Main menu

Background

Tuesday, 7 Jul 2015

ဇွန်လ ၂၁ ရက်မှ ၂၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၃၈၇၇၃၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၈ ဒသမ ၆၉၂ တန်နဲ့ ကန်ဒေါ်လာ ၁၃၆၆၅၁၄၆ တန်ဖိုးရှိ ဒီဇယ် ၂၀၀ ဒသမ ၃၉၂ တန် ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင် သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့  သိရပါတယ်။   ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၂၇၃ တန်ကျော်  ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၇၅ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ် ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၇၄၄ ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၅၄၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်၃ ရက် နေ့အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ

Tuesday, 7 Jul 2015

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဈေးကျဆင်းသွားခဲ့ပြီးနောက် ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်လာခဲ့သော်လည်း  ဈေးကွက် ပိတ်ရက်ရောက်ချိန်တွင် ဈေးပြန်လည် မြင့်တက်လာခဲ့ပြန်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။အစိုးရဘဏ်များနှင့်    ပုဂ္ဂလိက ဘဏ်များက သွင်းကုန်ပမာဏများပြား သည့်လုပ်ငန်းရှင်များအား  ဒေါ်လာ များရောင်းချပေးရန် ဗဟိုဘဏ်မှ ညွှန် ကြားချက်များထုတ်ပြန်ပြီးသည့်နောက် တွင် ဒေါ်လာဈေးများ ကျဆင်းခဲ့သော် လည်း လက်တွေ့တွင်မူ ပုဂ္ဂလိကဘဏ် များမှ ရောင်းချပေးနိုင်ခြင်းမရှိ၍ ပြင်ပ ဈေးကွက်ကိုပင် သွင်းကုန်လုပ်ငန်းရှင် များ အားထားလာခဲ့ရသည်။ထို့ကြောင့် ပြည်တွင်းငွေ လဲနှုန်း များမှာ    ကျဆင်းသ

Friday, 3 Jul 2015

ရှမ်းနနွင်းကတော့ ပုံမှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဝင်ကတော့ နည်းသွားပါပြီ။ တောင်သူတွေလက်ထဲမှာ ကုန်သလောက်ဖြစ်သွားပြီး လှောင်လက် တွေဆီမှာတော့ အနည်းငယ်သာကျန်ရှိနေ တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ နနွင်းကို တစ်ခါတည်းများများစားစား ရောင်းရတာမျိုး  အနည်းငယ်သာရှိခဲ့ပြီး၊ ဈေးပတ် သမားတွေနဲ့ စစ်တွေ၊ မုံရွာဝယ်လက်တွေက တစ်ခါဝယ်ရင် နည်းနည်းနဲ့ ဝယ်ယူနေ လို့ နေ့စဉ်၊ အပတ်စဉ်တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့  သိရပါတယ်။

Friday, 3 Jul 2015

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက် ဆည်မြို့နယ ်တွင် နွေနှမ်းစိုက်ဧကမှာ   ဧက ၃၃၀၀၀ ကျော်၊ စစ်ကိုင်းမြို့နယ်တွင် ဧက ၁၈၈၀၀ ကျော်၊ မြစ်သား မြို့နယ် တွင် ဧက ၂၁၉၀၀ ကျော်၊ တံတားဦးမြို့နယ်တွင် ဧက ၉၀၀ ကျော်၊ စုစုပေါင်း ၇၄၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Friday, 3 Jul 2015

     ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ ၂၇၆၂ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာတန်ချိန် ၇၇၁၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ ၄၉၅၀ တန်ကျော်အဝင်လျော့ ခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာ အဝင်မှာ  ၁၂၄၇၃ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၆၆၁၃  တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၄၁၃၀ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။

Thursday, 2 Jul 2015

ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
ဇွန်လ ၁၄ ရက်မှ ၂၀ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှဘိလပ်မြေ အဝင်မှာ ၂၂၀၆၄ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်မှာ ၉၉၂၆၇  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန် ၇၇၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့  သိရပါတယ်။  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၉၇၀၀  တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၈၈၀၀  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၉၁၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ရောနယ်စပ် လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 30 Jun 2015

မြန်မာ့သစ်သီးဝလံများ ပြင်ပတင်ပို့မှုမှုကို လေ့လာရာမှာ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးတို့က အများဆုံး တင်ပို့နိုင်တဲ့ အမယ် တွေဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။ ဒီအမယ် သုံးမျိုးထဲက သရက်သီးတစ်မျိုးတည်းရဲ့ တင်ပို့နိုင်မှုဟာ ယခင်ဘဏ္ဍာနှစ်တွေမှာ အမေရိကန် ဒေါ်လာ ဆယ် သန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃ သန်း အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ပို့ကုန်အတွက် အလားအလာကောင်းများရှိနေတဲ့ မြန်မာ့ ထွက်ကုန်သရက်သီးကို အရည်အသွေးမြှင့်တင်ရန် ပြည်တွင်း/ပြည်ပဈေးကွက်တိုးချဲ့ရန်၊ သရက်စိုက် တောင်သူ များအားနည်းပညာ နဲ့ ဈေးကွက်သတင်းအ

Monday, 29 Jun 2015

ဇွန်လနောက်ဆုံးပတ်ရဲ့ ပြည် ကြက်သွန်နီပွဲရုံများမှာ     အရောင်း အဝယ်အေးနေသော်လည်း ကြက်သွန် နီဈေးတွေ ထပ်တက်လာတာ  တွေ့ရ ပါတယ်။ ကြက်သွန်နီထွက်ရှိရာဒေသများဖြစ်တဲ့   တောင်တွင်းကြီး၊ မကွေး၊ အောင်လံ၊ မင်းတုန်း၊ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူမြို့များဟာ ဆက်သွယ် ရေးကောင်းမွန်ခြင်းကြောင့် တိုက်ရိုက် တင်ပို့နေပါတယ်။ယခင်လို ပြည်မှတစ်ဆင့်ခံ တင်ပို့ ခြင်းမျိုးမဟုတ်တော့တာကြောင့် တိုင်း အတွင်း၊ ဒေသတွင်း အရောင်းအဝယ်ရှိမှုလောက်သာရှိခဲ့လို့  အရောင်းအဝယ် အေးနေခဲ့တာ  ဖြစ်ပါတယ်။ ယခုတစ် ပတ် ကြက်သွန်နီ ဝင်ရောက်မှုလည်း  ပုံမှန်ထက်နည်းနေပြီး ရန်ကုန်သို့တိုက် ရိုက်တင်ပို့နေပါတယ်။

Monday, 29 Jun 2015

ဇွန် ၁၄ ရက်မှ  ၂၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၈၃၇၇၉၇၄ တန်ဖိုးရှိ ဓာတ်ဆီ ၂၇၃ ဒသမ ၀၅၇ တန်နဲ့ ကန်ဒေါ်လာ ၅၀၅၇၀၅၀၆ တန်ဖိုးရှိ ဒီဇယ် ၇၄၄ ဒသမ ၉၇၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ် ဓါတ်ဆီ အဝင်မှာ ၃ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန်၂၇၀ ကျော် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၃၀ ကျော်ဝင် လာခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၇၁၀ ကျော် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီပါအဝင်ပိုခဲ့ပါတယ်။

Pages