Background
ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၂၈၃ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တန်ချိန် ၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၄ တန်၊ သီရိ လင်္ကာနိုင်ငံသို့တန်ချိန်၂၀နဲ့ အိန္ဒိယနိုင်ငံ သို့၈၉ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတစ်တန်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် ၂၈၀ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ တယ်။ နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉၉၇၅၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က နနွင်းတစ်တန်ကိုပျမ်းမျှအမေရိကန်ဒေါ်လာ ၇၅၀- ၇၇၀ ဝန်းကျင်ရ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိနေသဖြင့် အရောင်းအဝယ်များ သိသိသာသာအေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အေးနေတာကြောင့် ပြည်ပွဲရုံများတွင် ယခုတစ်ပတ် လက်ကားဈေးတစ်ပိဿာလျှင် ပျမ်းမျှကျပ် ၁၀၀ ခန့် ဈေးကျသွားခဲ့ပါတယ်။ လက်ကားဈေး အနည်းငယ်ကျပေမယ့် လက်လီဝယ်ရောင်းသမားများမှ ယခင်ဈေးအမြင့်နှင့် ဝယ်ယူထားသည့် ပစ္စည်းလက်ကျန်များရှိနေသည့်အတွက် လက်လီဈေးမှာ ကျဆင်းမှုမရှိဘဲ ယခင်တစ်ပတ်ကအတိုင်း ဈေးအမြင့်ဖြင့် လက်လီဈေးများတွင် ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ဝင်ရောက်မှုအနေဖြင့်လည်း အရောင်းအဝယ်မကောင်းသည့်အတွက် ပုံမှန်ထက်အဝင်နည်းေ နတာ တွေ့ရပါတယ်။ အရောင်းအဝယ် သိသာစွာ အေးနေသည့်အတွက် ဈ
သြဂုတ်လဒုတိယပတ်တွင် မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းသွားပေမယ့် ပြည်တွင်း သုံးဝယ်လိုအားမြင့်နေဆဲမို့ ဈေးဆက်လက်မာခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး တ စ်တင်းလျှင် ကျပ် ၄၂၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၀၀၀၀၊ ၉၂၉ တစ် တင်းလျှင်ကျပ်၄၀၅၀၀အထိ ဈေးအသီးအသီးမာနေပြီးဒေသတွင်းနှင့် မန်းဝယ်လက်အဆွဲရှိတာကြောင့် တစ်ရက်အိတ် ၈၀၀မှ၇၀၀ကြား အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ငုံနီတစ်တင်းလျှင် အမြင့်ဆုံးဈေး ၁၇၇၀၀ကျပ်ဝန်းကျင်ရှိပြီး ကျဈေးဖြင့် ဈေးအေးနေကာ တစ်ရက်အိတ် ၈၀၀-၁၀၀၀-၂၀၀၀ ဖြင့် ပုံမှန်မဟုတ်ဘဲအရောင်း အဝယ်မငြိမ်ဖြစ်နေတယ် လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်
ပြည်ဈေးကွက်တွင် မိုးမြေပဲသစ်များ ထွက်ပေါ်နေပြီ ဖြစ်သော်လည်း တစ်နေ့လျှင် အိတ် ၂၀၀ ခန့်သာ ဝင်ရောက်မှုရှိသဖြင့် အဝင်နည်းသေးတာ တွေ့ရပါတယ်။ ရွှေတောင်၊ ပေါင်းတည်၊ ဇီးကုန်းနဲ့ ပေါက်ခေါင်းဘက်မှ ဝင်ေ ရာက်မှုရှိပေမယ့် အနည်း ငယ်သာ ဝင်ရောက်နေလို့ ဈေးမငြိမ်ဘဲ အတက်အကျရှိနေပါတယ်။ ဝယ်လိုအားရှိရင်ရှိသလို ဈေးမြင့်ပြီး ဝယ်လိုအားနည်းရင် နည်းသလို ဈေးကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ ဆီဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ်၁၀၀ ဈေးပိုလာပြီး ဆီဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ နဲ့ ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေပါတယ်။ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၄၅၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ်
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောအရောင်းအဝယ်အေးနေပြီး ဆန်ကြမ်းသာ အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါတယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၃၅၀၀၀၊ လတ်စတစ် အိ တ်ကျပ် ၃၃၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်တစ်အိတ် ကျပ်၃၆၅၀၀၊ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်တစ် အိတ်ကျပ် ၄၈၀၀၀မှ ၄၉၀၀၀နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ငြိမ်နေကြောင်းသိရပါတယ်။ ဆန်ကြမ်းဧည့်မထနဲ့ အိတ်စပို့၂၅ မှတ်တစ်အိတ်ကို ကျပ်၃၀၀ ခန့်ဈေးတက်ပါတယ်။ ဧည့်မထဆန်ထိပ်စတစ်အိတ်ကျပ် ၂၀၆၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၈၃၀၀၊အိတ်စပို့ ၂၅ မှတ် တစ်အိ
ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အားထုတ်နိုင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံခြားကုန်သွယ် မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ အဒူချိုတီနီဆခွန်းက ခရီးစဉ်အား သြဂုတ် ၇ ရက်မှ၁၂ ရက်အထိ သွားရောက်ရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကို လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ရန်ေ ဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ နယ်စပ်ကုန်သွယ်မှု ပမာဏအား ငါးရာခိုင်နှုန်း မြင့်တက်ပြီး တန်ဖိုး ဘတ် ၁ ဒသမ ၈ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။
စီးပွားရေးးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.
ချက်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ် နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ်အရ ကုန်တင်ရထား ဖြင့် ကုန်သွယ်မှုပြုလျက်ရှိရာ ချက်နိုင်ငံ မှ ကုန်ပစ္စည်းများကို တင်ဆောင်ခုတ် မောင်းလာသည့် ကုန်တင်ရထား သည် တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့ ပြန်လည်ဆိုက်ရောက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ အဆိုပါ ကုန်တင်ရထားသည် ပရာ့ဂ်မြို့မှ ဇူလိုင် ၂၀ ရက်က ထွက် ခွာလာခဲ့ခြင်းဖြ စ်ပြီး တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့ သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်ဖြင့် ဥရောပနိုင်
Smart Business Group မှ ကြီးမှူး၍ Yangon Expo & Thai Products Fair 2017 ကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။ ပြပွဲတွင် နိုင်ငံ တကာမှ ကုန်ပစ္စည်းများအပြင် ထိုင်းနိုင်ငံရှိ ပင်ရင်းကုမ္ပဏီများ၊ စက်ရုံကြီးများ၊ လက်ကားလုပ်ငန်းရှင်များ၊ မြန်မာ နိုင်ငံတွင် ကုန်ပစ္စည်းဖြန့်ဖြူးရန်အတွက် ကိုယ်စားလှယ်ပေးလိုသည့်လုပ်ငန်းရှင်များက ပြခန်းပေါင်း ၁၅၀ ကျော်ြ ဖင့် လာရောက်ပြသ ရောင်းချကြမည်ဖြစ်သည်။ အဆိုပါပြပွဲတွင်ရောင်းချကြသည့် ကုန်ပစ္စည်းများအား အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြပွဲသို့လာရောက်ကြသည့် ပြည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူ ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး Pan Sorasak နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီး Qamrul Islam တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သြဂုတ်လ ၂ ရက်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီးက မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းနှင့် ပေါင်းဆန်တန်ချိန်ငါးသောင်းတို့ကို အမြန်ဆုံးဝယ်ယူလို




_5.jpg?itok=ZyI03xT4)





