Main menu

Background

Friday, 17 Mar 2023

ပြည်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ငါးနီတူခြောက်များကို မလေးရှားနိုင်ငံသို့  Handcarry ဖြင့် တိုက်ရိုက်တင်ပို့မှုအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ တင်ပို့လျက်ရှိပြီး ယခုအခါ ပင်လယ်ရေကြောင်းက တင်ပို့နိုင်ရေး ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားဆောင်ရွက်လျက်ရှိသည်။  ကုန်ကြမ်းအား ရခိုင်ပြည်နယ်   သံတွဲမြို့နယ်အတွင်းရှိ    လှေကြီးချိုင်ရွာမှ ဝယ်ယူပြီး ပြန်လည်သန့်စင်၍  တင်ပို့ကြောင်းသိရှိရသည်။ ပြည်ပမှ ငါးနီတူခြောက် ဝယ်ယူသူမှာ ယခင်က ထိုင်းနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး   ထိုင်းငါးနီတူခြောက်မှာ ကြော်လျှင် မာဆတ်လျက်ရှိသည့်အတွက် မြန်မာငါးနီတူခြောက်နှင့် ယှဉ် လျှင် မြန်မာငါးနီတူခြောက်မှာ စား၍ပိ

Friday, 17 Mar 2023

၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည် ၃၈၀ဝ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၅၀ဝကျပ်၊ မနောသုခ တစ်ပြည် ၂၃၅၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၀ဝ၀ကျပ်၊ (လတ်)တစ်ပိဿာ ၁၈၀ဝကျပ်၊ (သေး)တစ်ပိဿာ ၁၅၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 

Friday, 17 Mar 2023

မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်  ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၈၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၅၃၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ 

Thursday, 16 Mar 2023

မြန်မာနိုင်ငံအထက်ပိုင်း အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာချည်ထည်များကို အများဆုံး ဝတ်ဆင်လေ့ရှိကြသည်။

Thursday, 16 Mar 2023

ထိုင်းနိုင်ငံသို့ ယခုနှစ်တွင် နိုင်ငံတကာ ခရီး သွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း thailand-business-news  သတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သလို အာရှနိုင်ငံအများသည်လည်း ကိုဗစ်(၁၉) ကန့်သတ်ချက်များကို ဖြေလျှော့ရုပ်သိမ်းမှုများ ရှိလာပြီဖြစ်သည်။ သို့အတွက်ကြောင့် ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံသို့ တရုတ်၊ မလေးရှားနှင့် လာအို စသည့်နိုင်ငံများမှ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

Friday, 3 Mar 2023

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခိုင်၊တောင်ငူ မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း  ဝင်ငွေရရှိသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံ ခြံအကျယ် အဝန်းရှိနေမှုကို အကျိုးရှိစွာ အသုံးပြုထားသည် ကို တွေ့ရှိရသည်။ 

Tuesday, 28 Feb 2023

၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို တိုက်ခန်းများ  ဝယ်ယူသည့်  ထိပ်တန်းငါးနိုင်ငံ စာရင်းကို  ထုတ်ပြန်လိုက်ရာ တရုတ်နိုင်ငံသား များက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့်(၅)နေရာတွင်  ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Centre - REIC) ၏ ထုတ်ပြန် ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင်   ကိုဗစ်စည်းကမ်းများ တင်းကျပ်ချိန်မှစတင်ကာ တရုတ်နိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေများ ဝယ်ယူရန်  ကြိုးပမ်းခဲ့ကြပြီး အများစုမှာ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူခဲ့ကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။

Tuesday, 28 Feb 2023

ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိသည်။ 

Tuesday, 28 Feb 2023

ဆီးသီး   အမျိုးပေါင်းများစွာ ရှိသည့်အနက်မှ   လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး  ရွှေစက်တော် သို့သွားသောလမ်းမကြီးပေါ်ရှိ လေးပင် ရွာမှထွက်ရှိသည်။  ဆီးပင်၏  မူရင်း ဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ ROSACEAE) ဖြစ်ပြီး ရုက္ခ ဗေဒအမည်မှာ   Zizyphus   jujuba ဖြစ်ကာ အင်္ဂလိပ်အမည်မှာ  plum or jujube ဖြစ်သည်။ 

Pages