Background
ယခုနှစ်အကုန်တွင် ဒေသတွင်းဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP ) ကို အာဆီယံအ ဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေး နွေးဖက် ခြောက်နိုင်ငံတို့ အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတိုလင်းဂျော့ဟွိုင်က ခန့်မှန်းကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီး ပါးရှိသော ဈေးကွက်ကို လွှမ်းမိုးထားပြီး ကမ္ဘာ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီး မားဆုံးကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခု ဖြစ်လာမည်။
အိန္ဒိယနိုင်ငံသည် တရုတ်ဦးဆောင်သော အာရှပစိဖိတ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက သြဂုတ် ၂ ရက်က ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ် နှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့် လယ်သမားများ၏ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဖန်တီးရေးအလားအလာများအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။
ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ အပြန်အလှန် ပယ်ဖျက် ကြရန် ဇူလိုင် ၂ ရက်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဆုံးဖြတ် ကြကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ စေ့စပ်ညှိနှိုင်းအဖြေရှာရန် တောင် ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် ပန်ကြားခဲ့သည်ကို ဂျပန်နိုင်ငံက ပယ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်အငြင်းပွားမှုက စီးပွားရေးစစ်ပွဲဆီသို့ ဦးတည်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးနှင့် ဖန်သားပြင်ထုတ်လုပ် ရာတွင် အသုံးပြုသော အဓိက အစိတ်အပိုင်းများ တောင်ကိုရီးယားသို့ တင်ပို့ခြင်းကို ဂျပန်နိုင်ငံ က ဇူလိုင် ၄ ရက်တွင် ကန့်သတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်အတွင်း အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍
ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သို့ အသီးအနှံ များနှင့် ပို့ကုန်အမယ်သစ် ၁၀ မျိုးတိုးချဲ့တင်ပို့ရန် ကြိုးစားနေ သော်လည်း သစ်သီးဝလံနှင့်ပန်းမန်များအား ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်သည့် စက်များအဆင်သင့် မဖြစ်သေးသဖြင့် နှစ် နှစ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က သြဂုတ် ၂ ရက်တွင် ပြောသည်။
၂၀၁၉ ခုနှစ်သည် Mekong – Japan Exchange Year 2019 (မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်) ဖြစ်သည်နှင့်အညီ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများဖလှယ် သည့်အနေဖြင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ အဆိုပါနိုင်ငံများတွင် ချစ်ကြည်ရေးအထိမ်း အမှတ်ပွဲများကို ကျင်းပလျှက် ရှိပါသည်။
ဇူလိုင်၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၅၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှု များမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၄၈၆၀ တန်ချိန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၃၆၀ကျော်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၅၀ ကျော်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခု တစ်ပတ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀ ကျော်တင်ပို့ခဲ့သည်။
ပန်းနုရောင်ဆုံဆီ ထုတ်လုပ်မှုကို သမစလမ်း၊ စက်မှုဇုန် မုံရွာမြို့၌ ၂၀၁၃ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပန်းနုရောင်ဆုံဆီကနွားဖြင့်ကြိတ်သည့် မိရိုးဖလာနည်း ကိုလည်း မပယ်ရှားဘဲ စက်ဖြင့်ပြောင်းလဲကြိတ်ခဲ့ကြောင်း၊ ယခင်က မြေပဲသာမက နှမ်းဆီ၊ ကြယ်ပဲဆီနှင့် မုံညှင်းဆီတို့ကိုပါ ထုတ်လုပ် ရောင်းချခဲ့ကြောင်း၊ ထိုဆီများမှာ ဈေးနှုန်းများပြားကာ အရောင်း အဝယ် မဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ မြေပဲဆီ တစ်မျိုးတည်းကိုသာ လက်လီရောင်းချနေကြောင်း သိရပါတယ်။
ဆီကြိတ်တဲ့ ကျည်ပွေ့ကို ရှားသားနဲ့ပြုလုပ်ပြီး ဆီဆုံကို
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုး ရေးလုပ်ငန်းဖြစ်ပြီး ဂျုံရိုးဦးထုပ်လုပ်ငန်းမှာအသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ကျေးရွာတစ်ရွာလုံးနီးပါးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ် သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှ တရားဝင် တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင် တင်ပို့ နိုင်ဖို့လုပ်နေရာမှ အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရာ