Background
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် ပဲစင်းငုံကို နှမ်း သို့မဟုတ် နေကြာတို့နှင့် သီးညှပ်စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက် ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် တရုတ်အကောက်ခွန်ဌာန၌ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် Sanitary and Phyto- sanitary – SPS Protocol ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတစ်ခုကို ဇွန် ၁၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် တစ်လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် အကောင်းဆုံးအချိန်သည် ပန်းပွင့်ပွင့်ပြီး (၅ /၆)
ရော်ဘာ
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၁၇ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၄၈၇၀ ကျော်တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၅၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၆၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀ဝ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀ ကျော်နှင့် ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ တင်ပို့ကြောင်း သိရသည်။
ဓာတ်မြေသြဇာ
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၂ ဒသမ ၅၅၇ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၈၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၁၁၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပဲတီစိမ်း မတ်ပဲ နှင့် ပဲစင်းငုံတန်ချိန် စုစုပေါင်း ၁၄၈၂၂၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း
ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ရော်ဘာဈေးလည်း လိုက်ပါမြင့်တက်လျက်ရှိကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာ့ရော်ဘာဈေးမှာ နိုင်ငံတကာပေါက်ဈေးအပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ဒေါ်လာ ၁၆၅၀ မှ ၁၇၀ဝ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါအသင်း အတွင်း ရေးမှူး ဦးခိုင်မြင့်က မေ ၃၁ ရက်တွင် ပြောသည်။
အိန္ဒိယကုမ္ပဏီတစ်ခုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၌ စက်သုံးဆီ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန် ပြင်ဆင် နေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါကုမ္ပဏီသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ Numaligarh Refinery Limited (NRL)အမည်ရှိ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီဆိုင်များ လာ ရောက်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသကြားဈေးမှာ လာမည့်ကြံရာသီ ၌ လက်ရှိ ပေါက်ဈေးထက် ကျဆင်းနိုင်ခြေ မရှိ ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။
ပြည်တွင်း သကြားစားသုံးမှုနှင့် ထုတ်လုပ်မှု လုံလောက်ပြီး ပြည်ပသို့ တင်ပို့မှုများရှိရာ ကမ္ဘာ့ သကြားဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း သကြားဈေးများလည်းမြင့်တက်လျက်ရှိပြီးလာမည့် ကြံရာသီ သကြားဈေးကွက်တွင် လက်ရှိပေါက်ဈေး ထက် ဈေးနှုန်းနိမ့်ကျနိုင်ခြေမရှိကြောင်း အဆိုပါ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက မေ ၃၁ ရက် တွင် ပြောသည်။