Background
ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ၂ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဝန်ကြီးဌာနကဆို ယခုလအတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ နိုဝင်ဘာလမှာ တန်ချိန် ၅ ဒသမ ၄ သန်းခန့်မှ ဒီဇင်ဘာလမှာ ၅ ဒသမ ၃ သန်းကို လျော့ကျနိုင်တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ပဲပုပ်ဆီတင်သွင်းမှုကတော့ တန်ချိန် ၁၉၅ဝဝဝ တန်ခန့်ထိ ရှိလာနိုင်လို့ ယခင်လတင်သွင်းမှု တန်ချိန် ၉၉၁ဝဝ ထက်တိုးတက်ပြီး စားအုန်းဆီ တင်သွင်းမှုကတော့ ယခင်လက တန် ချိန် ၃၄၁၈ဝဝ ရှိခဲ့ရာမှ ယခုလမှာ တန်ချိန် ၂၁၄၁ဝဝ ကို လျော့ကျ တင်သွင်းဖွယ်ရှိတယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ ဆီထွက်သီးနံှထုတ်ကုန် တင်သွင်းမှုနဲ့ ပတ်သက်လို့ လဝက်မှာ အမြဲတမ်းထုတ်ပြန်လျက်ရှိပြီး ယင်းဌာန ရဲ့ ခန့်မှန်းတဲ့ပမာဏဟာ အမှန်တကယ် တင်သွင်းတဲ့ ပမာဏထက် ပုံမှန်အား ဖြင့် လျော့ကျပါတယ်လို့ တရုတ်နိုင်ငံ တော် ကောက်ပဲသီးနံှနဲ့ ဆီသတင်း အချက်အလက်ဌာနက ပြောကြားပါ တယ်။ ယမင်းခင်၊Sources: bloonberg .com
ပဲပုပ် လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ဈေးကွက် ယခင်တစ်ပတ်က ပြည်ဈေးကွက် မှာ လက်လီလက်ကား ဝယ်ယူသူများ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲပုပ်ဟာ ယခုတစ်ပတ်မှာ တိုင်းအတွင်းရှိဝယ်ယူ သူများဖြင့် အရောင်းအဝယ်ဖြစ်ကာ လက်ကျန်မရှိတော့ကြောင်း သိရပါ တယ်။ ပဲပုပ်လက်ကျန်မရှိတော့ပေမယ့် ယခင်တစ်ပတ်ဈေးအတိုင်း ပိဿာ ၂ဝ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့် ထားဆဲဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
မြေပဲပေါ်ချိန် အဝင်လှိုင်လို့ ဈေးချို ဒီတစ်ပတ်မှာ မြေပဲဈေးအနည်းငယ်ကျလာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ရှိ တောင်ကြီးရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နဲ့ လွိုင်လင်ခရိုင် ခိုလန်၊ ကွန်းဟိန်းစတဲ့ နယ်တွေက မြေပဲများအဝင်များလာလို့ ဈေးကျလာတယ်လို့ ဆိုပါ တယ်။ ယခင်တစ်ပတ်က မြေပဲ ဆီဆံတစ်ပိဿာ ၁၅ဝဝ ကျပ်၊ ဆုံဝင် တစ်ပိဿာ ၁၆၅ဝ ကျပ်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ မြေပဲဆီဆံ တစ်ပိဿာ ၁၄၅ဝ ကျပ်၊ ဆုံဝင်တစ်ပိဿာ ၁၅၅ဝ ကျပ်၊ ၁၆ဝဝ ကျပ်ဈေးနဲ့ အနည်းငယ်ကျလာပါတယ်။ မြေပဲဖတ် တစ်ပိဿာ ၇၇ဝ ကျပ်၊ မြေပဲဆီသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ မြေပဲဆီအရော ၃ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဆီစက်လုပ်ငန်းရှင်များ ထံက သိရပါတယ်။စောယုထွေး
မုံရွာကုန်စည်ဒိုင်နှမ်းအဝင်လှိုင်လို့ ဆီဈေးကျလာ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ဆီထွက်သီးနံှဈေးကွက်အနေနဲ့ နယ်စုံက နှမ်းမျိုးစုံဈေးကွက်ထဲ အဝင်လှိုင်လာခဲ့လို့ နှမ်းမျိုးစုံဈေးကျလာခဲ့ရာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၃၂ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အသီးသီး ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို နှမ်းအဝင်လှိုင်လာပြီ နှမ်းဈေးအေးလာလို့ ဆီဈေးလည်း ကျဆင်းလာခဲ့ရာ ယခုတစ်ပတ်အတွင်း နှမ်းဆီ တစ်ပိဿာ ၂၉ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်၊ ပဲဆီ တစ်ပိဿာ ၃၁ဝဝ ကျပ်မှ ၃ဝ၅ဝ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၄၆ဝ ကျပ်အသီးသီးဈေးအေးသွားခဲ့တယ်လို့ သိရပါတယ်။ ယခုပတ် အတွင်း မန္တလေးဝယ်လက်ရှိခဲ့လို့ နှမ်းမျိုးစုံတင်း ၃ဝဝဝ ခန့် မုံရွာဈေးကွက်ကနေ မန္တလေးကို စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
နှမ်းဖြူတင်ပို့မှု သိသိသာသာမြင့်တက် မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း နှမ်းရောင်စုံ ၁၇၂၂ တန်နီးပါး ကန်ဒေါ်လာ ၂ ဒသမ ၃၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။နှမ်းဖြူ ၇၇၂ တန်၊ နှမ်းနက် ၅၆၈ တန်နဲ့ နှမ်းအခွံချွတ် ၃၈၂ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလကထက် နှမ်းဖြူ ၈၂၈ တန်၊ နှမ်းနက် ၁၇၉ တန်နဲ့ နှမ်းအခွံချွတ် ၁၂၇ တန် အသီးသီးတင်ပို့မှု ပိုမိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ သုံးငွေဈေး ပြောင်းလဲမှုမရှိဘဲ မိမိဘက်မြေပြင် ပေါက်ဈေးကတော့ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၂၅၂၇၇ ၁၁၁၃၉၇၇ ၁၁၃ဝဝ ၁ ၁၃၃၉ ၁၃ဝ၃ ၃၆ ၂ .၇နှမ်းနက် ၁၄၇ဝ၁၅၁ ၁၄၃ဝ၉၅၁ ၃၉၂ဝဝ ၃ ၁၆၃၇ ၁၆၃၄ ၃ ဝ .၂MIRT (DOBT)
နှမ်းတန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက်တင်ပို့ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့်နဲ့ ဆက်လက် တင်ပို့မှု အားကောင်းနေပါတယ်။ နှမ်းစိုက်ပျိုးတဲ့ ဒေသအသီးသီးမှာ နှမ်းအသစ်တွေလည်း ဝင်လာပြီဖြစ်ပြီး တရုတ်ဘက်က အဆွဲနည်းနည်းအေးသွားလို့ ပြည်တွင်းဈေးလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၂ဝ- ၁၉၇ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၂ဝ-၁၆၇ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန် ဒေါ်လာ ၁၄၂ဝ-၁၄၇ဝ အသီးသီး ရှိကြောင်း သိရပါတယ်။ MIRT - MAPT
စားအုန်းဆီဈေးနှုန်းများ(၆-၁၂-၂ဝ၁ဝ မှ ၁ဝ-၁၂-၂ဝ၁ဝ နေ့ထိ) ရေတွက်ပုံ- ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၆-၁၂-၂ဝ၁ဝ ၁၂၁ဝ(၂) ၈-၁၂-၂ဝ၁ဝ ၁၂၁၅(၃) ၉-၁၂-၂ဝ၁ဝ ၁၂၂ဝ(၄) ၁ဝ-၁၂-၂ဝ၁ဝ ၁၂၂ဝ ှSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁ဝ-၁၂-၂ဝ၁ဝ US$/Ton နိုဝင်ဘာလပဉ္စမပတ် ဒီဇင်ဘာပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁ဝ၇၇ .၅ဝ ၁၁၄၇ .ဝဝRBD P.Oilen ၁၁ဝ၃ .ဝဝ ၁၁၄၆ .ဝဝRBD P.Strarin ၁ဝ၇၃ .၅ဝ ၁ဝ၈၈ .ဝဝ Source: econ.mpob
တရုတ်နိုင်ငံက သိုလှောင်ထားရှိမယ့်အခြေအနေကြောင့် စားအုန်းဆီဈေး ၃ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိနိုင် အာဂျင်တီးနားမှာ ရာသီဥတု ပူတာကြောင့် ပဲပုပ်စိုက်ပျိုးမှုကို ထိခိုက် ခဲ့တဲ့အတွက် တရုတ်နိုင်ငံက စားအုန်းဆီတင်သွင်းမှုတိုးတက်မယ့် အခြေအနေ အရ စားအုန်းဆီဈေးဟာ ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံးဈေးကို ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ G G N International မှ ဒါရိုက်တာGovindlal G. Patel က ပြောကြားပါတယ်။မတ်လအတွက်ကြိုပွိုင့်ဈေးက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၇၂ )ထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ ရာသီဥတုအရ ထုတ်လုပ်မှုကျဆင်းနိုင်ခြင်းကလည်း ဈေးနှုန်းကို မြင့် တက်စေနိုင်တယ်လို့ ၎င်းကဆိုပါတယ်။ ယခုနှစ်အတွင်း ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးဟာ ဆီထွက်သီးနံှစိုက်ပျိုးတဲ့ နိုင်ငံများမှာ မိုးရွာသွန်းခြင်း၊ မိုးခေါင်ခြင်းဆိုတဲ့ ရာသီဥတုမမှန်ခြင်းကြောင့် ကမ္ဘာ့ဆီထွက်သီးနံှရောင်းချမှု လျော့ကျခြင်းနဲ့ တရုတ် နိုင်ငံက ဝယ်လိုအားမြင့်တက်ခြင်းတို့အကြား စားအုန်းဆီဈေးဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဟင်းသီးဟင်းရွက်ဆီ ၈ မျိုးအတွက် ကမ္ဘာ့ဝယ်လိုအားက ၈ နှစ်အတွင်း ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ထုတ်လုပ်မှုထက် ကျော်လွန်မယ်လို့ Oil World က နိုဝင်ဘာလ ၁၉ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၈ ရက် မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၆၄ဝ (ကန်ဒေါ်လာ ၁၁၅၇) ကို ၈ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။စားအုန်းဆီအများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်များအတွင်း ဈေးကစားဖို့ ဘဏ်အြွေကးကတ်များ အသုံးပြုခြင်းကို ကန့်သတ်လိုက်သလို နိုင်ငံတော်အရန် သိုလှောင်မှုထဲက ပဲပုပ်နဲ့ ဟင်းသီးဟင်းရွက်ဆီများ ရောင်းချပေးခဲ့ပါတယ်။ ပဲပုပ်အများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ ယခုနှစ်အတွင်း တန်ချိန် ၅၇ သန်းဝယ်ယူနိုင်ဖွယ်ရှိတယ်လို့ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့USDA က ခန့်မှန်းထားပါတယ်။ ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တန်ချိန် ၁၄ ဒသမ ၂ သန်းကျော်တင်သွင်းနိုင်လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၄ သန်းပိုမိုမယ်လို့ လည်း Oil World မှ ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပါတယ်။ ယုဇန၊ှSources: bloonberg .net