Main menu

Background

Monday, 27 Feb 2017

        ယဉ်ကျေးမှုမြို့တော် မန္တလေးတွင် မြန်မာမှု လုပ်ငန်းများစွာရှိသည်။ ထိုအထဲတွင် ရွှေချည်ထိုးလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေချည်ထိုးဆိုသည်မှာ အဝတ်အထည် အဆောင်အယောင်တို့နှင့် ဆက်စပ်နေသော် လည်း မရှိမဖြစ် အသုံးပြု ရသော နေ့စဉ်သုံးကုန်ပစ္စည်းမဟုတ်ပေ။ အခမ်းအနား၊ အလှူမင်္ဂလာ၊ ကုမ္ပဏီ၊ ရုံးခန်းတို့တွင် အလှဆင်သည့် အရာတစ်ခုဖြစ်သည်။ ရှင်ပြု ပွဲ အခမ်းအနားများ၊ ဇာတ်သဘင်ပွဲများတွင် အသုံးပြုကြသည်။ ထီးနန်းသုံး၊ တော်ဝင်သုံးပစ္စည်း ဟုဆိုလျှင်လည်း ရသည်။ မန္တလေးတွင်  မြန်မာမင်း နေပြည်တော်ရှိစဉ်အခါက ရွှေချည် ငွေချည်ထိုးထားသည့် အဆောင်အယောင်များကို ရာထူးရာခံ အဆင့်လိုက် အသုံးပြုကြသည်ဟု သိရသ ည်။ နန်းတော်အတ

Wednesday, 22 Feb 2017

      ဖုန်ဒင်းစကာဗီ ကုမ္ပဏီသည် ဟွေးမြို့တော် ဖုန်ဒင်းစက်မှုဇုန်တွင် ချည်ထည်နှင့် အထည်ချုပ်လုပ်ငန်းကို အထူးပြုဆောင်ရွက်သော စက်မှုစင်တာတစ်ခုကို တည်ေ ဆာက်နေသည်ဟု  ကုမ္ပဏီဥက္ကဋ္ဌ ထရန်ဗန်မိုင် က ပြောေ ကြာင်း ဗီယက်နမ်နယူးစ် သတင်းတွင် ဖော်ပြသည်။ ယခုစက်ရုံမှာ ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးတည်ေ ဆာက်သော စက်ရုံဖြစ်ပြီး ၂၀၁၅ ခုနှစ် ၂၀၁၆ ခုနှစ်တို့တွင် စမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သည်။ ဤစက်ရုံကို ယခုနှစ် ဒုတိ ယ သုံးလပတ်တွင် စတင်လည် ပတ် တော့ မည်ဖြစ်ကြောင်းနှင့် စက်ရုံကို စမ်းသပ်လည်ပတ်လိုက်ခြင်းအားဖြင့် ပူးတွဲအထောက်အကူပြု လုပ်ငန်းများ၊ ဒီဇိုင်းလုပ်ငန်းစသည့် အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်ေ နသော အစိတ်အပို င်းများလည်

Wednesday, 22 Feb 2017

       ကုန်သွယ်မှုတွင် ကိုယ်ကျိုးစီးပွား ကာကွယ်မှု ကြောင့် စိုးရိမ်နေချိန်တွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ် (အက်ဖ်တီအေ) များ အဆင့်မြှင့် တင်ရေး စေ့စပ်ညှိနှိုင်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တောင် ကိုရီးယားနှင့် အရှေ့တောင် အာရှနိုင်ငံတို့က  သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယားနှင့် အာဆီယံတို့ အက်ဖ်တီ အေစေ့စပ်ညှိနှိုင်းမှုများကို ၂၀၀၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ထိုအချိန်က ကိုရီးယားအာဆီယံ အက်ဖ်တီအေ အကောင်အထည်ဖော်ရေး ကော်မတီ တွင် စင်ကာပူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွ က် နေချိန

Wednesday, 22 Feb 2017

         လုပ်ငန်းသစ်များ  ထူထောင်ရန်၊ အလုပ်အကိုင်သစ်များ ဖန်တီးရန်နှင့် စီးပွားရေးပြန်လည် ရှင်သန်လာစေရန်  တောင်ကိုရီးယားအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ဈေးကွက်သို့ ဝင်ေ ရာက်နိုင်မည့် ထူထောင်စလုပ်ငန်းသစ် ၁၀၀ ကို ပြုစုပျိုးထောင်ပေးသွားမည်ဟု ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ဝှမ်ဂျိုးအမ်းက ကတိပြုခဲ့ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ဤရည်မှန်းချက်ကို အောင်မြင်အောင် ဆောင် ရွက်ရန်အတွက် အစိုးရက "မဟာဗျူဟာ မြောက် အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်သည့် အကူအညီများ"ကို ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အကူအညီများတွင် တောင်ကိုရီးယား ထူထောင်စလုပ်ငန်းများ အား နိုင်ငံခြား ဈေး

Tuesday, 21 Feb 2017

      ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ၌ ဆောင်းမြေပဲ စတင်စိုက်ပျိုးချိန်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အစိုဓာတ်များခြင်းတို့ကြောင့် စိုက်ပျိုးပြီး နှစ်ပတ်သုံးပတ်အကြာတွင်  ရွက်ပြောက်ရောဂါ ပိုးများ ကျရောက်ခဲ့ပါသည်။ အပွင့်ပွင့်ချိန်တွင် ရောဂါပိုများကျရောက်သဖြင့် မြေပဲအုချိန်တွင်ဥများနည်း ခြင်း၊ အတောင့်များ ဖွံ့ဖြိုးမှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်း လျော့နည်း နိုင်ကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိ ရပါသည်။

Tuesday, 21 Feb 2017

      ပြည် မန်ကျည်းမှည့်ပွဲရုံများတွင်  ရွှေတောင်၊ ကျီးသဲ၊ အောင်လံ၊ ဆင်တဲ၊ ကြံခင်း၊ မြန်အောင်အစရှိတဲ့ဒေသများမှ မန်ကျည်းမှည့်များ လှိုင်လှိုင်ဝင်ရောက် နေတာတွေ့ရပါတယ်။ တစ်ပတ်ထက်တစ်ပတ် အဝင်များလာပြီး အစေ့ ပါရော၊ အစေ့အနည်းငယ်ပါနှစ်မျိုးစလုံး ဝင်ရောက်လျက်ရှိနေတာတွေ့ရပါတယ်။ ပွဲရုံဈေး တစ်ပိဿာလျှင်(အစေ့ပါ)ကျပ် ၁၄၀၀နှင့် (အစေ့မပါ)ကျပ် ၂၂၀၀ တို့ဖြစ်ပါတယ်။ ဒေသတွင်း တစ်ပိဿာဈေးနှုန်းကတော့ မန်ကျည်းမှည့် (အစေ့မပါ) ကျပ် ၂၅၀၀ နှင့်(အစေ့ပါ)ကတော့ ကျပ် ၁၈၀၀တို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ရခိုင်ဘက် သို့ ရက်ခြားပိဿာ ၃၀ ဝင်အိတ် ၂၀ ကျော် တင်ပို့နေကြောင်းလည်း သိရပါတယ်။ ယခုတစ်ပတ်တွင် မန်ကျည်းမှည့်တစ်ပိဿာလျှင် ကျပ်

Tuesday, 21 Feb 2017

   မုံရွာ(ပွဲရုံ) စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီတတိယပတ်မှာ ကြက်သွန်နီဈေးနှုန်း ဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။ မိုးကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများလာကာ နေ့စဉ် ပိဿာ ၂၀၀၀၀ ကျော်အဝင်ရှိပြီး ဈေးဆက်လက်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှ သိရှိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကားတစ် ပိဿာ(ကြီး)ကျပ်၁၁၀၀၊ (လတ်)ကျပ် ၁၀၀၀၊ (သေး) ကျပ် ၉၀၀ နှု န်းရှိပြီး လက်လီ ဈေးနှုန်းတစ်ပိဿာ(ကြီး) ကျပ် ၁၄၀၀၊ (လတ်)ကျပ်၁၃၀၀၊ (သေး)ကျပ် ၁၂၀၀နှုန်း ဖြစ်ပြီး ယခင်တစ်ပတ်ပွဲရုံပေါက်ဈေးမှာတစ်ပိဿာ(ကြီး)ကျပ် ၁၄၀၀၊(လတ်) ကျပ် ၁၃၀၀၊(သေး)ကျပ် ၁၂၀၀၊လက်လီဈေးနှုန်း တစ်ပိဿာ( ကြီ

Tuesday, 21 Feb 2017

        စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ဈေးကျလာတာကိုတွေ့ရပါတယ်။ဈေးနှုန်းကျနေသော်လည်း ကြက်သွန်နီအဝင် နည်းမသွားဘဲ များလာတာ ကို အောက်ပါဇယားအရ တွေ့ရပါ တယ်- ယခင်တစ်ပတ်က တင်ပြခဲ့သလို မိုးရွာခဲ့လို့ နောက်ကျစိုက်တဲ့ ကြက်သွန် တွေ အထွက်လှိုင်လို့ အဝင်မြိုင်လာတာ လားဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံရဲ့ကြက်သွန် နီ ၁၂ ဘီး ကား ၁၀ စီးကျော် တင်သွင်းလာတယ်လို့လည်းသိရှိရပါတယ်။ တန်ချိန် ၃၀ နဲ့ ၃၅ တန်ကြားဝင်မယ်လို့ခန့် မှန်းကြပြီး ပိဿာချိန်အနေနဲ့ ပိဿာ ၂၀၀၀၀ နဲ့ပိဿာ ၂၅၀၀၀ ကြားရှိမယ် ခန့်မှန်းရပါတယ်။ တရုတ်ကြက်သွန်တွေ ကို ဈေးကွက် ကမကြိုက်

Tuesday, 21 Feb 2017

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဗန်းမောက်၊ ပုလဲ၊ ဟုမ္မလင်းမြို့နယ်တို့တွင် ကြယ်ပဲကို တစ် ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးလာကြောင်း၊ စိုက်ဧက၂၅ ဧကခန့်ရှိနိုင်ကြောင်း မုံရွာမြို့ရှိ  ခြံရှင်တစ်ဦးထံ မှ သိရပါတယ်။ မုံရွာမြို့ နယ်တွင် စိုက်ပျိုးသက် နှစ်နှစ်ခန့်ရှိ ခြံတစ်ခြံမှာ အသီးများစတင်ထွက်ပေါ်နေပြီဖြစ်ရာ အသီးကိုလှော်၍ စားသောက်ကုန်ပစ္စည်း အဖြစ် ဈေးကွက်တင်ရောင်းချနေပြီလို့သိရပါတယ်။  ပလပ်စတစ်ဗူးတစ်ဗူး (နို့ ဆီဗူးတစ်ဗူး ဝင်ဆံ့သည့်)လျှင် ကျပ် ၂၀၀၀ ဈေး ရှိပြီး အရောင်း အဝယ်သွက်ကြောင်း လည်းသိရပါတယ်။ ဒေသတွင်းကြယ်ပဲဈေးကွက်မှာ အရည်အသွေးaကာင်းပြီး၊ အတွင်း ဆန်မှိုမကပ်ပါက ကြ

Tuesday, 21 Feb 2017

       ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာ ရွှေဘို ပေါ်ဆန်းဆန် အသစ်(ရှယ်) အရောင်းအဝယ်သွက်ပြီး ဈေး အနည်းငယ်တက်လာကြောင်းသိရပါတယ်။  ဖျာပုံ၊ ပုသိမ်၊ မြောင်းမြနဲ့ ကျိုက်လတ်ပေါ်ဆန်းဆန်တွေကေ တာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ်၃၀၀၀၀နဲ့  လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၂၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ်အိတ်ကျပ်၂၇၀၀၀ နဲ့ဈေးငြိမ်နေသော်လည်း ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်)ကတော့ တစ်အိတ် ကျပ် ၃၅၀၀၀မှ ကျပ် ၃၇၀၀၀အထိဖြစ်ပြီး ယခင်တစ်ပတ်ထက် တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့်ဈေးတက်လာကြောင်းသိရပါတယ်

Pages