Background
စားအုန်းဆီဈေးနှုန်းများ(၃ဝ-၅-၂ဝ၁၁ မှ ၃-၆-၂ဝ၁၁ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်)(၁) ၃ဝ-၅-၂ဝ၁၁ ၁၂၅၅(၂) ၃၁-၅-၂ဝ၁၁ ၁၂၅၅(၃) ၁-၆-၂ဝ၁၁ ၁၂၅ဝ(၄) ၂-၆-၂ဝ၁၁ ၁၂၅ဝ(၅) ၃-၆-၂ဝ၁၁ ၁၂၆ဝSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၃-၆-၂ဝ၁၁ US$/Ton မေလစတုတ္ထပတ် မေလပဉ္စမပတ် နှိုင်းယှဉ်ချက်ွ RBD P.Oil ၁၁၉၇ .ဝဝ ၁၂ဝ၇ .၅ဝRBD P.Olein ၁၂၁၃ .၅ဝ ၁၂၂၁ .၅ဝ RBD P.Strarin ၁၁ဝ၃ .၅ဝ ၁၁ဝ၁ ၅ဝSource: econ.mpob
အထွက်ကျဆင်းလို့ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု မြင့်တက်နိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနကဆို အောက်တိုဘာ ၁ ရက်မှ စတင်တဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ဆိုပါတယ်။ ယခုနှစ်အတွင်း အထွက်ကျဆင်းတာကြောင့် အစောပိုင်းက တန်ချိန် ၅၄ ဒသမ ၅ သန်းတင်သွင်းမယ်လို့ ခန့်မှန်းရာမှ ပိုမိုတင်သွင်းရမယ့် အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ဆီထွက်သီးနံှ တန်ချိန် ၁၅ ဒသမ ၂သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၇၅ သန်းကို ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းပြောကြားထားပါတယ်။ ယမင်းခင်၊Source: bloomberg .net
ပြည်ပဲပုပ် ဈေးငြိမ်လျက်ရှိ ပြည်ပဲပုပ်ဈေးမှာ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိဈေးငြိမ်နေပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြင့် အဝယ်ရှိရင် ရှိသလို အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ မြို့နယ်များမှ နေ့စဉ်အဝင်မရှိဘဲ တစ်ရက်ခြား၊ နှစ်ရက်ခြားသာ ဝင်ရောက်ပြီး ယခုတစ်ပတ်မှာတော့ အဝင် လုံးဝမရှိဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
ဆီစက်သမားအဝယ်လိုက်လို့ ကျောက်ပန်းတောင်းမြေပဲအစိုက်တိုး ကျောက်ပန်းတောင်းမြို့နယ်မှာ ဧပြီလအတွင်း ရွာသွန်းတဲ့ မိုးနဲ့ မိုးမြေပဲများ ဧက ၅၆ဝဝ ကျော် စိုက်ပျိုးပြီးခဲ့ပါတယ်။ ယခုနှစ် ရာသီဥတုကောင်းမွန်တာကြောင့် မိုးမြေပဲ ၆ လပဲ များဖြစ်ထွန်းအောင်မြင်နေပြီး မြေပဲဈေးကွက်မှာလည်း မြေပဲ တစ်တင်းကို ၃ဝဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ မြေပဲကို သီးသန့်စိုက်ပျိုးကြသလို၊ ပဲစင်းငုံနဲ့လည်း သီးညှပ်စိုက်ပျိုး ကြတာကြောင့် မြေပဲအထွက်များနိုင်ကြောင်း သိရပါတယ်။ ဆီဈေးနှုန်းကောင်းမွန်မှု ၊ ဆီစက်သမားများအဝယ်လိုက်မှုကြောင့် မြေပဲစိုက်ပျိုးမှု ကောင်းတယ်လို့ သိရပါတယ်။ ထားအိဝင်း
ဧပြီလမိုးကြောင့် အညာနှမ်းများ အောင်မြင် တောင်သာမြို့နယ် တွင်နှမ်းဧက ၃ဝဝဝဝ ကျော်စိုက်ပျိုးခဲ့ရာဧပြီလမိုးကြောင့် ရာသီဥတုကောင်းမွန်ပြီး နှမ်းများ အောင်မြင်ဖြစ်ထွန်းတယ်လို့သိရပါတယ်။ တရုတ်ဈေးကွက်မှန်မှန်ဝယ်ခြင်း၊ ဆီစက်များဆီကြိတ်ခွဲနေခြင်း၊ နှမ်းအကြိုက်မိုးရ နေခြင်း တို့ကြောင့်စိုက်ပိုျးမှုအားကောင်းခဲ့ပါတယ်။ ယခုနှစ်မိုးနှမ်းအစိုက်စောလို့ နှမ်းထွက်လည်း တစ်လခန့်စောနိုင်တယ်လို့ နှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။ ကျောက်ဆည်မြို့နယ် မှာလည်းမိုးရွာသွန်းမှုအခြေ အနေကနှမ်းစိုက်ပျိုးမှုအထွက် ကောင်းတာကြောင့်နှမ်းစိုက်တောင်သူများ အထွက်နှုန်း ၁ဝ တင်းအထက်ရှိမယ်လို့ မှန်းကြပါတယ်။ ယခင်နှစ်ကအထွက်နှုန်း ၇ တင်း၊ ၈ တင်းခန့်သာရှိခဲ့ပေမယ့် ယခုနှစ်ရာသီဥတုကောင်းလို့ အောင်မြင် နေတဲ့နှမ်းခင်းတွေက တင်း ၂ဝ ခန့်ထွက်မယ် လို့လည်း ခန့်မှန်းကြပါတယ်။ ယနေ့တစ်တင်းပေါက်ဈေး ၂၄ဝဝဝ ကျပ်ရှိတာကြောင့်တစ်ဧကကုန်ကျစရိတ် ၁၂ဝဝဝဝ ကျပ်ကို နုတ်ရင် အသားတင်အမြတ်ဝင်ငွေတိုးမှာဖြစ်လို့ မိုးစပါး မစိုက်မီစိုက်ပျိုးသင့်တဲ့ သီးနံှတစ်မျိုးလို့ဆိုပါတယ်။တံတားဦးမြို့နယ်မှာ လည်း ဆည်ရေရရှိမှု၊ မိုးရေရရှိမှုတို့ကြောင့် စိုက်ဧကပြည့်မီကျော်လွန်အောင်စိုက်နိုင်တယ်လို့သိရပါတယ်။ ယခင်နှစ်က မိုးလေဝသမကောင်းလို့ အထွက်နှုန်း ၃ တင်းသာရှိခဲ့ပြီး ယခုနှစ်မှာတော့ရာသီဥတုကောင်းတာကြောင့် အထွက်နှုန်း ၉ တင်းက ၁၃ တင်းကျော်အထိ ရှိနိုင်မယ်လို့ နွေနှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။ မိုးထူူးသက်
နွေနှမ်းအသစ်များ မန်းဈေးကွက်သို့ ဝင်ပြီ မန်းဈေးကွက်အတွင်းသို့ ကျောက်ဆည်မြို့နယ်များမှ ထွက်ရှိတဲ့ နွေနှမ်းဖြူအသစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်လာပါပြီ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ ကျောက်ဆည်နယ်များမှ ထွက်ရှိတဲ့ ဂျပန်နှမ်းဖြူ တွေက ဈေးကွက် အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှဖြစ်သလို တရုတ်အကြိုက်ဆုံးနှမ်းလည်း ဖြစ်ပါ တယ်။ ယခုဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသေးပေမဲ့ ဇွန်လနောက်ဆုံးပတ်လောက်ဆိုရင် လှိုင်လှိုင်ဝင်လာတော့မှာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှမ်းအသစ်တွေက ၃ တင်းတစ်အိတ်ကို ၇ဝဝဝဝ ကျပ်ဈေးဖြင့် စတင်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်နှမ်း ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ်ပြီး အရောင်းအဝယ်အေးတာတွေ့ရပါတယ်။ မိုးနှမ်းများစိုက်ချိန်ဖြစ်လို့ အဝင်မရှိဘဲ ပွဲရုံများမှ ဆီကြိတ်ဖို့ လှောင်နှမ်းများ ထုတ်ရောင်းပေမဲ့ အရောင်းအဝယ်သိပ်မဖြစ်တာတွေ့ရပါတယ်။ ယခင်အပတ် ဈေးအတိုင်း နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၄၈ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေပြီး နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေဝေမင်း
ယခုအပတ်နှမ်းနက်သာ အပို့ရှိ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၆ သန်း တန်ဖိုးရှိ နှမ်းနက် ၉ဝ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းရောင်စုံ ၁၈၃ တန် တင်ပို့နိုင်ပြီး ယခုအပတ်မှာတော့ နှမ်းနက် တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နယ်စပ်မှ နှမ်းတင်ပို့မှု ထက်ဝက်ကျော် လျော့ကျခဲ့ပါတယ်။ အိန္ဒိယနဲ့ အာဖရိက နှမ်းများဈေးသက်သာစွာနဲ့တရုတ်ကို ဝင်နေခြင်းဟာ မြန်မာနှမ်းအပို့လျော့ကျစေတဲ့အချက်တစ်ချက်လို့ သိရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % နှမ်းနက် ၁ဝ၄၇၈၇၆ ၁ဝ၅၄၂၅ဝ ၆၃၇၄ ဝ .၆ ၁၆၂ဝ ၁၆၁၆ ၄ ဝ .၃MIRT (DOBT)