Background
ထုတ်ကုန်များကို အမှတ်တံဆိပ်တပ်ခြင်းနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံတွင် စည်းမျဉ်းဥပဒေများ ရှိထားပြီး ဖြစ်သော်လည်း ထုတ်ကုန်များကို Made in Vietnam ဟု အမှတ်တံဆိပ် တပ်ရာတွင် စံနှုန်းသတ်မှတ်ချက်မရှိ သေးကြောင်း ဗီယက်နမ်နယူးစ်အေဂျင် စီသတင်းတွင်ဖော်ပြသည်။ ဟနွိုင်းမြို့၌ ဇူလိုင် ၁၇ ရက်က ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (VCCI) ရှိ ကူးသ န်းရောင်းဝယ်ရေးအထောက် အထား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေးစင်တာမှ ညွှန်ကြားရေးမှူး ထရမ်သီသူဟောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် လာမည့်သီတင်းနှစ်ပတ်အတွင်း မိုးရွာသွန်းမှု သည် ပျမ်းမျှရွာသွန်းမှုအောက် ကျဆင်းနိုင်သည့်အတွက် အလယ်ပိုင်း ဒေသနှင့် အနောက်ပိုင်းဒေသတို့တွင် စိုက်ပျိုးလျက်ရှိသော ပဲပုပ်နှင့် ဝါ ဂွမ်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းနိုင်ကြောင်း မိုးလေဝသဌာနမှ အရာရှိတစ်ဦးက ဇူလိုင် ၁၁ ရက်က ပြောသည်။ ထို့ကြောင့် နွေသီးနှံထုတ် လုပ်မှုအတွက် စိုးရိမ်မှုများမြင့်တက်နေသည်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးမြေ၏ ၅၅ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုအားထား နေရသည်။ အာရှ၌ တတိယအကြီးမားဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံရှိ အိန္ဒိယ၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းက ၁၅ ရာခိုင်နှုန်းပါဝင်နေသည့်အတွက်
ဆိုဒါအချိုရည်က အဝလွန်မည့်အန္တရာယ်ရှိရုံမျှမက ကင်ဆာဖြစ်မည့် အန္တရာယ်ပါရှိကြောင်း လေ့လာချက်တစ်ခုအရ သိရကြောင်း ဘလွန်းဘတ်သတင်းတွင် ဖော်ပြသည်။ အကြမ်းဖျင်းအာဖြင့် ကုတ်ဘူးတစ်ဘူး၏ သုံးပုံ တစ်ပုံရှိသော ဆိုဒါ ၃ ဒသမ ၄ အောင်စကို နေ့စဉ်သောက်သုံးပါက တချို့သော ကင်ဆာအမျိုးအစားကို ဖြစ်နိုင်သော အန္တရာယ် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင်ဖော်ပြသည်။ ရင်သားအကျိ တ်ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားပြီး ၂၂ ရာ ခိုင်နှုန်းရှိသည်။ အချိုရည်မပါသောအသီးဖျော်ရည်ကို အလားတူပမာဏအတိုင်း သောက်သုံးပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများ ကြောင်း သုတေသီများက တွေ့ရှိထားသည်။
ပြည်တွင်းရှိ ကျောက်မျက်ဈေးကွက်အတွင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ် လုပ်ထားသည့် မိုးကုတ်ကျောက်မျက် ရတနာများကို Limited Edition ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုးကုတ်ဆူးလေ ကျောက်မျက်ရတနာ အရောင်းဆိုင်မှ သိရသည်။ ကျောက်မျက်ရတနာ ဝတ်ဆင် ကြသူများအနေဖြင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ဒီဇိုင်းထွင်၍ ဝတ်ဆင်လာကြသလို ပန်းပွင့်ပုံစံဒီဇိုင်းများ၊ ဖန် စီဆန်ဆန်ဒီဇိုင်းများကိုလည်း ဝတ်ဆင်လာကြကြောင်း သိရသည်။
စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသော တက္ကစီယာဉ်များနှင့် စီးတီးတက္ကစီမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA)က လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ YRTA က စီးတီးတက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံ ချက်ဖြင့် ဆောင်ရွက်ခဲ့သောကာလအတွင်း တက္ကစီယာဉ် ပိုင်ရှင်များက စနစ်တကျ လာရောက်သတင်းပို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် နှင့်မှတ်ပုံတင်သက်တမ်းတိုးရန်အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်အသစ်များနှင့် စီးတီးတက္ကစီ ယာဉ်အချ
ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု များပြားလာခြင်း၊ လေထု/ ရေထုညစ်ညမ်းမှု မြင့်တက်လာခြင်း စသည့် အကြောင်းအရာများက ကမ္ဘာ့လူမှုစီးပွားရေး အခြေအနေကိုများစွာ သက်ရောက်လျက် ရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည့်အတွက် တွင်းထွက်လောင်စာဆီ သုံးစွဲမှုများအစား သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသည့် အခြားစွမ်းအင်များအား အစားထိုးသုံးစွဲသည့်နည်းလမ်းများကို ကြိုးစားရှာေ ဖွဆောင်ရွက်လာကြပြီ ဖြစ်သည်။ ၎င်းနည်းလမ်းများအနက် တစ်ခုမှာ လျှပ်စစ်စွမ်းအင်အသုံး ပြုမောင်းနှင်သည့် လျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်သုံးစွဲခင်းပင်ဖြစ်သည်။ လက်ရှိဈေးကွက်အနေအထားအရ လျှပ်စစ်မော် တော်ကားများ၏ ဈေးနှုန
တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားများ ယခုနှစ်အတွင်း စေလွှတ်မည်ဖြစ်ကာ တစ်နှစ်အတွင်း ရေလုပ်သားဦးရေ ၁၅၀စေလွှတ်သွားမည်ဖြစ်ကြောင်း ဂူလုံးဖိုကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ Mr.Kim Jae Hwan က ပြောသည်။ ယင်းသို့ ရေလုပ်သားများ စေလွှတ်ရန်အတွက် မြန်မာနိုင်ငံရှိ ရွှေဖြိုးသာကုမ္ပဏီနှင့်တောင်ကိုးရီးယားနိုင်ငံရှိ ဂူလုံးဖိုကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၇ ရက်က Sedona Hotel တွင် ကျင်းပ ခဲ့သည်။
၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်ကုန် တဲ့ အတွက် ကဏန်းပ
Client:Department of Trade, Ministry of Commerce (MoC)
Country: Republic of the Union of Myanmar
Project: Myanmar Services Trade Enhancement Project (M-STEP)
Position Title: National Monitoring and Evaluation Expert
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့တွင် တံခွန်စက်မှု လက်မှု လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်ဖြန့်ချိရေးမှ ထုတ်လုပ်သော ပြောင်း အခွံခွာရန်မလိုသော ပြောင်းခြွေလှေ့သန့်စင်စက်ကို ပြောင်း စိုက်တောင်သူများ ဝယ်ယူနိုင်ပြီဖြစ်သည်။တံခွန်စက်မှုလက်မှုမှ ထုတ်လုပ်လျက်ရှိသော ပြောင်းဖူးခြွေလှေ့စက်မှာ မြင်း ကောင်ရေ(၂၅-၂၈) ကောင်အားပေးစက်တပ်ဆင်ထားသည်။စက်စွမ်းအားအနေဖြင့် တစ်နာရီလျှင် ပြောင်း ဖူးဆန်တင်း(၁၀၀ မှ၁၅၀အထိ) ခြွေနိုင်ပြီး ရွှေ့ပြောင်းရ လွယ်ကူသော ဘီးတပ်ခြွေလှေ့စက်ဖြစ်သည်။ ပြောင်းခြွေလှေ့စက်၏ တန်ဖိုးမှာ အားပေးစက်အပါအဝင် ကျပ်သိန်း ၃၄ ဝန်းကျင်သာရှိသော ပြည်တွင်းထုတ်စက်ဖြစ် သည်။