Main menu

Background

Monday, 27 Aug 2012

ဖြေလျော့ တင်သွင်းခွင့်ပြုထားတဲ့ စားသောက်ကုန် ငါးမျိုးအနက် အများ ဆုံးတင်သွင်းနေတဲ့ စားသောက်ကုန်က တော့ အချိုမှုန့်ဖြစ်ပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများက တင်သွင်းနေတာ ဖြစ်ပါ တယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ၆၅၇ တန် ကျော်နဲ့ ချင်းရွှေဟော်မှ ၁၀ တန် တန် ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၆၆၄ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၂၁၆ တန် အသွင်းပိုခဲ့ပါတယ်။ ဇူလိုင်လ တစ်လလုံးမှာ အချိုမှုန့် တန် ၂၀၈၀ ကျော်ကို  တရုတ်နယ်စပ်စခန်းများမှ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။  ဧပြီလမှ ဇူလိုင်လကုန်ထိ အချိုမှုန့်တင်သွင်းထား မှုကတော့ ၄၁၄၈ တန်ကျော်ရှိပြီး ဇူလိုင် လတင်သွင်းမှုက ပမာဏအများဆုံးဖြစ် ပါတယ်။              MIRT(DOBT)

Monday, 27 Aug 2012

ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်တာ  ကာလအတွင်း နို့ဆီ ၇၅၅ ဒသမ ၃၇၆ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။

Monday, 27 Aug 2012

ယခုတစ်ပတ်အတွင်းတွင်  အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်နေ သော်လည်း  ကမ္ဘာ့ရွှေဈေးနှုန်းသည် အကျဘက်သို့ ဦးတည်ခဲ့သဖြင့် မြန်မာ့ ရွှေဈေးနှုန်းလည်း  အနည်းငယ်ပြန်ကျ လာခဲ့သည်။

Monday, 27 Aug 2012

ယခုတစ်ပတ်အတွင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ငွေလဲနှု န်းငြိမ် သက်နေရခြင်းမှာ ဝယ်လိုအားနှင့်ရောင်းလိုအား မျှခြေတွင်ရှိနေခြင်းကြောင့်ဖြစ်သည် ဟု ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုတစ်ပတ်ငွေလဲနှုန်းသည်ယခင် တစ်ပတ်ကနှင့်နှိုင်းယှဉ်လျှင် ကွာဟမှုသိပ်မရှိခဲ့ပေ။ ဇူလိုင် ၂၇ ရက်က ရောင်းဈေး ၈၇၅ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ရှိခဲ့သည့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် သြဂုတ် ၃ ရက်အထိ ပြောင်းလဲမှုမရှိဘဲ ဆက်လက် ငြိမ်သက်နေသည်ကို တွေ့ရှိရသည်။ ထို့ပြင်ပြင်ပငွေလဲဈေးကွက်တွင်လည်း သြဂုတ် ၃ ရက်တွင် ရောင်းဈေး ၈၇၀ ကျပ် ဝယ်ဈေး ၈၆၅ ကျပ် ရှိခဲ့သဖြင့် ငွေလဲနှုန်းများကွာဟမှုမရှိခဲ့သည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲ လှယ်သူများသည် ယခင်ကကဲ့သို့ ပြင်ပ ဈေးကွက်ကို အားကိုးအားထားပြုမှု နည်းပါးသွားသည့်အတွက်ကြောင့်ဖြစ်ရကြောင်း ပြင်ပငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"ဟိုအရင်ရက်တွေတုန်းက ငွေလဲနှုန်းတွေတက်လာတော့ ဒီနေရာမှာငွေလဲတဲ့သူတွေ တော်တော်များတယ်။ ကျွန်တော်တို့ က ငွေလဲစင်တာထက် နည်းနည်းပိုပေးတော့ ကျွန်တော်တို့ဆီမှာပဲ လာလဲကြတယ်။ စင်တာမှာကသွားရင် မသေချာတော့ ဒီကိုပဲလာကြတာ။ ဒါပေမယ့် အခုနှစ်ပတ်လောက်ရှိ ပြီ။ ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်ပါးသွားတယ်။ စင်တာဈေးနဲ့ကျွန် တော်တို့အပြင်ဈေးနဲ့က သိပ်မကွာတော့ စင်တာမှာပဲ သွားလဲကြတော့တာ"ဟု ပြင်ပငွေလဲဈေးကွက်အတွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။                                                                                         မယ်သီတာ
 

Wednesday, 1 Aug 2012

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာကာ လအတွင်း ဓာတ်ဆီ ၁၄၉၉ ဒသမ ၉၈ တန်နဲ့ ဒီဇယ် ၄၆၉၆၀ ဒသမ ၅၆၁ တန် စုစုပေါင်းတန်ချိန် ၄၈၄၆၀ ဒသမ ၅၄၅ ကိုကုမ္ပဏီနှစ်ခုမှ တင်သွင်းခွင့်လိုင်စင် လျှောက်ထားလာ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ကုမ္ပဏီ ၁၀ ခုမှ တင်သွင်းခွင့်လိုင်စင်လျှောက်ထားတဲ့တန်ချိန်မှာ ငါးသောင်း သုံးထောင်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်လိုင်စင်လျှောက်ထားမှုတန်ချိန်မှာ တန် ငါးထောင်တစ်ရာေ ကျာ် လျော့နည်းပြီး လျှောက်ထားတာတွေ့ရပါတယ်။

Sunday, 29 Jul 2012

              ကမ္ဘာ့ဒုတိယမြောက် ဆန်နဲ့ ဂျုံထုတ်လုပ်မှု အများဆုံးအိန္ဒိယမှာ လက်ရှိ မုတ်သုံရာသီကာလ မိုးရေရရှိမှုက သာမန်အောက်ရောက်နေ တယ်။ ဒါကြောင့် မိုးရေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်အပါအဝင် ပြည်တွင်း ကောက်ပဲသီးနှံအချို့ ထုတ်လုပ်မှုမှာ အစိုးရရဲ့ရည်မှန်း ချက်အောက် ၄ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနိုင်ကြောင်း၊

Sunday, 29 Jul 2012

     အပြည်ပြည်ဆိုင်ရာ  အသိုင်း အဝိုင်းမှ ရင်းနှီးမြှုပ်နှံသူများ အသုံးပြု နိုင်ဖို့အတွက်  မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာမီပြဌာန်းတော့မှာ ဖြစ်တဲ့အတွက် သတ္တုတူးဖော်ရာမှာ ပွင့် လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ လုံခြုံမှု အာမခံချက်ရှိရှိဖြင့် သတ္တုတူးဖော် ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံက အချက်ပြလျက်ရှိတာကို ဇူလိုင် ၂၅ ရက်က ထုတ်ပြန်တဲ့ မီဒီယာ သတင်းများအရ သိရကြောင်းရှင်ဝှာ သတင်းဌာနတွင်ဖော်ပြထားသည်။

Sunday, 29 Jul 2012

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၁ သန်းတန်ဖိုးရှိ အချိုမှုန့်များကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။  နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၅၃ တန်နဲ့ ချင်းရွှေဟော်မှ ၉၈ တန် အသီး သီးတင်သွင်းပါတယ်။ ချင်းရွှေဟော်မှ ယခင်အပတ်  တင်သွင်းမှုထက် တန်  ၃၀ တင်သွင်းမှု  လျော့ခဲ့သော်လည်း မူဆယ်နယ်စပ်မှ ၁၉၆ တန်ခွဲ  ပိုမိုတင် သွင်းခဲ့ပါတယ်။ချင်းရွှေဟော်နယ်စပ်မှာ အချို မှုန့် တစ်တန်ကို ၈၄၀၀၀၀ ကျပ်နဲ့ မူဆယ်နယ်စပ်မှာ အချိုမှုန့် တစ်တန်ကို ၁၃၅၀၀၀၀ ကျပ် ဈေးအသီးသီးပေါက် လျက်ရှိပါတယ်။  MIRT(DOBT) 

Sunday, 29 Jul 2012

ဒီတစ်ပတ် နို့ဆီ/စိမ်း အဝင်နည်းဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၁၅ ရက် မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၇၃ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်၊ နို့စိမ်း ၁၈၂ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ   တစ်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒွန်းတံဆိပ်နို့ဆီနဲ့ လပ်ကီးကောင်းနို့စိမ်းတို့ကို တင်သွင်းခဲ့ တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် နို့ဆီအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ၁၅၀ ကျော်နဲ့ နု့ိစိမ်းက တန်ချိန် တစ်ရာကျော် အဝင် လျော့နည်းခဲ့တယ်လို့  သိရပါတယ်။ယခင်သီတင်းပတ်များက  တင်သွင်းမှု ဆက်တိုက်ရှိခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာ တင်သွင်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။MIRT(DOT)

Sunday, 29 Jul 2012

    ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ငြိမ်သက်နေခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းခဲ့သော်လည်း မြန်မာ့ရွှေဈေးမြင့်တက်လာခဲ့မှုကြောင့် ပြည်တွင်းဈေး ကွက်တွင် ရွှေရောင်းလိုအားများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Pages