Background
၂၈-၆-၂၀၁၃ US$/Ton အမျိုးအစား မေလစတုတ္ထပတ် ဇွန်လပထမပတ် နှိုင်းယှဉ်ချက် RBD P.Oil ၇၉၈ .၅၀ ၇၈၅ .၅၀ RBD P.Olein ၈၁၇ .၅၀ ၈၀၇ .၅၀ RBD P.Strarin ၇၂၅ .၀၀ ၇၃၀ .၀၀ RBD P.Strarin
ပဲပုပ်ဆီရောင်းလိုအားမြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအား ကျဆင်းနိုင် မဲ့ လက္ခဏာရှိတဲ့အတွက် စားအုန်းဆီဈေးနှုန်းက တစ်လကျော်အတွင်း ဒုတိယ မြောက်နေ့အဖြစ် အနည်းဆုံးဈေးသို့ကျဆင်းခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ ဧပြီလက ရေသွင်းနှမ်းဧက ၁၀၀၀ ကျော် စိုက် ပျိုးခဲ့ပါတယ်။ ရေသွင်းနှမ်းဖြစ်တဲ့အတွက် အပင်ဖြစ်ထွန်းမှုအတွက် ရေအလုံ အလောက်ရှိတဲ့အပြင် မေလအတွင်းက မိုးများရွာသွန်းခဲ့တာကြောင့် အပင်များ အောင်မြင်ဖြစ် ထွန်းမှု ပိုမိုကောင်းမွန်တယ်လို့ နှမ်းစိုက် တောင်သူများက ဆိုပါတယ်။ အခုဆိုရင် နှမ်းများ စတင် ရိတ်သိမ်းနေပြီဖြစ်လို့ နှမ်းရိတ်သိမ်းစကာလ အဖွင့် ဈေးမှာတစ်တင်း ၃၅၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင် နှစ်ရေသွင်းနှမ်း ပေါ်ကာစ ကာလ ပေါက်ဈေးမှာ ၂၄၀၀၀ ကျပ်ဖြစ်လို့ ဒီနှစ် နှမ်းအဖွင့်ေ ဈးကောင်းတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းရောက်ရင် ဝမ်းတွင်းနွေနှမ်းတွေ ဈေးကွက်ထဲကို ဝင် လာတော့ မှာ ဖြစ်ပါတယ်။ ခင်စန်းမြင့်-ဝမ်းတွင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇွန်လ ၁၉ ရက်မှ၂၅ရက် အတွင်းကန်ဒေါ်လာ၂ ဒသမ ၅၁၃သန်းတန်ဖိုးရှိတဲ့ နှမ်း ရောင်စုံ ၁၄၅၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တွေကတော့ နှမ်းဖြူ ၉၁၉ တန်ကျော်၊ နှမ်းနက် ၂၉၈ တန်နီးပါးနဲ့ နှမ်းညို ၂၄၀ တန်ခန့်တင်ပို့နိုင်ခဲ့လို့ ယခင်အပတ်ထက်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။
ဇွန်လကုန်ပတ် မုံရွာဆီထွက်သီးနှံ ဈေးကွက်မှာနှမ်းနဲ့မြေပဲကုန်သည် လက် ကျန်နည်းပြီး၊ နယ်အဝင်လျော့နေ တာနဲ့အမျှ ဝယ်လိုအားကောင်းမွန်နေ တာမို့ တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါ တယ်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆီ ထွက်သီးနှံများရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ပေါက်ဈေးများကို လေ့လာတဲ့အခါ မြေပဲဆန်ဈေးကွက်မှာ
ကျွန်မတို့မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက်မှာ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုစေ့ဆီ၊ နေကြာဆီ၊ ပြောင်းဆီ၊ စားအုန်းဆီနှင့် ထိုင်းနိုင်ငံထုတ် ဖွဲနုဆီစသည်ဖြင့်အမယ်စုံ၊အမျိုးစုံကိုဝယ်ယူရရှိနိုင်ပါတယ်။ မြေပဲဆီကို လည်းတံဆိပ်အမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးခွဲခြားပြီးရောင်းနေ တာ ကိုလည်းဈေးကွက်ထဲ မှာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဒါတင်မက သေးဘဲ Vegetable Oil(ဟင်းသီးဟင်းရွက်ဆီ) ဆိုတဲ့စကားလုံး ကိုတံဆိပ် ကပ်ပြီး ရောင်းတာလည်းရှိနေပြန်ပါသေးတယ်။ ဒါကြောင့် Vegetable Oil (ဟင်းသီးဟင်းရွက်ဆီ)အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။
၂၁-၆-၂၀၁၃ US$/Ton အမျိုးအစား မေလစတုတ္ထပတ် ဇွန်လပထမပတ် RBD P.Oil ၈၀၀ .၅၀ ၇၉၈ .၅၀ RBD P.Olein ၈၁၁ .၀၀ ၈၁၇ .၅၀ RBD P.Strarin ၇၃၉ .၅၀ ၇၂၅ .၀၀
ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) (၁) ၁၇-၆-၂၀၁၃ ၈၇၀ (၂) ၁၈-၆-၂၀၁၃ ၈၇၅ (၃) ၁၉-၆-၂၀၁၃ ၈၇၅ (၄) ၂၀-၆-၂၀၁၃ ၈၇၅ (၅) ၂၁-၆-၂၀၁၃ ၈၇၀ Source:ဆီကုန်သည်များအသင်း
မူဆလင်ဥပုသ်လအတွက် ဝယ်လိုအားမြင့်တက်မှုနဲ့ ပဲပုပ်ဆီရောင်းလိုအား ကျဆင်းမှုတွေကြောင့် အဝယ်လိုက် လာတဲ့အတွက် ကမ္ဘာပေါ်မှာ စားအုန်းဆီအများ ဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားရဲ့စားအုန်းဆီ တင်ပို့မှု က မေလ မှာ ခြောက်လအတွင်း အမြင့်ဆုံးဈေးကိုရောက်ရှိခဲ့ကြောင်းဘလွမ်းဘတ်သတင်း မှာဖော်ပြထားပါ တယ်။ခေါက်ဆွဲ ချက်ပြုတ်ရာမှအစ ဇီဝလောင်စာဆီထုတ်လုပ်မှုအဆုံးအသုံးပြုနေတဲ့ စားအုန်းဆီရောင်းချမှုက ဧပြီမှာ ၂၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ မက်ထရစ်တန် ၁ ဒသမ ၈၂ သန်းထိရောက်ခဲ့ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီ အသင်းကပြောပါ တယ်။ ယခင်စားအုန်းဆီတင်ပို့မှုမှာ ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဘူးတဲ့ နိုဝင်ဘာ နောက်ပိုင်းမှာ ယခုတင်ပို့မှုကအမြင့်ဆုံးဖြစ်ပါတယ်။
ပြည်မြို့ဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ ဝက်ထီးကန်၊ လယ်တဲ့၊ ကန်ကျိုး၊ ကန် ကြီးကုန်း၊ အနောက်ရွာသစ်နဲ့ တဲ့ကုန်းကျေးရွာများမှာ မိုးနှမ်းများစတင်စိုက်ပျိုးနေပြီ ဖြစ်ပါတယ်။ နွေနှမ်းပေါ်ပြီး မိုးနှမ်းများ စိုက်ပျိုးနေချိန် မှာ နှမ်းဈေးမှာ ယခင်အပတ် အတိုင်း ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။
