Main menu

Background

Friday, 6 May 2016

ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့   ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့  စားအုန်းဆီ ထုတ် လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ  ဖော်ပြထားပါ တယ်။

Friday, 6 May 2016

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။

Friday, 6 May 2016

ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။

Friday, 6 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

Tuesday, 3 May 2016

အိန္ဒိယနိုင်ငံ၏ အဓိကဆိပ်ကမ်းများသို့ ပဲဝင်ရောက်မှုမှာ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တန်ထောင် ၈၁ ဖြစ်ပြီး၊ ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ တင်သွင်းမှုတန်ထောင်  ၈၈ ထက် ၇% လျော့ကျပါသည်။ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲတီစိမ်း၊ ပဲဝါ၊ ပဲစိမ်း၊ မြေထောက်ပဲတို့တွင် ဝင်ရောက်မှုလျော့ကျပြီး၊ မတ်ပဲ၊ ပဲစင်းငုံတို့တွင် ဝင်ရောက်မှုပိုမိုကြောင်း ဖော်ပြထားပါသည်။ကုလားပဲလက်ကားကုန်စည်ဈေးနှုန်းမှာ ၁၀ ရက်အတွင်း ၁၅% မှ ၂၀% မြင့်တက်ခဲ့ ပါသည်။ မုတ်သုန်ရာသီဥတုကောင်းမွန်ခြင်း၊ စားသုံးသူများက နွေပဲသီးနှံကို ဈေးအမြင့်ပေးခြင်း တို့ကြောင့်ဖြစ်ပါသည်။

Tuesday, 3 May 2016

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာအိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံ ရာ သီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ)အတွင်း စံချိန် သစ်ဖြစ်သည့် တန်ချိန်၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာ သီ ကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလ အတွင်း  ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုး သားဥယျာဉ်ခြံ

Thursday, 7 Apr 2016

      ပဲခူးတိုင်းဒေသကြီး  အနောက် ကြို့ပင်ကောက်မြိ့နယ်တွင် မန်ကျည်းသီးကို သီးခြားစိုက်ပျိုးခြင်းမဟုတ်ဘဲ မိမိတို့၏ ခြံမြေအတွင်း ပေါက်နေသည့် မန်ကျည်းပင်များမှ အသီးများရင့်မှည့်ချိန်တွင် လှုပ်ခြွေ၍ရရှိသည့် မန်ကျည်း သီးများကို အခွံချွတ်ပြီး မန်ကျည်းသီး အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချ ကြပါတယ်။  အဝယ်ဒိုင်များမှ ဝယ်ယူ၍ မန်ကျည်းသီး ပွဲရုံ ၅ ရုံသို့ စုပေါင်းပေး သွင်းကြပါတယ်။  ပွဲရုံများအနေဖြင့် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့ရာ တွင် ယခင်နှစ် မန်ကျည်းသီးပေါ်စ ဇန်နဝါရီ မှာ တစ်ပိဿာ ၅၀၀ ကျပ်ဈေး၊ မတ်တွင်  ၄၅၀ ကျပ်ဈေးသာ ပေးဝယ်ပြီး မိုးဦးကျသည်နှင့် ဈေးချကြပါတယ်။ တစ်မြို့လုံးအနေဖြင့်  နှစ်တစ်ပတ်လည် ပိဿာချိန

Thursday, 7 Apr 2016

           ယခုနှစ်အတွင်း ပဲဈေးနှုန်းများ ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ် လက်ပဲပါ ဈေးကောင်းရရှိမှုများခဲ့ပေမယ့် ပဲပုပ်သီးနှံဈေးကတော့ ယခုနှစ် အတွင်း  ဈေးအေးခဲ့တဲ့နှစ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဧပြီလမှ ယခု မတ်လ ကုန်အထိ ဈေးနှုန်းအခြေအနေကိုလေ့လာကြည့်ရာ တစ်နှစ်တာလုံး ကျပ်နှစ် သောင်းအောက်သာရရှိခဲ့ပြီး အနိမ့်ဆုံးတစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အမြင့်ဆုံး တစ်တင်း ၁၉၅၀၀ ကျပ်သာရရှိခဲ့ပါတယ်။ မိုးပဲပုပ်ဈေးရော၊ ဆောင်းပဲပုပ် ေ ဈးပါ ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲအထွက်လှိုင်လာချိန်ကာလများမှာ ရန်ကုန်ဝယ်လက်၊ နယ်ဝယ်လက်နဲ့ ဒေသတွင်း လက်လီသမားအဝယ်သွက်ပေမယ့် ပဲလက်ကျန်သာရှိတော့တဲ့ အချိန်မှာ လက်လီသမားအနည်း

Thursday, 7 Apr 2016

         ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲ ၂၀၁၆ (Ho Chi Minh City EXPO 2016) ပြပွဲကို ဧပြီ ၁ရက်က ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့   မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Pham Thanh Dung ၊ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာအကြံပေး Mr. Vo Thi Ngoc Diep ၊ ဗီယက်နမ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာနမှ ညွှန်ကြားရေးမှူး Mr. Pham Thiet Hoa , UMFCCI မှတာဝန် ရှိသူများ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြသည်။

Pages