Main menu

Background

Tuesday, 20 Dec 2022

ဒီဇင်ဘာ ၁၃ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ကုန်ဈေးနှုန်းပေါက်ဈေး များမှာ  ရော်ဘာ   RSS-3 မှိုင်းခံပြား တစ်ပေါင် ကျပ် ၁၂၂၀ ၊ဒေသထွက်၁၀၈ ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ်  ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၉၀ဝ၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း  ပဲတီ စိမ်း ကျပ်၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၈၀ဝ၀၊ ပဲလွမ်းဖြူ  ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ်၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၄၉၅၀ဝ၊ မြေပဲ ကျပ် ၁၀၄၀ဝ၀၊ ၊ ရေထွက်ကုန်   တစ် ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၅၀ဝ၊ ငါးသလောက် ကျပ် ၁၁၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၅၃၀ဝ၊ တီလားဗီးရား ကျပ် ၈၀ဝ၀၊ ကင်းမွန် ကျပ် ၁၆၅၀ဝ ၊ ကကတစ်ကျပ် ၁၃၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၉၀ဝ၀၊ ငါးပုတ်သင် (ငါ

Tuesday, 20 Dec 2022

နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၇၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၀ နှင့် အီရန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

Monday, 19 Dec 2022

တရုတ်နိုင်ငံသို့ မော်တော်ကားသုံး ချစ်ပ်ပြားများ တင်ပို့နေသည့် နိုင်ငံ များထဲတွင် အမေရိကန်နိုင်ငံသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေသည်။  လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှုကို ရက်အကန့်အသတ်မရှိ  ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန်နိုင်ငံအနေဖြင့် ချစ်ပ်ပြားများ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ခြင်းကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ တိုင် ကြားထားကြောင်းနှင့် နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Wednesday, 14 Dec 2022

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ   ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ  တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ယခုတစ်ပတ် အတွင်း သြစတြေး လျနိုင်ငံ၊  ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊  အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်

Wednesday, 14 Dec 2022

မကွေးမြို့  ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်း ရွက် များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရ သည်။

Wednesday, 14 Dec 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ ၌ စက်တင်ဘာလတွင်ရွာသော မိုးကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓာတ်ဖြင့် စတင်စိုက်ပျိုးကြသည်။ အချို့မှာ မိုးရေအစိုဓာတ် အပြင် ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြ ကြောင်း၊ ရေဖြင့် ထပ်မံတင်၍ စိုက်ပျိုးသော ယာမြေများသည် မိုးရေဖြင့် စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်း မွန်ကြောင်း တောင်သူများထံမှ သိရှိရ သည်။

Wednesday, 23 Nov 2022

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ဝ၀ အထက်တွင်ရှိပြီး  စိုက်ပျိုးမြေဧရိယာ အများဆုံးမှာ ကော်ဖီ ဖြစ်သည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသည့်စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ဧကရှိပြီး စိုက်ပျိုး ပြီး ဧကမှာ ၉၈၀၆ ဧကဖြစ်သည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta  အမျိုးအစားဖြစ်သည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိသည်။ ယခုနှစ် ကော်ဖီအထွက်နှုန်းမှာ  တစ်ဧကလျှင် ၁၇၂ ပိဿာ ရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့်   ထွက်ရှိသည်။  သံတောင်ကြီး မြို့နယ်သည် သီးနှံများ စိုက်ပျိုးရာတွင် ဓာ

Tuesday, 22 Nov 2022

ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ပြိုင်ပွဲမစတင်မီ  နှစ်ရက်အလိုတွင် ကစားကွင်းများအတွင်း  ဘီယာရောင်း ချမှုကို  ပိတ်ပင်တားမြစ်လိုက်ကြောင်း စီအင်န်ဘီစီ သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်ရက်အလို ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက်တွင် ဘောလုံး အားကစားကွင်းများအတွင်း  ဘီယာ ရောင်းချမှုအားလုံးကို  တားမြစ်ပိတ်ပင် လိုက်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) က  နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

Friday, 11 Nov 2022

အစေ့ထုတ်ပြောင်းသီးနှံသည်  ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်း ချရန်အတွက် အရေးပါသော  သီးနှံတစ်မျိုးဖြစ် သည်။ အစေ့ထုတ်ပြောင်းသီးနှံကို  တောင်ပေါ် ဒေသများတွင် ဧကရီ၊  ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊စူဝမ်(၃)၊ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို   အဓိကထားပျိုးကြ သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့် ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊စနယ် မြေ၊ သဲနုန်းမြေ၊ မြေနီနှင့်  စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင

Friday, 11 Nov 2022

ယခုတစ်ပတ်တွင် ပြည်ပွဲရုံများသို့ တစ်ရက်လျှင် ချင်းအိတ်  ၅၀၊ ၆၀  ခန့် ဝင်ရောက်နေသည်။ ဝင်ရောက်လာသော ချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓာတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန် ဖြစ် သည်။ ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်းငယ်ကျလာသည်။ ကထိန်ရာသီဖြစ်သည့်အတွက် ဓားလှီးချင်းသမားများ အဝယ်လိုက်နေသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၆၀ဝ သည် အိတ်ဆွဲဈေး ဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ချင်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ ဈေးဖြစ် ပြီး ယခင်တစ်ပတ်ကထက် ပွဲရုံဈေး တစ်ပိဿာပေါ်တွင် ၁၀ဝ ကျပ် ဈေးထပ်မံကျဆင်းလာသည်။

Pages