ဖြစ်ပါတယ်။             MIRT(DOBT)

Friday, 31 Aug 2012

ဒွန်းနဲ့အိုကေနို့ဆီခြောက်ရာကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နို့ဆီ ၆၄၁ ဒသမ ၆၇၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့  အိုကေနို့ဆီ ၈၉ ဒသမ ၈၅၆ တန်နဲ့ ဒွန်းနို့ဆီ ၅၅၁ ဒသမ ၈၁၅ တန်ကို မှာယူတင်သွင်းတာ တွေ့ရပါတယ်။

Friday, 31 Aug 2012

မြန်မာ့ရွှေဈေးသည်    တစ်ပတ် အတွင်း ကျပ်တစ်သောင်းခွဲကျော်အထိ မြင့်တက်ခဲ့မှုကြောင့်   ရွှေဈေးကွက်   အတွင်း လှုပ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

Friday, 31 Aug 2012

ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှင့် တရားဝင်ငွေလဲစင်တာများရှိ ဈေးနှုန်းများတွင် ရောင်းဈေးမှာ ကွာဟလျက်ရှိကြောင်းသိရ သည်။ ပြင်ပငွေဈေးကွက် တွင် စင်တာများထက် ရောင်းဈေးမှာ ၁၀ ကျပ်ခန့်လျော့နည်း၍ ရောင်းချသော် လည်း ငွေလဲစင်တာများတွင်သာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

Friday, 31 Aug 2012

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် နှစ်သောင်းငါးထောင်ကျော်သာဝင်သီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၂၈၀၀ တန်နဲ့ ဒီဇယ် ၂၂၅၉၀ တန် စုစုပေါင်း ၂၅၃၉၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းရန်အတွက် ကုမ္ပဏီ ကိုးခုမှ သွင်းခွင့်လိုင်စင် လျှောက်ထားလာတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် လိုင်စင်လျှောက်ထား တန်ချိန်မှာ သုံးသောင်းကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ သွင်းခွင့်လိုင် စင်လျှောက်ထားတန်ချိန်မှာ  တစ်သောင်းလေးထောင်ကျော် လျော့နည်းခဲ့ပါတယ်။

Wednesday, 29 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်  နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ  အချိုမှုန့်များကို မူဆယ်မှ ၂၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၉၂ တန်ခွဲ သြဂုတ် ၈ ရက်မှ ၁၄ ရက် ထိ  ကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၈၃ တန် ကျော် အသွင်းပိုခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Pages