Main menu

Background

Monday, 20 May 2019

           သစ်တောဥပဒေ  လွှမ်းမိုးရေး၊ အုပ်ချုပ်ရေးနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (VPA/FLECT) အရ  ဇွန် ၁ ရက်မှစ၍ ပို့ကုန်အတွက် သာ ကန့်သတ်ထုတ်လုပ်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ဗီယက် နမ်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ VPA/FLECT ကို စစ်ဆေး အတည်ပြုသည့်လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဗီယက်နမ်သို့ လာရောက်သော အီးယူကိုယ်စား လှယ်အဖွဲ့နှင့် ဗီယက်နမ် လယ်ယာစိုက် ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့က မေ ၈ ရက်တွင် ကြေညာခဲ့သည်။

Monday, 20 May 2019

            တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယုယောင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စက်ရုပ်ထိပ်သီးပြပွဲကို မေ ၉ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပခဲ့သည်။  အဆိုပါ စက်ရုပ်ထိပ်သီးပြပွဲတွင် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ) ကျော်ရှိသည့် ရင်းနှီးမြုှပ်နံှမှုစီမံကိန်း သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့နိုင်ကြောင်း သိရသည်။ သုံးရက်ကြာကျင်းပသည့် အဆိုပါ ခြောက်ကြိမ်မြောက် 6th China Robotop and Intelligent Economic Talent Summit ပြပွဲကို စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုသူ အများအပြားရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Monday, 20 May 2019

           သီရိလင်္ကာနိုင်ငံသို့ ဧပြီလအတွင်း ကမ္ဘာလှည့်ခရီး သည် ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော အီစတာပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးစဉ်ပေါင်း မြောက် မြားစွာကို ဖျက်သိမ်းခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့်နိုင်ငံအတွင်း ခရီးသည်ဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းမြှင့်တင်ရေး အာဏာပိုင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

Thursday, 16 May 2019

         ဥရောပနိုင်ငံအချို့အား ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က မေ ၆ ရက်တွင် ပြော သည်။"ကျွန်တော်တို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပနိုင်ငံ အချို့ကို ဗီဇာကင်းလွတ်ခွင့်  ပေးသွားဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုပြီးတော့မှ သိရှိ လာမယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုဝန်ကြီးက ပြော သည်။

Thursday, 16 May 2019

         ဥရောပနိုင်ငံအချို့အား ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က မေ ၆ ရက်တွင် ပြော သည်။"ကျွန်တော်တို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပနိုင်ငံ အချို့ကို ဗီဇာကင်းလွတ်ခွင့်  ပေးသွားဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုပြီးတော့မှ သိရှိ လာမယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုဝန်ကြီးက ပြော သည်။

Thursday, 16 May 2019

          ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့မူပိုင် ခွင့်နေ့" အထိမ်းအမှတ် အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကြီးမှူး၍ နေပြည်တော်ရှိ Park  Royal  Hotel တွင် ကျင်းပသည်။ ပညာရေးဝန်ကြီး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ မူပိုင်ခွင့်ဌာနသည် ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ကမ္ဘာ့မူပိုင်ခွင့် နေ့အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ အမျို

Thursday, 9 May 2019

     မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် သစ်သီးဝလံများ အား တင်ပို့လျက်ရှိရာ အဓိကအားဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး၊  သရက်သီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ ဝဥနှင့်ဆီးသီးခြောက်တို့အများ ဆုံးတင်ပို့လျက်ရှိသည်။ ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးေ ရးနှင့်ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Quality Supervision, Inspection and Quarantine- AQSIQ) အဖွဲ့က မြန်မာနိုင်ငံ အနေဖြင့်   မင်းကွတ်သီး၊ Longan (တောကြက်မောက် သီး)၊   ကြက

Thursday, 2 May 2019

              မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများတွင် ပြီးပြည့်စုံ သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန်အတွက်  Experian က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နေကြောင်း သိရသည်။
Experian သည် ကိုယ်ပိုင်နည်း ပညာဖြင့် တယ်လီဖုန်းအသုံးပြုသူများ ၏ သုံးစွဲမှုနှင့် သုံးစွဲပုံအလေ့အထဆိုင် ရာ ဒေတာအချက်အလက်အပေါ် သုံး သပ်ဆန်းစစ်ထားသည့် သတင်းအချက် အလက်များကို အခြေခံကာ တရား ဝင် ချေးငွေသုံးစွဲမှု မှတ်တမ်းရှိနေရန် မလို အပ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ ငွေ ကြေးဆိုင်ရာ အထောက်အထားများ ရရှိစေရန် ပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

Thursday, 2 May 2019

       ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရ အဖွဲ့ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/ ၂၀၁၉) အစည်းအဝေးမှ ရင်းနှီးမြုှပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ၂၇ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Tuesday, 9 Apr 2019

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်နေသော လွတ်လပ် သည့်ဈေးကွက်ကို  ဖော်ဆောင်နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ်သို့  ရောက်ရှိစေရန်၊ မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တောင်သူ လယ် သမားတို့၏ အကျိုးစီးပွားကို  ပိုမိုကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရား ဝင်ခွင့်ပြုခြင်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ အမ

Pages