Main menu

Background

Wednesday, 13 Jan 2016

ယခုဘဏ္ဍာနှစ်အကုန်တွင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မျှော်မှန်းထားသည့်အတိုင်းအမေရိကန်ဒေါ်လာခြောက်ဘီလီယံအထိ ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  သတင်းထုတ်ပြန်ချက်များအရသိရသည်။ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်တွင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာလေးဘီလီယံ အထိရောက်ရှိနေပြီဖြစ် ပြီး ဘဏ္ဍာနှစ် ကုန်ဆုံးချိန်ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင်မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံ အထိရောက်ရှိလာမည်ဖြစ်ကြောင်းသိရ သည်။ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာလေးဘီလီယံအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပိုမိုတိုးတက်လာကြောင်းမြန်မာနိုင်ငံရင်းနှီးြ မှုပ်နှံမှုကော်မရ

Thursday, 7 Jan 2016

အိန္ဒိယနိုင်ငံ မဟာရာသျှတ္တရ-ပြည်နယ်ရှိ သံမဏိလုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ သံမဏိတွေရဲ့စိန်ခေါ်မှုများနဲ့ အဓိကရင်ဆိုင်နေရလျက်ရှိတယ်လို့  သယ်ယူ ပို့ဆောင်ရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး နီတင်ဂတ်ကာရီ ကပြောကြားပါတယ်။ပြည်တွင်း သံမဏိလုပ်ငန်းက အကျပ်အတည်းများနဲ့ ရင်ဆိုင်နေကြရပြီး လုပ်ငန်းအများစုဟာလည်း ပိတ်သိမ်းနေကြပြီဖြစ်ကြောင်း၊     ဒါပေမယ့် ဒီပြဿနာကို   ဖြေရှင်းရန်  နည်းလမ်းရှာဖွေနေ ကြောင်းနဲ့ များမကြာမီမှာ အဖြေရတော့မှာဖြစ် ကြောင်းJalna  မှ ၅  ကီလိုမီတာအကွာJavas ကျေးရွာမှာပြုလုပ်တဲ့ ကုန်းတွင်းဝင်ထွက်ပေါက် အုတ်မြစ်ချပွဲမှာ ဂတ်ကာရီက ပြောကြားလိုက်ပါ တယ်။

Thursday, 7 Jan 2016

ရန်ကုန်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းကာလ တွင်ကားဈေးများယခင်ဈေးတန်းထက် ၁၅ သိန်း၊ သိန်း၂၀ မှ  သိန်း ၃၀ ခန့်အထိ  မြင့်တက်သွားကြောင်း သိရသည်။ သက်ဆိုင်ရာဌာနမှ ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင်သတင်း စာများ၌ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးချိန်မှ စတင်၍ ကားဈေးများ  သိသိသာသာ  မြင့်တက်သွားခဲ့ကြောင်း သိရ သည်။

Wednesday, 30 Dec 2015

             ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း ဈေးအတက် အကျနည်းပါးခဲ့ပြီး ဈေးအနည်းငယ် တန့်နေမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ်နေခဲ့ကြော င်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည်လည်း မြင့်တက်လာခဲ့သဖြင့် မြန်မာ့ရွှေဈေး မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း တစ်ထောင်ခန့်သာ ဈေးမြင့်တက်ခဲ့သဖြင့် အရောင်းအ ဝယ်ဖြစ်နေခြင်းပင်ဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Tuesday, 29 Dec 2015

               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလစတုတ္ထပတ် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငုံနီအသစ် ပိုမိုဝင်ရောက်ခဲ့ကာ ပေါက်ဈေးလည်း တစ်တင်း ၂၃၀ဝ ကျပ်အထိကျသွားပြီး ၄၇၂၀ဝ ကျပ်နဲ့ တစ်ရက်အိတ် ၂၀ဝ ခန့်အေ ရာင်းအဝယ်သွက်လာကြောင်း ပွဲရုံရပ်ကွက်က သိရပါတယ်။ ဈေးကွက်တည်ငြိမ်မှုမရှိသေးပေမယ့် ဒီနေ့ ပေါက်ဈေးဟာ တစ်တင်း ၅၀ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် လုပ်ထားသူတွေအတွက် အချက်ပေး  ခေါင်းလောင်းသံ တ စ်ခုလိုဖြစ်နေလို့ ကြိုပွိုင့်သမားတွေ သတိထားသင့်တယ်လို့  ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

Tuesday, 29 Dec 2015

             ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ နိုဝင်ဘာ တတိယပတ်တွင် လက်ကား ပျမ်းမျှတစ်ပိဿာကို ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်း လက်ကားတစ် ပိဿာကို ၁၅၀ဝ ကျပ်ေ လာက်ထိ ပြန်လည် ကျဆင်းလာပြီလို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။

Tuesday, 29 Dec 2015

            အင်းတော်မြို့နယ် ရှေးဟောင်းမြို့တော် မန်လည်သို့သွားရာလမ်းဘေး ဆည်ရွာကျေးရွာမှာ ဒေသထွက်ကုန် ပဲစိမ်းစားဥကို မိသားစုတိုင်းစိုက်ပျိုးကြလို့ နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများမှာ ပဲစိမ်းစားဥမှ မိသားစုဝင်ငွေ သိန်းဂဏန်းအထိရှိ ကြောင်း သိရပါတယ်။ပဲစိမ်းစားဥကို ရွှေဘို၊ မန္တလေး အဝယ်ကိုယ်စားလှယ်များက ရွာအရောက် လာဝယ်ကြလို့ မိမိခြံဝင်းအတွင်း အလုပ်မပျက်ဈေးကွက်ဖြစ်နေပါ တယ်။ ဆည်ရွာ ထုတ်ကုန် ပဲစိမ်းစားဥ ကို နွားချေး၊ စပါးခွံမြေပဲခွံများနဲ့ စိုက်ပျိုးပြီး အခြားဓာတု ဗေဒဆေးဝါးများ၊ ပိုးသတ်ဆေးများ လုံးဝမထည့်တဲ့အတွက် စိတ်ချစွာစားသုံးနိုင်တယ်လို့ သိရပါတယ်။

Tuesday, 29 Dec 2015

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၃၆၅၀ဝ ကျပ်၊ လတ်စ တစ်အိ တ် ၃၅၀ဝ၀ ကျပ်၊ မြော င်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၄၀ဝဝဝ ကျပ်၊ လတ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန် ဟောင်းဈေးကတော့ ထိပ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လ တ်စ တစ်အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခ င်တစ်ပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေတယ်လို့ ဆန်စပါးကုန်စည်ဒိုင်ဝါးတန်းရဲ့ ဈေးနှုန်းစာရင်းအရ သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စ တစ် အိတ် ၂၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် ထက် ၅၀ဝ ကျ

Wednesday, 9 Dec 2015

             ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနဲ့  တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန် လိုင်စင်အား မြန်မာနို င်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ထောက်ခံချက်ဖြင့် ကုမ္ပဏီ ခြောက်ခုအား တင်သွင်းခွင့်ပြုခဲ့ရာ  နိုဝင်ဘာလ ၂၇ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ်နိုင်ငံ မူဆယ်န ယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် နှစ်စောင်၊ တန်ချိန် ၂၅၀၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းရန် သွင်းကုန် လိုင်စင် သုံးစောင်၊ တန်ချိန် ၃၈၀ တန်၊ စ

Pages