Background
ပဲပုပ်သည် အာဟာရဓာတြွ်ကယ်ဝသော သီးနှံတစ်မျိုး ဖြစ်သကဲသို့ စီးပွားရေးအရလည်းတွက်ခြေကိုက် မျက်နှာပန်း လှသော သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်၏ မူရင်းပေါက်ရောက် ရာ ဒေသမှာအရှေ့အာရှဖြစ်ပြီးအများဆုံးစိုက်ပျိုးထုတ်လု ပ်သည့် ဒေသများမှာအမေရိကန် ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီးအထွက်နှုန်းကောင်းသောနိုင်ငံမှာထိုင်း နိုင်ငံဖြစ်သည်။ ပဲပုပ်ကို အများဆုံးတင်သွင်းသည့်နိုင်ငံများမှာ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံများဖြစ် သည်။ ပဲပုပ်ကို မြန်မာနိုင်ငံကုန်းမြင့်ဒေသများတွင် မေလနှင့် ဇွန်လများတွင်လည်းကောင်း၊ မြေပြန့်တွင် သြဂုတ်လနှင့် စက်
အရေးပေါ်ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ MAPCO ဆန်စက်တွင် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံထားရှိမှု အခြေအနေများအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေးစစ်ဆေးလက်ခံထားမှု အခြေအနေ များနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီ
အိန္ဒိယရှိစက်ရုံများ ပြန်လည်လည်ပတ်ရေး အတွက် အလူးအလဲရုန်းကန်နေရသဖြင့် တရုတ် ရှောင်းမီနှင့် အော့ပိုဖုန်းကုမ္ပဏီများသည် စမတ် ဖုန်း မိုဒယ်အချို့ကို ပြည်ပမှပြန်လည်တင်သွင်းနေ ရသည်ဟု ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခု မှသိရကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယတွင် အလုံးအရင်းဖြင့် ရောင်းချနေ သော ရှောင်းမီစမတ်ဖုန်းများကို အိန္ဒိယနိုင်ငံ တောင်ပိုင်း ပြည်နယ်များဖြစ်ကြသော တမီနာဒူး နှင့် အန္ဒရာပရာဒေ့ရှ်ပြည်နယ်များရှိ ဖောက်စကွန် စက်ရုံက ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်ပြီး အော့ပို အိန္ဒိယထုတ်ဖုန်းများကို နယူးဒေလီ ဆင်ခြေဖုံးရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်သည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းများ ကျဆင်းနေခြင်းကြောင့် လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများလည်း ကျဆင်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၁၂၁၈၀ဝ၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်ကျပ်သား ၁၂၁၁၀ဝ၀ ကျပ်ရှိနေပြီး ၇၀ဝ၀ ကျပ် ကျဆင်းသွားခြင်းဖြစ်ကာ လက်ရှိကမ္ဘာ့ရွှေဈေးကွက်တွင်တော့ တစ်အောင်စ ကို ၁၇၃၄ ဒေါ်လာပေါက်ဈေးရှိနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၁၁ ရက်တွင် ပြောသည်။
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။ မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက် စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ပြည်ပပို့တင
တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ဆောင်ရွက်ချက်ကို တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျအခွင့်အရေးများကို အတည်ပြုအကောင်အထည် ဖော်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ဆွေးနွေးညှိနှိုင်းပွဲများကို မတ် ၁၀ ရက်တွင် မြိတ်မြို့ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ မတ် ၁၁ ရက်တွင် ထားဝယ် မြို့ Diamond Crown Hotelတွင်လည်းကောင်း ကျင်းပခဲ့သည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့ စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက် ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။ ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏ စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိပြီး ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည် စီးပွားဆုတ်ကပ်အတွင်းသို့
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation) ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ