Main menu

Background

Wednesday, 17 Jun 2015

ပြည်မြို့ စားဖိုဆောင်သီးနှံဖြစ်တဲ့ မန်ကျည်းမှည့်ကတော့ ပွဲရုံများတွင်သာ ရှိပြီး၊ ပြည်ပမှ  အဝယ်ပုံမှန်ရှိနေတာ ကြောင့် ပြည်မန်ကျည်းမှည့်ဈေးဆက်တက်လာပါတယ်။  မန်ကျည်းမှည့် တစ် ပိဿာ (ပွဲရုံဈေး) ၁၄၀၀ ကျပ်ထိ မြင့် တက်လာပြီး၊ ဒေသတွင်း  လက်လီ တစ်  ပိဿာဈေး ၁၈၀၀ ကျပ်  ဖြစ်ပါတယ်။ ရခိုင်၊ သံတွဲမြို့များသို့ ရက်ခြားပြီး ပိဿာ ၅၀၀ ကျော်   ပုံမှန်တင်ပို့မှုရှိ ကြောင်လည်း သိရပါတယ်။
နီနီဝင်း-ပြည်

Wednesday, 17 Jun 2015

ပခုက္ကူကုန်စည်ဒိုင်ရဲ့   အရောင်းအဝယ်ဟာ ဇွန်လ ဒုတိယပတ်ကိုရောက်ခဲ့ပါပြီ၊   ဇွန်လဟာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးလို့ ကျွန်တော်တင်ပြခဲ့ဖူးပါတယ်။ ပစ္စည်း လက်ကျန်နည်းချိန်လည်းဖြစ်ပြန်၊ ဒီနှစ်အဖို့ ပစ္စည်းတော်တော် များများကလည်း အထက်ဈေးနဲ့ ဂုဏ်ရှိန်မြင့်မားစွာ ရှိနေချိန် ဆိုတာလည်း တိုက်ဆိုင်နေလို့ပါ။

Wednesday, 17 Jun 2015

      ယခုအခါ ၂၀၁၄-၂၀၁၅ ပင်လယ် ရေလုပ်ငန်းရာသီစခန်းသိမ်းချိန်ဖြစ်ရာ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရှိ ပင်လယ်ရေ လုပ်ငန်းဈေးကွက်တစ်ခု ဖြစ်သည့် ကင်းပုစွန်ဈေးကွက်မှာလည်း မိုးခိုစခန်းသိမ်းရန်ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်သည်။ ကင်းပုစွန်ဈေးကွက် မှာ၂၀၁၄-၂၀၁၅  ပင်လယ်ရေလုပ်ငန်း ရာသီတွင်  လုပ်ငန်းရာသီတစ်ချိန်လုံး ပင်လယ်ပြင်မှ  ကင်းပုစွန်ဖမ်းဆီးရမိမှု အလွန်နည်းပါးနေသဖြင့်  ထူးထူးခြား ခြား  အကျိုးအမြတ်မခံစားရဘဲ  လုပ် ငန်းမပြတ် ပုံမှန်လုပ်ကိုင်ဆောင်ရွက် ရင်း  စခန်းသိမ်းရပ်နားခဲ့ရကြောင်း ဖျာပုံမြို့နယ်၊ အရှေ့စုကျေးရွာတွင် ကင်း ပိုက်လုပ်ငန်းများကို အခြေစိုက် လုပ် ကိုင်ဆောင်ရွက်နေသည့် ကိုကျော်မင်း လွင်၏ပြောပြ

Pages