Main menu

Background

Wednesday, 9 Dec 2015

              ပြည်ပဲဈေးကွက်သို့  ဆောင်းဦးပဲသစ်များ   ဝင် ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံဟာလည်း နိုဝင်ဘာလ မှစ၍ အဝင်ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းမှာ ပန်းတောင်း၊ ကံမနဲ့ ပြည်၊ အောင်လံကြားဒေသတစ်ဝိုက်မှ ဝင်ရော က်ခဲ့လို့ တစ်ရက်အိတ် ၄၀ ကျော် ၅၀ အထိ အဝင်ရှိခဲ့ပါတယ်။

Wednesday, 9 Dec 2015

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ  အများဆုံးစိုက်ပျိုးရာဒေသ တစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်မှာ ပြီးခဲ့တဲ့ရာသီက ဆောင်းကြက်သွန်နီဧက ၆၀ဝ၀ နီးပါးသာ စိုက်ပျိုးခဲ့ကြပြီး ဥဖော်ချိန် ရွာခဲ့တဲ့ မိုးကြောင့် အထားမခံ ဘဲ အပျက်အစီး များခဲ့ရာ တောင်သူအများစုက အမြင့်ဈေးမှာ မမှီခဲ့ကြဘဲ ဆုံးရှုံးမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်ဈေးကွက်မှာ စံချိန်တင်ဈေး တစ်ပိဿာ ၄၀ဝ၀ ကျပ်အ ထိ ရရှိခဲ့လို့ ဈေးကွက်မျှော်လင့်ချက် ရှင်သ န်လာခဲ့တဲ့အတွက် ယခုနှစ်ဆောင်း ကြက်သွန်နီစိုက်ဧကတွေတိုးလာဖွယ်ရှိပြီး ယခုလပထမပတ်အထိ မုံရွာနယ်မှာ ဧက ၃၃၅၀ ခန့်စိုက်ပြီးဖြစ်တယ်လို့ ကိန်းဂဏန်းေ တွ အရ သိရပါတယ်။

Wednesday, 9 Dec 2015

              ပြည်ပဲဈေးကွက်မှာ လက်လီသာ အရောင်းအဝယ်များပေမယ့် ပဲဈေးနှုန်းကတော့ လက်လီပဲ ဈေးကွက်မှာ ဈေးကောင်းအမြဲရနေတဲ့ ပဲကတော့ စားတော်ပဲသီးနှံ ဖြစ်ပါတယ်။ စားတော်ပဲသီးနှံဈေးဟာ တစ်နှစ်တာလုံး  ဈေးေ ကာင်းရလျက်ရှိကာ ယခု အချိန်မှာတော့ တစ်ရက် ၁၀ အိတ်ကျော် ၂၀ အိတ်အတွင်းသာ ဒေသတွင်း လက်လီသမားအချို့နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Wednesday, 9 Dec 2015

              မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၂၂၁ သန်းဖိုးရှိ ဆန် ၃၃၀၆၀ တန်ကျော်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများကတော့ မူဆယ် (၁၀၅) မိုင် မှ ငစိန်ဆန် ၁၉၃၂၄ တန်၊ ဧည့်မထ ၉၃၁၈ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၇၈ တန်နဲ့ လွယ်ဂျယ်မှ ငစိန်ဆန် ၄၂၄၀ တန်ဖြစ်ပါတယ်။  ယခင်တစ်ပတ်တင်ပို့မှု ထက် ၅၄၁၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၂၇၆ သန်းဖိုးရှိ ဆန်ကွဲ ၃၉၁၇ တန်ကို မူဆယ်မှ ၃၅၁၇ တန်ကျော်နဲ့  လွယ်ဂျယ်မှ တန် ၄၀ဝ တင်ပို့ ခဲ့ပါ

Thursday, 3 Dec 2015

          မုံရွာခရိုင်တစ်ဝိုက် ပြီးခဲ့တဲ့မိုးဦးကျကစိုက်ခဲ့ကြတဲ့ ပဲစင်းငုံပင်တွေ အခုချိန်မှာ အားလုံးနီးပါး အပွင့်စုံနေပြီး၊ တချို့အပင်တွေ အသီးဝင်နေတာတွေ့ရပါတယ်။ ပဲစင်းငုံက တခြားပဲတွေလို ၃၊ ၄ လနဲ့ မခူးဆွတ်နိုင်ဘဲ  လူသား အမျိုးသမီးမိခင်တွေလို ကိုးလလွယ် ဆယ်လမှဖွားရတဲ့အလား အခုလိုသက်တမ်း  ခုနစ်လ၊ ရှစ်လမှာ အပွင့်စုံအသီးဝင်ပြီး  စိုက်ပြီး ၁၀ လနီးပါးကြာမှ ခူးဆွတ်ကာ ဈေးကွက်ဝင်နိုင်မှာဖြစ်ပါတယ်။ ဘိုးဘွားတောင်သူတွေ လက်ထ က်ကတော့ ဈေးကွက်အမြင်ထက် ငုံနီကို ရင်းနှီးစိုက်ပျိုးစရိတ်သက်သာခြင်း၊ သွင်းအားစု ဖိုးမကုန်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ကျေးလက်သုံးလောင်စာထင်းရရှိခြင်းဆိုတဲ့ အားသာချက်တွေနဲ့  စိုက်ခဲ့ကြပ

Thursday, 3 Dec 2015

              နိုဝင်ဘာ ၂၇ ရက် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်း ဈေးထိပ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တ စ်အိတ်ကို ကျပ် ၁၅၀ဝ ခန့်ဈေးကျလာပြီး မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်းဆန် ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၁၀ဝ၀ ကျပ်၊ လတ်စ တစ် အိတ် ၃၉၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀ဝ၀ ခန့် ဈေးကျလာပြီး နယ် စုံပေါ်ဆန်း ဆန်ဟောင်း ဈေးကတော့ ထိပ်စတစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လတ်စ  တစ် အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခင်ပတ်ထက် တစ်အိတ်ကို ၅၀ဝ ကျပ်ခန့်ဈေးကျလာတာ တွေ့ရပါတယ်။ မြောင်းမြ/ပုသိမ်ပေါ်ဆန်း ဆန်အသစ်ေ ဈးက ထိပ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်၊ လတ်စ တစ

Thursday, 3 Dec 2015

               ဒေသတွင်းပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ မြင့်တက်လာချိန်မှာ အာရှဒေသတွင်းမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ရှာဖွေနေကြတဲ့ ကုမ္ပဏီများအတွက် စင်ကာပူနိုင်ငံက ယုံကြည်စိတ်ချရတဲ့ အြေ ခစိုက်စခန်းအဖြစ် အရေးပါတဲ့အခန်းက ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့  စင်ကာပူဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကိတ် ကပြောကြောင်း စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းမှာ အစုစပ်လုပ်ငန်းတွေ ထူထောင်ခြင်းအားဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း တွေ ပိုမိုဖန်တီးနိုင်မှာဖြစ်ကြောင်း နိုဝင် ဘာ ၂၆ ရက်ကကျင်းပတဲ့ ၂၀၁၅ ခုနှစ် အာရှယှဉ်ပြိုင်မှု စွမ်းရ ည် မြှင့်တင်ရေး သိပ္ပံကွန်ဖရင့် (2015 Asia Compe

Friday, 27 Nov 2015

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာ့လက်မှုရိုးရာ ပုသိမ်ထီးမှာ ယခုပွင့်လင်းရာသီတွင် အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာစွာရရှိထားသော ပုသိမ်ထီး များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်အသုံးပြုရန် ဝယ်ယူလျက်ရှိပြီး၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ စသည့် ကမ်းခြေဒေသများတို့မှလည်း အမှာစာများရရှိထား ကြောင်း ဈေးကွက်မှသိရပါတယ်။

Friday, 27 Nov 2015

ပြည်တွင်းမှာ အီးကောမတ်စ် လုပ် ငန်း ဆောင်ရွက်နေသူများအတွက် ငွေကြေးရရှိစေရန်     စီမံချက်တစ်ရပ် အဖြစ်   အထူးသဖြင့်  အင်ဒိုနီးရှားမှာ ထူထောင်ပြီးဖြစ်တဲ့ နိုင်ငံခြားအီးကော မတ်စ်ကုမ္ပဏီများ နိုင်ငံတွင်းမှာ စီးပွား ရေးလုပ်ငန်းများ     ဆောင်ရွက်လာ အောင်   အားပေးမှုအဖြစ် အစိုးရက ရင်းနှီးမြှုပ်နှံမှုအတွက်    လျှောက်ထားရ မည့်စာရင်း"Negative Investment List"  ကို     ပြုပြင်ပေးမှာဖြစ်ကြောင်း ဂျကာတာ ပို့စ်သတင်း မှာ    ဖော်ပြပါ တယ်။ဆက်သွယ်ရေးနဲ့     ပြန်ကြား ရေးဝန်ကြီး   ဂူဒီယာနာရာ၊ ကုန်သွယ် ရေးဝန်ကြီးသောမတ်လမ်ဘောင်း၊ ရင်း နှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့(BKPM) ဥက္ကဋ္ဌ ဖရန်ကီဆီဘာရာ နီတိ

Pages