Background
ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်ကုန် ဖြစ်သည့် ပဲတီစိမ်းသေးသည် ပြန်လည်ဈေးကောင်းရနေ သည်။ ယခုတစ်ပတ်၏ ပဲတီစိမ်းသေးမှာ တစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ဖြင့် အိတ် ၃၀ဝ၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် ၂၇၃၀ဝ ဖြင့် အိတ် ၃၀၊ ကုလားပဲဖြူ (V2) တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အိတ် ၅၀၊ ပြောင်းဖူးစေ့(CP)တစ်တင်း လျှင် ကျပ် ၇၂၀ဝ ဖြင့် အိတ် ၂၀ဝ၊ ၂၀၁၇ ခုနှစ်ထွက် ပဲစင်း ငုံနီ တစ်တင်းလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် အိတ် ၃၀ဝ ဥပုသ်နေ့မှ လွဲ၍ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ရေစကြိုကုန်စည်ဒိုင်တွင် ယခုတစ်ပတ်၏ ပဲမျိုးစုံ ဈေးနှုန်းမှာ မြေပဲနီလုံးဆန်တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မြေပဲ ဖြူလုံးဆန် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀
ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပ ခဲ့သည်။ တန်ဆောင်တိုင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များလာရောက် လည်ပတ်ကြည့်ရှုခဲ့ ကြပြီး အိမ်အပြန်ဒေသလက်ဆောင်အဖြစ် ထောပတ်သီးများ ဝယ်ယူသွားကြရာ ထောပတ်သီးများ ဈေး ကွက်မှာ အရောင်းသွက်ခဲ့ကြောင်း သိရသည်။ ထောပတ်သီးကို အောက်တိုဘာလမှ စတင်ပေါ်ခဲ့ရာ ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီးဖြစ်သည်။ ထောပတ် သီးဈေးကွက်ဈေးနှုန်း များမှာ အသီးအမျိုးအစားနှင့် အရွယ်အစားလိုက်၍ ကျပ် ၂၀ဝ မှ ၁၅၀ဝ အထိ ရောင်းချခဲ့ရသည်။
စောမောင်(တောင်ကြီး)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် ဧည့်မထမိုးကောက်စောစပါးသစ် မြို့နယ် ၂၀ ခန့်နှင့် ပေါ်ဆန်းစပါးသစ်လေးမြို့နယ်ခန့် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။ လက်ရှိတိုင်းဒေသကြီးအတွင်း မိုးဧည့်မထကောက်စောစပါးသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၄၇၀ဝ၀ဝ/ ၅၀ဝ၀ဝ၀ ဈေးအတွင်းနှင့် ဧည့်မထမိုးဆန်သစ်တစ်အိတ်ကို ကျပ် ၁၇၅၀ဝ/၁၈၅၀ဝ ဝန်းကျင်ရှိပြီး ပေါ်ဆန်း စပါးသစ်၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၆၂၀ဝ၀ဝ/ ၇၇၂၈၀ဝ ဈေးအတွင်းတွင် ရောင်းဝယ်လျက်ရှိသည်။ စပါးသစ်ဈေးနှုန်းမှာ စပါး အရည် အသွေးဈေးကွက်ဖွံ့ဖြိုးမှုပေါ် မူတည်၍ မြို့နယ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိဘဲ ဈေးနှုန်းအပြေ
မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင် ရေး၊ ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန
ကုန်သွယ်ရေး သဘောတူညီချက် အဆင့်(၁)အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ရရှိထားသော သဘောတူညီချက်အရ လက်ရှိ ကောက်ခံနေသော အကောက်ခွန်များအားပြန်လည် ရုပ်သိမ်းခြင်းကို အိမ်ဖြူတော်နှင့် ပြင်ပ အကြံ ပေးများ၏ ပြင်း ပြင်းထန်ထန် ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရကြောင်း ဤဆွေးနွေးမှုနှင့် နီးစပ်သောသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြသည်။ အကောက်ခွန် ပြန်လည်ရုပ်သိမ်းရေးသည် တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ အောက်တိုဘာက တွေ့ဆုံ ဆွေးနွေးစဉ်က ပါဝင်ခြင်းမရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြော သည်။ အကောက်ခွန် လျှော့ချရေးကို သဘောတူထားပြီးဖြစ
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံနှင့် စပ်လျဉ်းသည့် သွင်းကုန် မူဝါဒများအပေါ် ျွှွှဥ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နှင့် ရုရှားတို့က မေးခွန်းများ ထပ်မံ မေးမြန်းထားကြောင်း ွှ့န့ငညိက ဘကျငညနျူငညန သတင်းစာ တွင် ဖော်ပြထားသည်။ WTO ၏ စိုက်ပျိုးရေးကော်မတီအစည်းအဝေးကို အောက်တိုဘာလက ကျင်းပခဲ့ရာ အိန္ဒိယအနေဖြင့် ပဲတင် သွင်းမှုနှင့်စပ်လျဉ်း၍ ယာယီခွဲတမ်းသတ်မှတ်ချက်များကို သတ်မှတ် ဖော်ဆောင်ခဲ့သည်မှာ နှစ်နှစ်အထက် ကျော်လွန် လာပြီဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းအရ မည်သို့ ဆောင်ရွက်သည်ကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းစေလိုပြီး လာမည့် ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးသည်နှင်
အန္တရာယ်များသော ပိုးသတ်ဆေးသုံးမျိုးကို ပိတ်ပင်လိုက်သည့်အတွက် နစ်နာမှုရှိသော တောင်သူလယ်သမားများကို အကူ အညီပေးရန် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က နိုဝင်ဘာ ၆ ရက် တွင် ပြောကြားသည်။ အဆိုပါအဖွဲ့သည် စိုက်ပျိုး ရေးလုပ်ငန်းအပေါ် ရိုက်ခတ်မှု မှန်သမျှကို လေ့လာ ပြီး အထောက်အကူပြုမည့် အစီအမံများကို ချမှတ် သွားမည်ဖြစ်ကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ ဓာတ်ဆေးအြွကင်းအကျန်များကို ဘေး အန္တရာယ်ကင်းအောင် စီမံခန့်ခွဲနိုင်ရေးအတွက် အဖွဲ့က နည်းလမ်းများကို ရှာဖွေနေကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းအဖွဲ့သည် အဆိပ် အတောက်
ဖျက်ဆီးမှု ပြင်းထန်ပေါက်ဖွားနှုန်းက မြန်ဆန်၊ ပျံ့နှံ့မှုလည်း မြန်ဆန်၊ ပြောင်းအပါအဝင် သီးနှံအမျိုးပေါင်း ၈၀ ကို ဖျက်ဆီး၊ ရာသီဥတု အကြမ်းတမ်းခံနိုင်တဲ့ ဖောငမြှောင်တောင်မျိုးအသစ်ဟာ မြန်မာနိုင်ငံကို ယခင်နှစ်ဆောင်းဦးပေါက် ရာသီကစ၍ ပြောင်းဧက တစ်သိန်းခွဲမှာ ကျရောက်ခံလိုက်ရပြီး ခြေကုပ်ရသွားပြီဖြစ်ပါတယ်။ ယခင်နှစ်က မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နေပြည်တော် တပ်ကုန်းမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်တို့မှာ ဖောငမြှောင် တောင်ပိုးပွဲဦးထွက်ကျရောက်ဖျက်ဆီးခ
ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း ကျဆင်းခဲ့ပြီး ဈေးကွက် ပိတ်ချိန်တွင် ကျပ် ၁၁သိန်းဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်က ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၁၈၀ဝ၀ရှိခဲ့ရာမှ ယခုရက် သတ္တပတ်တွင်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၀၃၀ဝ၀ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာရော နိုင်ငံတကာဈေးကွက်မှာပါ ဈေးကထိုးကျသွားတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆိုင်ရာသဘောတူညီချက်ဖြစ်တဲ့ သွင်းကုန်ခွန်များရုပ်သိမ်းသွားမယ်ဆိုတဲ့သတင်းတွေလည်း တက်လာတယ်။ ဒါက ကောင်းတဲ့အလားအလာပေါ့။ နောက်ပြီး ခုလိုဈေးကျဆင်းမှုမျိုးက နှစ်နှစ်ခွဲတာ ကာလအတွင်းသီတင်းပတ်အလိုက် ဈေးအများဆုံးကျဆင်းမှုကို
ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီတစ်တင်းလျှင်ကျပ် ၁၀ဝ၀ ခန့် ဈေးတက်နေသည်။ ယခင်တစ်ပတ်က၂၀၁၉ ခုနှစ်ထွက် ပဲစင်းငုံနီ(အသစ်) တစ်တင်းလျှင် ကျပ် ၂၇၃၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ်၏ ပဲစင်းငုံနီ (အသစ်) တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် အိတ် ၁၀ဝ၊ ၂၀၁၇ ခုနှစ်ထွက် ပဲစင်းငုံနီ(အဟောင်း) တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အိတ် ၁၀ဝ ၊ ၂၀၁၈ ခုနှစ် ထွက်ပဲစင်းငုံနီ (အဟောင်း) တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဖြင့် အိတ် ၁၀ဝ ၊ နှမ်းဝါ (ယော)တစ်တင်းလျှင် ကျပ် ၄၆၅၀ဝ ဖြင့် အိတ် ၁၀ဝ ၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် ၂၆၈၀ဝ ဖြင့် အိတ် ၅၀၊ ကုလားပဲဝါလုံးကြီး ၉၂၉ တစ်တင်းလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် အိတ် ၁၀ဝ၊ ကုလားပဲဖြူ V2 တစ်တင်းလျှင် က