Main menu

Background

Monday, 9 Jul 2012

    အိန္ဒိယအစိုးရက တရုတ်နို့နဲ့ နို့ထွက်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း  သိရပါတယ်။ ယင်းကြေငြာချက်ကို ပြည်ပကုန်သွယ်ရေးဌာနမှ ဇူလိုင် ၂ ရက်မှာ ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်တိုင်အောင် ပိတ်ပင်ထားခြင်းကို ဆက်လက်ပိတ်ပင်သွားဖို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တင်သွင်းမှုတားမြစ်ထားတဲ့အထဲ မှာ ချောကလက်၊ ချောကလက်ထုတ်ကုန် နို့ သို့မဟုတ် နို့ထွက်ပစ္စည်းနဲ့ပြုပြင်ထားတဲ့ သကြားလုံး၊ သကြားမုန့်နဲ့ အခြားစားသောက် ကုန်များ ပါဝင်တယ်လို့ သိရပါတယ်။

Sunday, 8 Jul 2012

၂ .၇ .၂၀၁၂ ရက်နေ့ထုတ် ကောမတ်စ် ဂျာနယ် အတွဲ ၁၂ ၊ အမှတ် ၂၅  တွင် ဖော်ပြခဲ့သော မြန်မာ့စက် သုံးဆီ တင်သွင်းမှု သတင်းတွင် တင်သွင်း မှု အခြေအနေဖော်ပြသည့် ဇယား၌ ဒီဇယ်/ ဓာတ်ဆီ တင်သွင်းမှုပမာဏ ဖော်ပြရာတွင် ကီလို အစား တန်ချိန် ဟု ပြင်ဆင်ဖတ်ရှု ပါရန် မေတ္တာရပ်ခံအပ်ပါသည်။အယ်ဒီတာ

Sunday, 8 Jul 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၉ သန်း တန်ဖိုးရှိ အချိုမှုန့် ၂၃၉ တန်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက် ထိကာလအတွင်းမှာ  အသွင်းရှိခဲ့ပါ တယ်။ ချင်းရွှေဟော်နယ်စပ်မှ ယခု အပတ် အချိုမှုန့် အသွင်းမရှိခဲ့ပါဘူး။ ဧပြီလမှ ဇွန်လထိ သုံးလတာကာလ အတွင်းမှာ နယ်စပ်မှ အချိုမှုန့် တန် ၄၁၂၇ တန်ခန့် တင်သွင်းထားပြီးဖြစ်ပါ တယ်။                         MIRT(DOBT)

Sunday, 8 Jul 2012

ဒွန်း၊ မာရီဂိုးနဲ့ အိုကေတံဆိပ်များဝင်ဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း နို့ဆီ ၇၇၅ ဒသမ ၉၄ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်း ခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီတွေက ဒွန်းတံဆိပ်နို့ဆီက ၃၉၃ ဒသမ ၄၅ တန်၊ မာရီဂိုးနို့ဆီက ၂၂၈ ဒသမ ၃၈၄ တန်နဲ့ အိုကေတံဆိပ်နို့ဆီ က ၁၅၄ ဒသမ ၁၀၃ တန်ဖြစ်ပါတယ်။ ယခင်တစ် ပတ်နို့ဆီတင်သွင်းမှုမရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ အင်တိုက်အား တိုက်နဲ့ တင်သွင်းလာတာကို တွေ့ရ ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ တင် သွင်းခြင်းမရှိခဲ့ပါဘူး။ နို့မှုန့်က ဒီတစ် ပတ်မှာတော့ မလေးရှားနိုင်ငံမှ ၁ ဒသမ ၈၀ နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၇၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာ ၂၁ တန်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တင်သွင်းမှုက တန် ချိန်လျော့နည်းခဲ့ပါတယ်။

Sunday, 8 Jul 2012

    ယခုတစ်ပတ်အတွင်းတွင် ကမ္ဘာ့ ရွှေဈေးသည် တက်ရိပ်ပြခဲ့ပြီးမှ  ပြန်လည် ကျဆင်းလာခဲ့သော် လည်း မြန်မာငွေလဲလှယ်နှုန်း  မြင့်တက် လာခြင်း ကြောင့် မြန်မာ့ရွှေဈေးမှာ  ကျသင့် သည့်နှုန်းထားသို့မကျဆင်းဘဲ အနည်း ငယ်သာကျ ဆင်းခဲ့ကြောင်း သိရသည်။

Sunday, 8 Jul 2012

        အီးယူဒေသစီးပွားရေးကျဆင်းမှု ပိုမိုလာတဲ့လက္ခဏာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံစိမ်းဝယ်ယူထားတဲ့စာချုပ်တွေ ကို ဈေးမြင့်နေတဲ့ကာလ အတွင်း ပြန်လည်ရောင်းချမှုများလာရာ ဇူလိုင် ၂ ရက် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာတယ်။ မေလအတွင်း အီးယူဒေသ အလုပ်လက်မဲ့နှုန်းက ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖွယ်ရှိရာ ဧပြီလအလုပ်လက်မဲ့နှုန်းဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းထက် ပိုမိုခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံး အလုပ် လက်မဲ့နှုန်းဖြစ်တယ်လို့ သိရတယ်။

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ အချိုမှုန့် ၂၀၅ တန် ခန့် အသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၁၄၃ တန်ခန့်နဲ့ ချင်းရွှဟော်မှ ၆၂ တန် ဖြစ်ပါ တယ်။ယခင်အပတ်ကထက် တန် ၃၀၀ ခန့် အသွင်းလျော့ခဲ့ပါတယ်။  MIRT(DOBT)

Sunday, 1 Jul 2012

မာရီဂိုးနဲ့ ဒွန်းတံဆိပ်များဝင်ခဲ့စင်ကာပူနိုင်ငံထုတ် မာရီဂိုးနို့ဆီ ၆၈ ဒသမ ၅၁၅ တန်နဲ့ ီသတည တံဆိပ်နို့ဆီ ၁၁၄ ဒသမ ၁၉၂ တန်၊ စုစုပေါင်း ၁၈၂ ဒသမ ၇၀၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် တန်ချိန်သုံးရာ့ရှစ်ဆယ်ကျော် တင် သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ချိန် နှစ်ရာကျော်လောက် အဝင်နည်းခဲ့ ပါတယ်။

Sunday, 1 Jul 2012

    ယခုတစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် အတက် ကြမ်းလျက်ရှိသော်လည်း မြန်မာ့ရွှေဈေး မှာ မျှော်မှန်း သလောက်တက်လာခဲ့ခြင်း မရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက  အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၁၆၀၀၀  ရှိခဲ့ သော်လည်း  ယခုတစ်ပတ်တွင် ကျပ် ၇၁၇၅၀၀ ဖြင့် ဈေးဖွင့်ခဲ့သည်။

Sunday, 1 Jul 2012

နယ်စပ်မှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ အသွင်းလျော့နယ်စပ်စခန်းများမှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ နယ်စပ်မှ ဓာတ်ဆီနှင့် ဒီဇယ်ဆီ တင်သွင်းမှုမှာ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၀၉၇၈ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၁ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၆၂၇၆၇ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ဓာတ်ဆီ ၂၃၉၄၇ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၉၁၀၈ ဂါလန် အသွင်းလျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီတင် သွင်းမှုကတော့ တာချီလိတ်မှ ၁၃၈၆၀ ဂါလန်၊ မြဝတီမှ ၉၂၄၀ ဂါလန်နဲ့ ချင်းရွှေ ဟော်မှ ၇၈၇၅ ဂါလန်၊ ဒီဇယ်ဆီတင်သွင်းမှုကတော့ တာချီလိတ်မှ ၃၆၅၁၇ ဂါလန် နဲ့ မြဝတီမှ ၂၆၂၅၀ ဂါလန် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Pages