Background
စားအုန်းဆီဈေးနှုန်းများ(၃၀-၁-၂၀၁၂ မှ ၃-၂-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF(ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max (1) ၃၀-၁-၂၀၁၂ 1090 1115 (2) ၃၁-၁-၂၀၁၂ 1085 1110 (3) ၁-၂-၂၀၁၂ 1060 1085 (4) ၂-၂-၂၀၁၂ 1090 1115 (5) ၃-၂-၂၀၁၂ - - Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း (၂-၂-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2700 2700 1710 1695 မန္တလေး 3100 3100 2450 2550 1840 1860 ပဲခူး 3300 3300 2800 2800 1800 1800 မကွေး 3300 3400 2500 2600 1800 1950 မုံရွာ 3200 3250 2550 2650 1800 1870 တောင်ကြီး 3000 3300 2400 2400 1950 1900 စစ်တွေ 3400 3200 3100 3100 1900 1900
ပြည်တွင်းဆီဈေးနှုန်း (၂-၂-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2700 2700 1710 1695 မန္တလေး 3100 3100 2450 2550 1840 1860 ပဲခူး 3300 3300 2800 2800 1800 1800 မကွေး 3300 3400 2500 2600 1800 1950 မုံရွာ 3200 3250 2550 2650 1800 1870 တောင်ကြီး 3000 3300 2400 2400 1950 1900 စစ်တွေ 3400 3200 3100 3100 1900 1900
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 3-2-2012 US$Ton ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil 1058.50 1033.00 RBD P.Olein 1066.00 1050.00 RBD P.Strarin 951.50 937.50 Source: econ.mpob
မလေးရှားရင်းဂစ်တန်ဖိုး ခိုင်မာလာခြင်းက ဆီသန့်စင်သူများအတွက် ပြုပြင် ထုတ်လုပ်ဖို့ ကုန်ကြမ်းဝယ်ယူရာမှာ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်လာတာကြောင့် ဝယ် လိုအား နှေးကွေးလာခဲ့ကာ စားအုန်းဆီကြမ်းဈေးကလည်း သီတင်း ၆ ပတ်အတွင်း အနိမ့်ဆုံးဈေးနီးပါး ကျဆင်းလာခဲ့ပါတယ်။
ပြည်ဈေးကွက်မှာယခင်အပတ်ထက်စာရင် ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်း ငယ်မြင့်လာတာ တွေ့ရပါတယ်။ ကံမနဲ့ အောင်လံဘက်မှ မြေပဲဆန်များတစ်နေ့ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ မြို့တွင်းဆီစက်များနဲ့ ရန်ကုန် ဆီစက်များအဝယ်ရှိလို့ ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်းငယ်တက်လာပြီး၊ လုံးဆန် ဈေးမှာ ယခင်အပတ်အတိုင်းဈေးငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်တစ် ပိဿာကို ၁၅၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ကို ၁၆၂၅ ကျပ်ဈေးနဲ့ တစ်နေ့ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။အိဆွေဇင်
ပြည်ဈေးကွက်ကို ပဲပုပ်အသစ် များ ဇန်နဝါရီလအတွင်း ဝင်ရောက်ခဲ့ သော်လည်း ယခုဖေဖော်ဝါရီ လဆန်း ရက်မှာ အဝင်ပါးသွားခဲ့ပြန်ပါတယ်။ ဒါ ကြောင့် ဝင်ရောက်မှုရှိခဲ့တဲ့ ပဲလက် ကျန်များ၊ ထုတ်ရောင်းချနေရတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီ သမားများနဲ့သာ အရောင်းအဝယ်ဖြစ် လျက်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ် ရှိပေမယ့် ပဲဝင်ရောက်မှု နည်းနေတာ ကြောင့် အရောင်းအဝယ်ဖြစ်မှု အခြေ အနေမှာ အေးနေခဲ့တာကို တွေ့ရပါ တယ်။ ပဲပုပ် သစ်ဈေးနှုန်းမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
ဟင်္သာတဈေးကွက်ရှိ ပဲပုပ်ဈေးမှာ ယခု တစ်ပတ်အတွင်း တစ်တင်း ၁၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ပြီး၊ ယခင်တစ်ပတ်ထက် တစ်တင်း ၄၀၀ ကျပ်ပိုများလာပါတယ်။ ပဲပုပ် သစ်များကို ရန်ကုန်ဝယ်လက်များ အဝယ်ရှိသလို ဒေသတွင်းလှောင်လက် သမားများမှလည်း ဝယ်ယူသိုလှောင် ခဲ့ကြတယ်လို့သိရပါတယ်။ စီးထွက်မှု အနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ပျမ်းမျှ အိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ် လို့ သိရပါတယ်။ အေးအေးခိုင်
ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နှမ်းမျိုးစုံ တန်ချိန် ၁၅၉၃ ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၁၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၄၀၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မြေပြင်ပေါက်ဈေးမှာ နှမ်းဖြူရော၊ နှမ်းနက်ပါ ဈေးမြင့်လာတာတွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ နှမ်းများမှာ ဂျပန်နဲ့ ကိုရီးယား နိုင်ငံတွေကို ပမာဏပိုများတာ တွေ့ရပါတယ်။ ယခုတစ်ပတ် ဇန်နဝါရီ လ ၂၃ ရက်မှ ၂၇ ရက် အထိ ပင်လယ်ရေကြောင်းက စုစုပေါင်း နှမ်းတန်ချိန် ၈၀၀ ကျော်တင်ပို့ခဲ့ပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။