Background
ကွမ်းရွက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ မြန်မာ အမျိုးသားအများစုမှာ ကွမ်းယာအဖြစ် စားသုံးလာခဲ့ကြသည်။ ယခုအချိန်တွင် ကွမ်းယာကို အမျိုးသားတော်တော်များမှ စားသုံးလာကြ သဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ကွမ်းရွက်ပင်ကို စီးပွားဖြစ်စိုက်ပျိုး လာခဲ့ကြသည်။
ကွမ်းရွက်စိုက်ပျိုးထွက်ရှိမှု
ယခု ၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာ တတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၃ ခု ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက တစ်ဆင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်မော်လမြိုင်မြို့ရှိအေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံအသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ လက်လီဈေး၊ လက်ကားဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်ပေါ်မှုအား တွေ့ရှိရသည်။ အေးသာယာဈေးသည် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့်အချိန်လည်းဖြစ်သည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၀ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၃၆၀ ကျော် တင်သွင်း ခဲ့သည်။ ယခုတစ်ပတ်အတွင်း စင်ကာပူနိုင်ငံမှ တန်ချိန် ၂၂၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၂၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၈၀ ကျော် လစ်သူ ရေးနီးယားနိုင်ငံမှ တင်သွင်းခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ထန်းပင်မြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ တောင်သူများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အပိုဝင်ငွေရရှိစေရန် ထန်းမြစ် စိုက်ပျိုးခြင်းကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်ကြကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ဆောင်းသီးနှံဖြစ်သောမတ်ပဲကို လျာထားဧက ၄၇၇၅၀၉ ဧက၊ ပဲတီစိမ်း လျာထားဧက ၃၆၂၄၂ ဧက ၊ ပဲလွမ်း လျာထားဧက ၁၅၃၉၆ ဧက၊ ဗိုလ်ကိတ် လျာထားဧက ၄၈၈၉ ဧက၊ ပဲပုပ်လျာထားဧက ၁၇၄၉၇ ဧက၊ ပဲကြီး လျာထားဧက ၃၈၁၈ ဧက၊ ပဲယဉ်း ၁၈၅၆ ဧက၊ စားတော်ပဲ၊ စွန်တာနီ၊ ပဲနောက်၊ ထောပတ်ပဲ၊ ပဲဖြူကလေး နှင့်အခြားပဲမျိုးစုံများကိုလည်း အနည်းငယ်စီ လျာထား စိုက် ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်ရုံတွင် ၎င်းတို့၏ မော်တော်ကားထုတ်လုပ်နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Tesla အနေဖြင့် ထိုကဲ့သို့ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းမှုတွင် တရားဝင် အသိပေးထုတ်ပြန်ခြင်းမရှိဘဲ စက်ရုံတွင်း ညွှန်ကြားမှုတစ်ခုသာဖြစ်ကြောင်း အတွင်းအသင်းတစ်ခုအရသိရသည်ဟု ရိုက်တာသတင်း ဌာနက ဆက်လက်ဖော်ပြထားသည်။
ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ဈေးကွက်ပျက်ခဲ့ပြီး ပြည်ပတင်ပို့ရပ်ဆိုင်းထားသည့် ဧရာဝတီတိုင်းဒေသကြီးထွက် ငါးရံ့ခြောက်မှာ လက်ရှိတွင် ဈေးကွက်ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ပုသိမ်မြို့ရှိ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ကွမ်းသီးနှင့်သီဟိုဠ်စေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုး လျက်ရှိသည်။ကွမ်းသီးတွင် ကွမ်းသီးအလုံးဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ဈေးနှုန်းနှစ်မျိုးရှိပြီး သီဟိုဠ်စေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းဈေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောဈေးဟူ၍ ဈေးနှုန်း နှစ်မျိုးရှိကြောင်းသိရှိရသည်။