Background
မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။
ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့် ပဲလွမ်းကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင
ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် SIAL Paris Inspire Food Business ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုး ရောင်းချသူများအသင်းမှ ဝင်ရောက်ပြသသည့် အသီးအနှံခြောက်မျိုး အနက် မက္ကဒေးမီးယားကို ပိုမို စိတ် ဝင်စားကြကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းမှ ပြသသည့် ထောပတ်သီး၊ သရက် သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုတ်သီး တို့အနက် မက္ကဒေးမီးယားကို ပြပွဲလာရောက်သူများက ပိုမိုစိတ်ဝင်စားမှုရှိခဲ့ ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။“အသီးအနှံ ခြောက်မျိုးမှာ သူတို့ စိတ်ဝင်စားတာ မ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။ လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ ဦးသန်းထိုက်က ပြောသည်။ဒေသတွင်း၌ ဆိတ်ကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် မွေးမြူလာ ကြသည
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ အောက်တိုဘာလ
ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့
အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၁၃၄၁၀ဝ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည်။
BMWသည် ၎င်းတို့၏ လျှပ်စစ်မီနီကားထုတ်လုပ်မှုကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး တိုးချဲ့ထုတ်လုပ်နေပြီဖြစ် ကြောင်း သိရသည်။BMW အနေဖြင့် ပထမဆုံး လျှပ်စစ်မီနီကားများကို ၂၀၁၉ ခုနှစ် ဇူလိုင်လကပင် အင်္ဂလန်ရှိ အောက်စ ဖို့ဒ်ရှိုင်းယားတွင်ထုတ်လုပ်နေရာ ၂၀၂၄ ခုနှစ်တွင် လျာထားချက် အတိုင်းအစီးရေလေးသောင်း ပြည့်မည်ဖြစ်သည်။BMW အနေဖြင့်၎င်းတို့၏ လျှပ်စစ်မီနီကား ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ခြင်းသာ ဖြစ်ပြီး အင်္ဂလန်ရှိ အောက်စ်ဖို့ဒ်ရှိုင်းယား၌ ထုပ်လုပ်မှုမှာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ BMW သည် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကား ထုတ်လုပ်ရေးအတွက် မော်တော်ကား စက်ရုံကို ၂၀၂၀ြုပြည့်
အောက်တိုဘာလ တတိယပတ်ထဲသို့ ရောက်ရှိလာချိန်တွင် ဂျပန်ယန်းငွေ တန်ဖိုးသည် သိသိသာသာ ကျဆင်းမှုများရှိလာပြီး နှစ်ပေါင်း ၃၂ နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက် တွင် ဖော်ပြထားသည်။အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၄၉ ယန်းနှင့် ညီမျှနေခြင်းကြောင့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ဂျပန်ယန်းငွေတန်ဖိုး သိသိ သာသာကျဆင်းနေမှုကို ဂျပန်အာဏာပိုင် များက ထပ်မံသတိပေးထားပြီး ငွေကြေးဈေးကွက်ကို စောင့်ကြည့်နေကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရူနီချီဆူဇူကီးက ပြောဆိုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်း အင်းအိုင် ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်း ထွက်သည့်အနက် ပဲခူးဒေသ ထွက် ငါးရံ့ခြောက်သည်နာမည်ကြီးသည်။ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်ဆားပေါ့၍အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့်လက်ဆောင်ပေးခြင်းအတွသော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်မျ