Main menu

Background

Tuesday, 5 Apr 2016

  မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို  တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားေ ဈးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ  ရရှိခဲ့ ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။

 

Tuesday, 5 Apr 2016

          မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ  ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။

Friday, 1 Apr 2016

အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက်  မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့  သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ  အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ  ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရ

Friday, 1 Apr 2016

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။  ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ

Friday, 1 Apr 2016

 ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက  ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန

Friday, 1 Apr 2016

  အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE  ကော်ပိုရေးရှင်းအား    ပို့ကုန်ကန့်သတ်မှုများကို အမေရိကန်   ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်    စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့    ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။

Thursday, 31 Mar 2016

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန် နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင်ဈေးနှုန်းကျ ဆင်းနေသဖြင့်   တောင်

Thursday, 3 Mar 2016

မြန်မာနိုင်ငံ၏ အဝတ်အထည် ထုတ်ကုန်တင်ပို့မှုဝင်ငွေသည် ၂၀၁၂ ခုနှစ်၌ အမေရိကန်ဒေါ်လာသန်း ၉၀၀ သာရှိခဲ့ပြီး လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ တိုးမြှင့်လာနိုင်ဖွယ်ရှိ သည်ကို တွေ့ရ ကြော င်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထုတ် ဝေသည့်  The Financial Expressသတင်းစာတွင် ဖော်ပြထားချက်များ အရ သိရသည်။တရုတ်၊ တောင်ကိုရီးယားဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံတို့တွင် အလုပ်သမားစရိတ်နှင့်ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားမှုကြောင့် မြန်မာ နိုင်ငံ တွင် အသင့်ချုပ်အဝတ်အထည် စက်မှုလုပ်ငန်းများ  ပြောင်းလဲလုပ်ကိုင် ရန် ၎င်းင်းတို့၏ စီးပွားရေးလုပ်ငန်းရှင် များကို တိုက်တွန်းလျက်ရှိရာ  ယခုအခါ ကမ္ဘာ့အဝတ်အထည်ဈေးကွက်၌ ဘင်

Pages