Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၁၉ ရက်မှ ၂၅ ရက်တာ သီတင်းပတ်တွင် ကန်ဒေါ်လာ ၁၀၉၃၉၀ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၄၈ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၂၁၄ တန်ခွဲ တင်ပို့ခဲ့တာ မို့ မူဆယ်နယ်စပ်ကနေ နနွင်းတက်တင်ပို့မှု ပုံမှန်ရှိတယ်လို့ ဆိုရပါမယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို (ငွေလဲနှုန်းအရ) မိမိဘက်ပေါက်ဈေး ၈၄၅၆၀၀-၉၀၆၇၅၀ ကျပ်ဈေးအထိ ရှိပါ တယ်။ နနွင်းတက်ကို တစ်ဖက်တရုတ်နိုင်ငံမှာ ဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိနေတာလို့ ကုန်စည်ဒိုင်တွေကတစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုပြီး နည်းနည်းချင်းစီပဲအဝယ် ရှိ
ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D) လုပ် ငန်းတွေထွန်းကားစေမယ့်မူဝါဒတွေ ချမှတ်သွားဖို့လိုအပ်ကြောင်းတစ်နှစ် လျှင် နှစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာ မထုတ်ပြန်မီ ပြုလုပ်တဲ့အစည်းအဝေး မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(အိုင်အမ်အက်ဖ်) က တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။''သုတေသနနဲ့ ဖွံ့ဖြိုးရေး(R&D)၊ စွန့်ဦးတီထွင်မှုအရည်အသွေးပြည့်ဝမှု နဲ့ နည်းပညာလွှဲပြောင်းမှုစတဲ့ လုပ်ငန်းတွေဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုတွေကိုအားပေးရာမှာဘဏ္ဍာရေးမူဝါဒတွေကအရေးပါတဲ့အခန်းကဏ္ဍ တွေမ
နှစ်စဉ် ဈေးနေကာင်းရနေတဲ့ ပြည်တွင်းဝယ်လက်စားတော်ပဲသီးနှံဟာ ယခုနှစ်မှာလည်း ကျပ် သုံးသောင်း အထက် ရရှိနေခဲ့ပါတယ်။ မင်းတုန်း၊ ကံမမြို့နယ်များမှ ပြည်ဈေးကွက်သို့ ဝင်ရောက်ခဲ့လို့ တစ်ရက် အိတ် ၁၅၀ ေ ကျာ် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ဝယ်လက်အနေဖြင့် လှောင်သမားရော၊ လက်လီပါအဝယ်ရှိခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ခဲ့ရာမှ ယခုရက်မှာတော့ တစ်တင်း ၃၂၀၀၀ ကျပ်ရရှိခဲ့တာကို တွေ့ရ ပါတယ်။ ယခင်နှစ်က မတ်လအတွင်း လက်လီပဲထဲမှာ တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် ဈေးကောင်းတယ်လို့ ဆိုရမှာဖြစ်သော်လည်း ယခုနှစ်မှာတော့ တစ်တင်း ကျပ် ၇၀၀၀ ခန့် ဈေးပိုရလာသလို အခြားပြည်တွင်း ဝယ်လက်ပဲများနဲ့ ယှဉ်ရင်လည်း ဈေး ကောင
သာယာဝတီခရိုင်အတွင်းရှိ တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသည့် စပါးတင်း ၁၀၀ ကို ၆၁၆၄၀၀ ကျပ်ဈေးရရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံမတ်ပဲကို မိုးစပါးရိတ်ပြီးလျှင်ပြီးခြင်း မြေအစု ဓာတ် အမီစော၍ စိုက်ပျိုးခဲ့သည့်တောင်သူများ ယခုအချိန်တွင် မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် မတ်ပဲတစ်တင်း ပေါက်ဈေး ၄၇၂၀၀ ကျပ်နဲ့ ယခင်နှစ်ကထက် ဈေးကောင်းရရှိ နေပြီဖြစ်ပါတယ်။
Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ( Gems Trade Center) တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံ ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးယုံမူ၊ အတွင်းရေးမှူး ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေ ဆိုင်)၊Asia Concent Co.,Ltd နှင့် ဖိတ်ြ ကားထား သော ဧည့်သည်များတက်ရောက်ကြပါသည်။
၂၀၁၅ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်စစ်ဆေး ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ ငါးခူ အပါအဝင် ငါးခူမျိုးစိတ်များတင်သွင်းမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်း သတ်မှတ်ချက်များသည် ၂၀၁၆ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့ရက်မှစ၍ အသွင်ကူးပြောင်းရေး ကာလစတင်မည်ဖြစ်ကာ အချိန်၁၈ လရရှိမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက်မှစ၍ catfish အပါအဝင် ငါးခူ (Siluriformes) ငါးမျိုးစိတ်ဝင်ဆိုင်ရာ စစ်ဆေးမှုကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန(FDA)မှ ဆောင်ရွက်ခြင်းပြုတော့မည် မဟုတ်ဘဲ၊ အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ်ကင်း
မုံရွာကုန်စည်ဒိုင် မတ်လကုန် ပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေထဲက ငုံနီနဲ့မတ်ပဲတို့ ဈေးမာခဲ့ကြ ပြီး၊ ပြည်တွင်းသုံး လိုအပ်ချက်မြင့်မားတဲ့ ကုလားပဲမျိုးစုံကလွဲရင် ကျန်ပဲတွေ ဈေး အေးခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ကုန်သည်လှောင်လက်ထက် နယ် တောင်သူပဲတွေ အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်အထိဖြစ် ခဲ့ပြီး၊ တစ်တင်း ၄၆၆၀၀ ကျ ပ်အထိ ဈေး မာခဲ့တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်နဲ့ကုန်သည်အရောင်းပုံမှန်ဖြစ်ခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၄၉၀၀၀ ကျပ်အထိ အ
မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားေ ဈးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ ရရှိခဲ့ ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။