Background
တရုတ်လူမျိုးများသည် အနံ့စူးရှပြီး အရသာကောင်းမွန်သည့် ဒူးရင်းသီး များကို ကြိုက်နှစ်သက်ကြသဖြင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် စီစဉ်လျက် ရှိကြောင်းသိရသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုပမာဏသည် လွန်ခဲ့ သည့် ၁၀ နှစ်ကထက် ၂၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ကာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏စာရင်း ကောက်ယူမှုများအရ သိရသည်။
ဗီယက်နမ်နိုင်ငံ ရော်ဘာအုပ်စု (Vietnam Rubber Group-VRG) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Quang Tri Rubber Co., Ltd. သည် လာအိုနိုင်ငံ တွင် ရော်ဘာစိုက်ခင်းများ ထူထောင်သွားမည်ဖြစ် ကြောင်း ဗီယက်နမ် သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်ကုမ္ပဏီသည် လာအိုနိုင်ငံ၊ Saravane ပြည်နယ်ရှိ မြေဧရိယာဟက်တာ ငါးရာတွင် ရော်ဘာပင်များ စိုက်ပျိုးသွားမည်ဖြစ်ပြီး ရော်ဘာ ကုန်ချောထုတ်လုပ်သည့်စက်ရုံကိုပါ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သော်လည်း ဈေးကွက်ပိတ်ရက်ဖြစ် သည့် သောကြာနေ့တွင် ပြန်လည်ကျဆင်းလာခဲ့သည်။
ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရ ခြင်းဖြစ်သော်လည်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်မြင့်တက်နေသဖြင့် ကျဆင်းသင့်သလောက် မကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ကျောက် ပန်းတောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူအစရှိတဲ့ နယ်များမှ ပိဿာ ၃၀ ဝင်အိတ် ၁၀၀ မှ ၁၅၀ ထိ နေ့စဉ်ဝင်ရောက် နေကြောင်းသိရပါတယ်။ ကြက်သွန်နီ(အသစ်)များ ဝင်ရောက်မှုရှိသလို အဟောင်း မှာလည်း နေ့စဉ်အိတ် ၂၀၀ ဝန်းကျင်ခန့်ဝင်ရောက်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီ(အဟောင်း)မှာ မကြာခင်အစို့အပေါက်များ ထွက်ရှိလာတော့ မည်ဖြစ်သည့် အတွက် အဝယ်မလိုက်ဘဲ ကြက်သွန်နီ(အသစ်)မှာ အစိုဓာတ်အနည်းငယ်ရှိပေမယ့် ဈေးနှုန်းသင့်တင့်သည့်အတွက် (အဟောင်း)ထက် ပိုမိုအဝယ်လိုက်နေတာ တွေ့ရပါတယ်။
ပြည်ပွဲရုံများသို့ ယခုတစ်ပတ်အတွင်း ကျိုင်းတုံ၊ တောင်ကြီးတို့မှ ကြက်သွန်ဖြူ အိတ်များ ပုံမှန်ဝင်ရောက်လျက်ရှိနေပါတယ်။ ပြည်ဒေသပွဲရုံများနဲ့ ဈေးများမှာ အရောင်းအဝယ်အေးပြီး ဈေးနှုန်းများကျဆင်းလျက်ရှိနေပါတယ်။
ယခုတစ်ပတ် ကြက်သွန်နီဖြူ ဈေးနှုန်းတွေကတော့ ပွဲရုံအိတ်ဆွဲဈေး တစ် ပိဿာ (ရှမ်းစ) ကျပ် ၂၃၀၀(ကြူကုတ်စ)ကျပ်၁၆၅၀ဈေးတို့ဖြစ်ပြီး လက်လီ တစ် ပိဿာဈေး(ရှမ်းစ ကျပ်၂၈၀၀နှင့် (ကြူကုတ်) ကျပ် ၂၂၀၀တို့ဖြင့် ရောင်း ချလျက်ရှိ နေပါတယ်။ ပွဲရုံတွင် တစ်ရက်လျှင်အိတ်၂၀၀နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလည်းသိရပါတယ်။
နီနီဝင်း









