Main menu

Background

Wednesday, 29 Jun 2016

          ဒေလီမှအစပြုပြီး တိုကျိုအထိ အာရှ တစ်လွှားတည်ရှိနေတဲ့ စီးပွားရေးလုပ်ငန်း များက ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖြစ်ပေါ်လာမယ့်ဂယက် ကို ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ စီးပွားရေးလုပ် ငန်းများက ဗြိတိန်နိုင်ငံ မှာ လောလောဆယ် နောက်ထပ်ရင်းနှီးမြှုပ်နံှ တော့မှာ မဟုတ်ကြောင်းနဲ့  ဗြိတိန်နိုင်ငံမှာရှိတဲ့  သူတို့ရဲ့ အနာဂတ်မှာလည်း  မရေရာသေး ကြောင်း ဂလိုဘယ်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။ ဂျပန်နဲ့ တောင် ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေက မဲခွဲဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့်ဂယက်ကို လေ့လာသုံးသပ်လျက်ရှိသလို ဗြိတိန်မှာရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘုံဘေစတော့အိတ်

Wednesday, 29 Jun 2016

          ယခုတစ်ပတ်အတွင်း အစုရှယ်ယာ ဈေးများသည် မတည်မငြိမ်ဖြစ် လျက်ရှိကာ ဈေးအတက်အကျများဖြင့် ဈေးကစားလျက်ရှိကြောင်း သိရသည်။ MTSHရှယ်ယာများသာမကFMI ရှယ်ယာများပါ ဈေးအတက်အကျ များရှိနေ ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များပါးနေခဲ့ကြောင်း သိရသည်။ ယခုဇွန်လဆန်းပိုင်းက YSX က ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကစားမှုများ နည်းပါးသွားသဖြင့် အတက်အကျ ရှိနေ သော်လည်း နည်းပါးခဲ့ကြောင်း သိရသည်။

Wednesday, 29 Jun 2016

        တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ်၊  စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (13th CAEXPO) ကို  ကျင်းပမည်ဖြစ်ရ  မြန်မာနိုင်ငံ မှ ပါဝင်ပြသနိုင်ရန်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဖိတ် ကြားလာပါသည်။  မြန်မာနိုင်ငံအနေနှင့် ၂၀၀၄ ခုနှစ်မှ  စတင်၍ ယင်းပြပွဲသို့  နှစ်စဉ်ပါဝင်ပြသခဲ့ရာ ၂၀၁၂ ခုနှစ်၊ (၉) ကြိမ်မြောက်တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲတွင် (Country  Of  Honor) ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး  ဆုတံဆိပ်များ ရရှိခဲ့ပါ သည်။

Wednesday, 29 Jun 2016

       မန္တလေးမြို့ (မြန်မာနိုင်ငံ သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော် အသင်း) သကြား  ကုန်စည်ဒိုင်မှာ အနယ်နယ်အရပ်ရပ်မှ သကြားကုန်သည်၊ စက်ပိုင်များ၊ ပွဲစားများနှင့်သကြားနှင့် ပတ်သက်သော  လုပ်ငန်းရှင် များ နေ့စဉ်(ဥပုသ်နေ့မှ အပ) သကြားနဲ့ သကာရည်များလာရောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပါတယ်။

Tuesday, 28 Jun 2016

           ၂၀၁၆ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  

Tuesday, 28 Jun 2016

        ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ အိန္ဒိယမှ ဝယ်လိုအား အတက်အကျပေါ်မူတည်ပြီး ပြည်ပတင်ပို့မှုအများဆုံးပဲများဖြစ် တဲ့ မတ်ပဲ၊ ပဲစင်းငုံနီတို့မှာ ဈေးနှုန်းအတက်အကျပြောင်းလဲမှုရှိခဲ့ပါ တယ်။ ယခင်တစ်ပတ်က မတ်ပဲ FAQတစ်တန်ကို ၁၈၃၂၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၂၆၀၀၀ ကျပ်၊ မတ်ပဲ3Q တစ်တန်ကို ယခင်တစ်ပတ်က ၁၈၉၀၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၈၇၆၀၀၀ ကျပ်နဲ့  ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရပါတယ်။ အလားတူ ပဲစင်း ငုံနီကလည်း ယခင်တစ်ပတ်က တစ်တန်ကို ၁၅၅၅၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ၁၅၀၇၀၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျခဲ့ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။

Tuesday, 28 Jun 2016

         ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့  နှမ်းဖြူဈေးအေးခဲ့ပေမယ့် နှမ်းနက် အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ  တရုတ်အဝယ် ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀၀၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀၀ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀၀ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းဖြူက တစ်တင်း ကျပ် ၃၁၀၀၀ အထိသာ အမြင့်ဈေးရခဲ့ပြီး၊ နှမ်းညို(အ သစ်)

Tuesday, 28 Jun 2016

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင်နည်းသွားလို့  ဈေးအနည်းငယ်  ပြန်ကျလာတာ တွေ့ရပါတယ်။ မျိုး နှမ်းသမားများကလည်း အဝယ်မရှိဘဲ ဆီစက်သမားများက သာ ဒေသတွင်းစားသုံးရန်အတွက် နှမ်းအဝယ် အ နည်းငယ်သာ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုအချိန်မိုးနှမ်း စိုက်ပျိုးချိန်၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အထက်အညာဘက်တွင် နှမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ယခင်နှစ်ကာလတူ က နှမ်းနီတစ်တင်းလျှင် ကျပ် ၂၇၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်း လျှင် ကျပ် ၃၃၀၀၀နဲ့ စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဈေးရှိခဲ့ပြီး၊  ယခုတစ်ပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၂၃၀၀၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင

Tuesday, 28 Jun 2016

      ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၄၂၈၃၅၉ တန်ဖိုးရှိ  နို့ဆီ ၉၉ ဒသမ ၅၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ နို့ဆီ တံဆိပ်များမှာ ကောင်းဘဲလ်နို့ဆီ နဲ့ ဒွန်းနို့ဆီတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်မှာ တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန်၁၉၀ ကျော် တင် သွင်းမှု လျော့ခဲ့ပါတယ်။

Tuesday, 28 Jun 2016

      ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၄၂၈၃၅၉ တန်ဖိုးရှိ  နို့ဆီ ၉၉ ဒသမ ၅၅၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ နို့ဆီ တံဆိပ်များမှာ ကောင်းဘဲလ်နို့ဆီ နဲ့ ဒွန်းနို့ဆီတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်မှာ တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန်၁၉၀ ကျော် တင် သွင်းမှု လျော့ခဲ့ပါတယ်။

Pages