Background
၂၀၂၂ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း မုံရွာမြို့နယ် တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀ဝ ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း ၂၅၀ဝကျပ်နှင့် ဧရာမင်း ဆန်တစ်ပြည်အသစ် ၂၀ဝ၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ တစ် ပိဿာလျှင် ၅၅၅၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၉၅၀ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀ဝ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ လျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ)တစ်ပိဿာလျှင် ၅၅၀ဝ ကျပ်မှ ၆၀ဝ၀ ကျပ်ထိ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ၅၀ဝ၀ ကျပ်မှ ၅၅၀ဝ ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ၄၅၀ဝ
သနပ်ခါးဆိုတာ မြန်မာလူမျိုးများနဲ့ခွဲခြားဖို့ မဖြစ်နိုင်တဲ့ အသုံးအဆောင်တစ်မျိုးဖြစ်ပါတယ်။နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရည်ကျဲလေး လူးပေးတာက အသားအေးသွားစေတယ်ဆိုတာနဲ့ နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေတယ် ဆိုတဲ့ သနပ်ခါးရဲ့ ကောင်းကျိုးတွေကို မသိသူမရှိလောက်ပါဘူး။ သနပ်ခါးက အရေပြားကို ခရမ်းလွန် ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ သနပ်ခါးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ များစွာပါဝင်နေပါတယ်။ သနပ်ခါး အခေါက်(အပွေး)က ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကို နုပျိုစ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်း နှင့် ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်အနေဖြင့် မိုးမြေပဲကို ၁၂၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၁၃ ဧက အားလုံး ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ၄၉ ဒသမ ၄၈ တင်း၊ အထွက် စုစုပေါင်း ၆၀ဝ၁၉ တင်း ထွက်ရှိကြောင်း သိရှိရသည်။
ကရင်ပြည်နယ်တွင် စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။
ပဲပုပ်ကုန်သည်များအနေဖြင့် အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ကျပ် ၆၀ နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ကျပ် ၂၃၁၀ ဖြစ်ပြီး ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ကျပ် ၂၃၈၀ ဖြင့် ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ကျပ် ၇၀ ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တရုတ် ကောအုပ်စု သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ရာသီပေါ်ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ အဆင် ပြေ လျက်ရှိသည်။ ဆီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူ များမှာ ဆီးဖြူသီးပေါ်ချိန်ဖြစ်သော သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဆီးဖြူသီးအမှုန့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကို လုပ်ကိုင်ကြသည်။တစ်နိုင်တစ်ပိုင်ဖြစ်သော်လည်း မိသားစု ဝင်ငွေအတွက် များစွာအဆင်ပြေလျက်ရှိသည်။
ဒီဇင်ဘာ ၁၃ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ကုန်ဈေးနှုန်းပေါက်ဈေး များမှာ ရော်ဘာ RSS-3 မှိုင်းခံပြား တစ်ပေါင် ကျပ် ၁၂၂၀ ၊ဒေသထွက်၁၀၈ ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ် ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၉၀ဝ၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း ပဲတီ စိမ်း ကျပ်၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၈၀ဝ၀၊ ပဲလွမ်းဖြူ ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ်၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၄၉၅၀ဝ၊ မြေပဲ ကျပ် ၁၀၄၀ဝ၀၊ ၊ ရေထွက်ကုန် တစ် ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၅၀ဝ၊ ငါးသလောက် ကျပ် ၁၁၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၅၃၀ဝ၊ တီလားဗီးရား ကျပ် ၈၀ဝ၀၊ ကင်းမွန် ကျပ် ၁၆၅၀ဝ ၊ ကကတစ်ကျပ် ၁၃၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၉၀ဝ၀၊ ငါးပုတ်သင် (ငါ
နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၇၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၀ နှင့် အီရန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
တရုတ်နိုင်ငံသို့ မော်တော်ကားသုံး ချစ်ပ်ပြားများ တင်ပို့နေသည့် နိုင်ငံ များထဲတွင် အမေရိကန်နိုင်ငံသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန်နိုင်ငံအနေဖြင့် ချစ်ပ်ပြားများ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ခြင်းကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ တိုင် ကြားထားကြောင်းနှင့် နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ယခုတစ်ပတ် အတွင်း သြစတြေး လျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်
မကွေးမြို့ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်း ရွက် များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရ သည်။