Main menu

Background

Monday, 2 Sep 2024

ဖိလစ်ပိုင်နိုင်ငံသည် Costa Rica ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ  ဝယ်လိုအားမြင့်တက်လာမှုကြောင့် ပမာဏ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ်တွင် နာနတ်သီးမက်ထရစ် တန်ချိန် ၆၀ဝ၀ဝ၀ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ပမာဏကထက် ၂ ဒသမ ၇ ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှပြောကြားခဲ့သည်။

Monday, 2 Sep 2024

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု  စာချွန်လွှာအား  မြန်ဆန်စွာ အကောင်အထည် ဖော်ရေး   သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။

Tuesday, 6 Aug 2024

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ အပါအဝင် အဓိကဈေး ကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်း၊ ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားဖွယ်ရှိပြီး ဘတ်ငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်း စသည့် အခြေအနေများအရ ထိုင်းနိုင်ငံ ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ ယခင်ခန့်မှန်းထားသည့် တန်ချိန် ၇ ဒသမ ၅ သန်းကို ကျော်လွန်လျက် တန်ချိန် ၈ ဒသမ၂ သန်း အထိ တင်ပို့နိုင်ဖွယ်ရှိမည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

Tuesday, 6 Aug 2024

ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ အာရုံ စိုက်ခြင်းခံခဲ့ရသည့် ရန်ကုန်အိမ် ခြံမြေဈေးကွက် ယခုနှစ် သြဂုတ်လအတွင်း အရောင်းအဝယ် အေးစက်နေကြောင်း သိရသည်။  ပြည်တွင်းအိမ်ခြံမြေဝယ်ယူမှုနှုန်းသည် ၂၀၂၂ ခုနှစ်မှစတင်ကာ ငွေပို ငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုကြောင့် ဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း အရောင်းအဝယ် တုံ့ဆိုင်း နေခြင်းဖြစ်သည်။  "ရန်ကုန် အိမ်ခြံမြေကတော့ လောလောဆယ် အရောင်းအဝယ်က အေးနေတယ်။ မြေကွက်ဈေးတွေက မြင့်တက်တော့ ဝယ်လိုအားက သိပ်မရှိ ဘူး။ အရောင်းအဝယ်ဖြစ်ရင်လည်း တိုက်ခန်းတွေလောက်ပဲ ဖြစ်တယ်။ရောင်းသူတွေကလည်း နဂိုတက်

Monday, 1 Jul 2024

ယခုနှစ်   အစောပိုင်းမှစ၍ မေလအထိ အိန္ဒိယ ပို့ကုန်ဈေးကွက်အဆိုအရ အိန္ဒိယ ပို့ကုန် ဈေးကွက် ၉ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးတက်မှုရှိပြီး ပို့ကုန်များအနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ၊ ဖုန်းနှင့်   ဖုန်းအပိုပစ္စည်းများ  ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ သတင်းအချက်အလက် ဒေတာ များအရ သိရှိရသည်။

Monday, 1 Jul 2024

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူလိုသည့်  တောင်သူများအတွက် ှုဲဃဗ ွှတသ - ှအနစ ူသညေ ဖြင့် ငွေကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရ သည်။
]]ထုတ်ချေးတဲ့အခါ တောင်သူတွေကို ငွေပေးလိုက်မှာ မျိုးမဟုတ်ဘဲ သူတို့ဝယ်ယူလိုတဲ့ လယ်ယာသုံး စက်ကိရိယာ ရောင်းချတဲ့ ကုမ္ပဏီကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေပေးချေပေးမှာဖြစ်ပါတယ်}}ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Monday, 3 Jun 2024

Asia Pacific Business Group Publicကုမ္ပဏီလီမိတက်မှ ရန်ကုန်စတော့အိတ်ချိန်း၏ Pre Listing Board(PLB))တွင် မှတ်ပုံ တင်ဝင်ရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ 

Tuesday, 7 May 2024

တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီး တင်ပို့ရာတွင် လမ်း ကြောင်း အခက်အခဲနှင့် အချိန်ကြန့်ကြာမှုများ မဖြစ်ပေါ်စေ ဘဲ လျင်လျင်မြန်မြန် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့်  တရုတ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့တို့ ဆွေးနွေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
သရက်သီးတင်ပို့ရာ လမ်းကြောင်းတစ်လျှောက် မည် သည့်အခက်အခဲမှမရှိဘဲ  လျင်မြန်စွာ တင်ပို့ခွင့်ရရှိရေး အတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိတွင် သရက်ကား အစီးရေ သုံးစီးခန့် စမ်းသပ်တင်ပို့မှု လုပ်ဆောင်ထားကြောင်း သရက်ကုန်သည်တစ်ဦးက မေ ၁ ရက်တွင် ပြောသည်။

Monday, 6 May 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း ပြည်ပဈေးကွက် ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက် တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ြှနျြ ဈေးရောင်းပွဲတော်ကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်ထိ ကျင်းပခဲ့ သည်။ 

Monday, 6 May 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဒက္ခိဏသီရိမြို့မဈေး၌ နေပြည် တော်ကောင်စီ၏     လမ်းညွှန်မှုဖြင့် အလုပ်သမားနေ့    အထိမ်းအမှတ် နေပြည်တော်MSMEs  ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်  ဖွင့်ပွဲအခမ်းအနား ကို မေ ၁  ရက်က ကျင်းပခဲ့သည်။

Pages