Background
ဂျပန်နိုင်ငံအစိုးရက သက်ရှိပတ်ဝန်းကျင်ဂေဟစနစ်ကို အထောက် အကူပြုတဲ့ မော်တော်ယာဉ်တွေအတွက် အထောက်အပံ့များပေးခြင်းကို ပြန်လည်ဆောင်ရွက်ပြီးနောက်ပိုင်း ကားရောင်းနှုန်းက ၂၀၁၂ ဇန်န ဝါရီလအတွင်း ၄၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့တယ်လို့ သိရတယ်။
ပြည်ပနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်နိုင်ငံများမှ စက်မှုကုန် ကြမ်းများဝယ်ယူပြီး ထုတ်လုပ်ရခြင်း ကြောင့် ပြည်တွင်းစက်မှုထုတ်ကုန်ဈေး မြင့်ကာ တရုတ်အစားထိုး ဝင်လာတဲ့ ကုန်များအား မယှဉ်ပြိုင်နိုင်သဖြင့် လုပ် ငန်းအချို့ ရပ်ဆိုင်းမှုရှိကြောင်း မန္တလေး စက်မှုဇုန်ရှိ လုပ်ငန်းရှင်များမှ ပြောပါ တယ်။
ရန်ကုန်မြို့ ကားဈေးကွက်အတွင်းသို့ ဆိပ်ကမ်းရောက် ကိုယ်တိုင်သွင်းကားများသာမက အရောင်းပြခန်းမှ ဝယ်ယူပြီး ရောက်ရှိလာသော ကားများပါရောက်ရှိလာပြီး အထူးသဖြင့် အပေါ် ဝိုင်း(ဟံသာဝတီကားပွဲစားတန်း)တွင် ကားသစ်များ အမျိုးအစားစုံဖြင့် စည်ကားနေကြောင်းသိရသည်။ ဈေးတန်းအနေဖြင့် အမာကြီး မဟုတ်သော် လည်း သိသာစွာမကျဆင်းဘဲ သူ့ဈေးနဲ့သူဖြစ် ကြောင်း၊ ကားသစ်များ၏ မိုဒယ်အလိုက်ဈေးကွာ သလို အမျိုးအစားအလိုက်လည်း ရွေးကြကြောင်း၊ လူကြိုက်များ ကားများနှင့် ခေါင်ကားများမှာ အရောင်းရ အသွက်ဆုံးဖြစ်ပြီး အခြားရှိုးခန်းကား (အရောင်းပြခန်းတင်ကား)များလည်း ဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိကြောင်း သိရသည်။ ယာဉ်အို/ဟောင်းဈေးကွက်မှာ နောင်လာ မည့် အက္ခရာ(ဒ)နှင့် (ဓ)မှာ ၁၂၀ သိန်း ၁၂၅ သိန်းခန့် ရောင်းချကြပြီး ယခုအပ်နှံနေသည့် (ထ) အက္ခရာနှင့် အပ်ပြီး (ဏ)အက္ခရာ စလစ်များမှာ ၁၃၅ သိန်းနှင့် ၁၄၀ သိန်းခန့်ရှိကြောင်း၊ ယခု တစ်လော ဈေးပြန်လျော့သွားခြင်းဖြစ်ပြီး ပြီးခဲ့ သည့်လလယ်ခန့်က ၁၅၀ သိန်းအထိပင် ရောက် ရှိခဲ့ကြောင်း သိရသည်။ ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်လာပြီး နောက် ကားအပ်နှံစလစ်များ ရောင်းအားတက် လာကာ ကိုယ်တိုင်ရွေးချယ်ဝယ်ယူခွင့်အား လူအများနှစ်သက်ကြကြောင်း သိရပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲနှင့် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည့် ကားအရောင်းပြခန်းများမှ ကား များ ရောင်းအားကောင်းခဲ့ပြီးနောက် ထပ်မံဖွင့် လှစ်မည့် အရောင်းပြခန်းများတွင် ကားဝယ်မည့်သူ များကလည်း စလစ်ကိုင်ထားပြီး စောင့်ဆိုင်းကြသ ဖြင့် စလစ်ဈေး ချက်ချင်းကျမသွားနိုင်ကြောင်း အပေါ်ဝိုင်း ယာဉ်အကျိုးဆောင် ကိုမြင့်ကျော်မှ သုံးသပ်ပြသည်။ စလစ်ဈေးမာနေမှုနှင့်အတူ ယခင် ကျပ် သိန်း ၂၅၀ ဝန်းကျင်ကားများ (ယခုသိန်းတစ်ရာ ကျော်ကားများ) ဈေးပြန်မာလာပြီး ကိုရိုလာဗင် ဓာတ်ဆီ ၁.၅ မှာ ကျပ်သိန်း ၁၅၀၊ ၁၆၀ ခန့်၊ ဒီဇယ်ဗင် မိုဒယ် ၉၀ မှာ ကျပ်သိန်း ၁၈၀၊ ၁၉၀ ခန့်၊ ဆူဇူကီး (R+)များမှာ ၂ဂ/၃ဂ ဆိုလျင် ကျပ် သိန်း ၁၅၀ ခန့်၊ ၅ဂ/၆ဂ ဆိုလျှင် ကျပ်သိန်း ၁၇၀၊ ၁၈၈ ခန့် ပြန်လည်မြှင့်တင် ဈေးခေါ်ရောင်းချလာ ကြောင်း သိရသည်။ SN
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင် (၉၀) ၂က/၃က ၁၅၀-၁၆၀ သိန်း ၁.၅ ဓါတ်ဆီ၂။ ကိုရိုလာဗင် (၉၀) ၅က/၇က ၁၇၅-၁၉၅ သိန်း CE 96 ဒီဇယ်၃။ ဆူဇူကီး (R+) ၂၈/၃ဂ ၁၃၀-၁၄၀ သိန်း၄။ ဆူဇူကီး (R+) ၅ဂ ၁၇၀ သိန်း၅။ ပါဂျဲရိုး (၉၇) ၆ဂ ၄၃၀ သိန်း၆။ မတ်(ခ်)တူး(၂၀၀၁) (၂.ဝ) ၆ဂ ၂၉၅ သိန်း၇။ တိုယိုတာကရောင်း (၂၀၀၁) ၉ဂ(သတ်မှတ်) ၃၃၀ သိန်း (2.0)၈။ စီအာဗီ (၂၀၀၀) ၉၈(သတ်မှတ်) ၃၀၀ သိန်း၉။ ဂျစ်ကား (အို/ဟောင်း) ဓ ၁၂၀ သိန်း၁၀။ ဟိုင်းလတ် (အို/ဟောင်း) ဒ ၁၂၅ သိန်းSN
အိမ်ခြံမြေဈေးများကမောက်ကမဖြစ်မှုကြောင့် အိမ်ခြံမြေနှင့်ပတ်သက် သည့်ဥပဒေပြဋ္ဌာန်းချက်များ တိတိကျ ကျထုတ်ပြန်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။ အိမ်ခြံမြေ ရောင်းဝယ်မှုများတွင် တိကျသည့်ပြဋ္ဌာန်းချက်မရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ မရရှိသည့်အတွက် နစ် နာမှုများရှိနေကြောင်း သိရသည်။ ၂၀၁၁ခုနှစ် အကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းကာလများတွင် အိမ်ခြံ မြေဈေးများသည် ထင်မှတ်မထားသည့် တန်ဖိုးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်ကို တွေ့ရှိရသည်။ သတင်းကိုလိုက်၍ ဈေးကို ကြိုက်သလိုသတ်မှတ်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြသည့်အပြင် လက်လွှဲရောင်းချနေခြင်း၊ ဝယ်ယူပြီး သည့်မြေကွက်များကိုလည်း အခွန် ဆောင်ရမည်စိုးသဖြင့် အမည်ပြောင်း မလျှောက်ခြင်းစသည့်အချက်များ ကြောင့်လည်း နိုင်ငံတော်မှ ရသင့်သည့် အခွန်များမရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မြေအရောင်းအဝယ်လုပ် သူများ ဈေးကစားသူများသည် ဘဏ် တွင် ပေါင်နှံခြင်းဖြင့် အရင်းအနှီးမလို ဘဲ အိမ်ခြံမြေဈေးကွက်တွင်ဈေးကစား ခဲ့မှုများကြောင့်လည်း ယခုကဲ့သို့ ဈေး တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်း ကျင်သူတစ်ဦးက သုံးသပ်ပြခဲ့သည်။ ''အခုဆိုရင် အိမ်ခြံမြေအရောင်း အဝယ်တွေသာဖြစ်နေတာ။ နိုင်ငံတော် က ထိရောက်တဲ့အခွန်ကောက်ခံမှုမရှိ ဘူး။ နောက်ပြီး ဒီမြေကိုဝယ်ပြီးရင် ဘယ်နှနှစ်နေပြီးမှ ပြန်ရောင်းရမယ်ဆို တဲ့ ပြဋ္ဌာန်းချက်မျိုး သတ်မှတ်ထားတာ မရှိတဲ့အတွက် ဝယ်လိုက်ရောင်းလိုက် တွေ များလာတာပဲ။ ဒါကြောင့်မြေ အရောင်းအဝယ်လုပ်တိုင်းအခွန်ကောက် နိုင်ရမယ်။ ကြိုက်ရောင်းကြိုက်ဝယ်လုပ် ပြီး နာမည်မပြောင်းတော့ နိုင်ငံတော်မှာ အခွန်နစ်နာမှုရှိတယ်။'' ''နောက်ပြီး မြေအရောင်းအဝယ် လုပ်တိုင်း အသိဆုံးက ရပ်ကွက်က အုပ် ချုပ်ရေးမှူးတွေပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေအရောင်းအဝယ်တွေကိုသိတာနဲ့ သတင်းပို့တာမျိုး လုပ်နိုင်ရမယ်။ဒီလိုမျိုးဖြစ်လာရင် တိုင်းပြည်က ရသင့် တဲ့အခွန်မရတဲ့အတွက် တိုင်းပြည်စီးပွား ရေးကို ထိခိုက်လာနိုင်တယ်''ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံး သပ်ပြခဲ့သည်။ မြေဈေးနှုန်းများမြင့်တက်လာခြင်း ကြောင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်ရန်ခက်ခဲနိုင်ကြောင်း ပညာရှင်များက သုံးသပ်လျက်ရှိကြသည်။ပြည်ပ မှ ရင်းနှီးမြှုပ်နှံသူများသည် အလုပ်သ မားစရိတ်သက်သာခြင်း၊ မြေလွတ်မြေ ရိုင်းများပေါများခြင်း စသည့်အချက်များ ပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံရန်စဉ်းစား ကြသည့် အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေဈေးနှုန်းများ မြင့်တက်နေမှုသည် ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း စီးပွားရေးပညာရှင် များက သုံးသပ်လျက်ရှိကြသည်။ မယ်သီတာ
မန္တလေးမြို့ ၆၃ လမ်းနဲ့ ၆၆ လမ်းကြား၊ ထုံးဘိုဖြတ်လမ်းနဲ့ ကနောင်မင်း သားကြီးလမ်းကြား စွယ်တော်မြတ်စေတီအနီးတွင်ဆောက်လုပ်လျက်ရှိသော အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များတည်ဆောက်ရေး စီမံကိန်းမှာ ၉၀ ရာခိုင်နှုန်းကျော်ဆောက်လုပ်ပြီးစီး၍ ယခုနှစ် မတ်လကုန်ပိုင်းတွင်ဖွင့်လှစ်ရန် လျာထား ကြောင်း သိရပါတယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များ တည်ဆောက်ခြင်းကို ၂၀၁၀ ခုနှစ် နှစ်လယ်မှစ၍ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ စက်ပစ္စည်း အရောင်းဆိုင်များ၊ ကားဂိတ်များနဲ့ ပွဲရုံတန်းများ ဆောက်လုပ်ပြီးစီးလုနီးပါးရှိပြီး ရေပေးဝေခြင်း၊ ဂိုဒေါင်များနဲ့ ဟိုတယ်များပြီးစီးရန် ကျန်ရှိနေသေးကြောင်း သိရပါတယ်။ ကျော်သာဆောက်လုပ်ရေးမှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းအောင်က "မတ် လကုန်ပိုင်းမှာ ဖွင့်နိုင်မယ်လို့တော့ လျာထားတယ်။ အရင်ဆုံး ကားဂိတ်တွေ ရွှေ့လို့တော့ရမယ်။ ရေစင်မပြီးသေးဘူး။ ပိုက်သွယ်တာတွေလုပ်ရဦးမယ်။ ဆိုင်ခန်း ရောင်းချမှုကတော့ စည်ပင်သာယာကဆောင်ရွက်တာ။ ဆောက်လုပ်မှုပိုင်းက ကုမ္ပဏီ ၁၀ ခုက အပိုင်းလိုက်တာဝန်ယူဆောင်ရွက်တာ။ ကျော်သာဆောက်လုပ် ရေး၊Superland Construction ၊ မင်းကျော်ဘုန်းပိုင်၊Wind Oversea၊ သာလွန်၊ ငွေကံဆင့်၊Dynamic ၊ AIB ၊သန်ခွန်ဆောက်လုပ်ရေးတို့က ဆောက်လုပ်နေပါ တယ်"လို့ ပြောပါတယ်။ စီမံကိန်းအကောင်အထည်ဖော်ရာမှာ မြို့အင်္ဂါရပ်နဲ့အညီ ကုန်သွယ်မှုပြုတဲ့ နေရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် မြေဧက ၆၂ ဒသမ ၀၈ ဧက အကျယ် အဝန်းတွင် တည်ဆောက်လျက်ရှိပြီး၊ မြေသားလမ်းနဲ့ ကွန်ကရစ် လမ်းခင်းခြင်းများ ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းတွင် ကားရပ်နားရန်ဧရိယာ ၂ ဒသမ ၂၉ ဧက၊ ကွန်တိန်နာကွင်း ဧရိယာ ၄ ဒသမ ၆၃၃ ဧက၊ ကွပ်ကဲရေးဇုန်ဧရိယာ ၄ ဒသမ ၇၂ ဧက၊ ပွဲရုံနဲ့ ကုန်စည်ဒိုင်များဇုန် ဧရိယာ ၁၃ ဒသမ ၁၁ ဧက၊ သိုလှောင်ရုံများဇုန် ဧရိယာ ၃ဒသမ ၅၉ ဧက၊ အထောက်အကူပြုလုပ်ငန်းများဇုန် ဧရိယာ ၇ ဒသမ ၄၁ ဧက၊ ဝန်ဆောင်မှုလုပ်ငန်းများဇုန် ဧရိယာ ၃ ဒသမ ၅၆ ဧက၊ အကောက်ခွန်နဲ့ စစ်ဆေးရေးဇုန်ဧရိယာ ၃ ဒသမ ၂၁ ဧကနဲ့ တည်ဆောက် ရေးလုပ်ငန်းများဇုန် ကိုးခုပါရှိကြောင်း သိရပါတယ်။ စီမံကိန်းဧရိယာအတွင်း ပေ ၁၀၀ နဲ့ ပေ ၈၀ အကျယ်ရှိလမ်းများအပါအဝင် ဂိတ်ကြီး ခြောက်ခု၊ ဂိတ်ငယ် တစ် ခ၊ု ယာဉ်စစ်ဆေးရုံနှစ်ခု၊ X-Ray တစ်ခ၊ု ပေ ၈၀ _ ပေ ၂၀၀ အကျယ်ရှိ ဂိုဒေါင် ငါးလုံးနဲ့ အကောက်ခွန်လုပ်ငန်းဆိုင်ရာရုံးများ၊ ဟိုတယ်၊ မိုတယ်နဲ့ မီးသတ်စခန်း များပါဝင်ပြီး၊ ယာဉ်ရပ်နားရန်နေရာမှာ ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်းရပ် နားရန်နဲ့ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ကုန်တင်ယာဉ်ရပ်နားကွင်းနဲ့ ခရီးသည်များရပ်နားတဲ့ ကား ကြီးကွင်း လေးခုရှိရာ ကျွဲဆည်ကန်ကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင် ကားကြီးကွင်းနဲ့ ဒေါနဘွားကားကြီးကွင်းတို့မှာ ကုန်တင်ကုန်ချနဲ့ ခရီးသည်များ စီးနင်းလိုက်ပါလျက်ရှိပါတယ်။ ယခုဆောက်လုပ်လျက်ရှိတဲ့ အဝေး ပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များစီမံကိန်းမှာ မန္တလေးမြို့မှာ အကြီး ဆုံးစီမံကိန်းဖြစ်ပြီး၊ မြို့ပြအင်္ဂါရပ်များနဲ့အညီ ဆောက်လုပ်ထားကာ ကုန်သွယ်မှုပြု ရာမှာ အဆင်ပြေမှာဖြစ်ကြောင်း မန္တလေးမြို့တောင်ဘက် မြို့စွန်တွင်ရှိခြင်းကြောင့် ကားသွားလာမှုအတွက် အဆင်ပြေချောမွေ့နိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
အဆောက်အအုံများ ဆောက်လုပ်ရာမှာ အချိန်ကြာလို့ စိတ်ညစ်ရ၊ ကုန်ကျငွေအတွက် စိတ်ညစ်ရ၊ အလုပ် အကိုင်ပြတ်ပြီး အချိန်ပေးဆောက်လုပ်ရတဲ့ အိမ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်အစား၊ ချက်ချင်းတည်ဆောက် လို့လည်းရ၊ ရွှေ့ပြောင်းလို့လည်းလွယ်ကူမယ့် အဆောက်အအုံပစ္စည်းတွေကို မကြာခင်ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချ ပေးတော့မှာဖြစ်ပါတယ်။ အဆိုပါ အဆောက်အအုံဆောက်လုပ်မယ့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မန္တလေးမြို့အနီးရှိ ကျောက်မီး ရွာတွင် တရုတ်နိုင်ငံမှ စက်ရုံတည်ဆောက်လျက်ရှိပါတယ်။ စက်ရုံမှာ နမူနာအဆောက်အအုံများကို တည်ဆောက် ပြသထားပါတယ်။ အဆောက်အအုံအတွက် နံရံအသုံးပြုမယ့် ပလတ်စတစ်ကော်ကပ်သံပြားကို ဘွိုင်လာဖြင့် ရေနွေးငွေ့ ပေး၍ ထုတ်လုပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှဝင်တဲ့ ကော်စေ့ များကို ရေနွေးငွေ့နဲ့ပေါင်းပြီး ဖော့စေ့ကြီး ဖြစ်တဲ့အထိ ပြုလုပ်ကာ ဖော့ကန်ထဲထည့်အပူပေးပြီး ဖော့တုံးများလိုချင်တဲ့ဆိုဒ်ရအောင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ဖော့တုံး များကို အပူလှိုင်းနဲ့လိုချင်တဲ့ဆိုဒ်ရအောင်ဖြတ်၍ အချပ်လိုက်ညီညီညာညာရရှိမှာဖြစ်ပါတယ်။ ၎င်းင်းဖော့များအား သံပြား လိပ်များနဲ့ Functional Sandwich Panel ဖြင့် ဖော့အပေါ်နဲ့ အောက်ကိုကော်သုတ်ကာ ကပ်သွားမှာဖြစ်ပါတယ်။ QLF MULTI- Functional Sandwich Panel ဖြင့် တောက်လျှောက်ကြိတ်သွားပြီး အပူမီးချောင်းဖြင့် အခြောက်ခံ အပူပေးပါတယ်။ အနားသတ်ကို အလိတ်၊ အကွေး၊ အလှန်ပုံစံများ လိုသလိုထုတ်လို့ရပါတယ်။ အတိုင်းအဆအားလုံးကို Digital Control ဖြင့် ဆောင်ရွက်တာတွေ့ရပါတယ်။ အဆောက်အအုံနံရံအား ဆေးသုတ်ရန်မလိုဘဲ ကိုယ်လိုချင်တဲ့ အရောင်ကိုမှာယူ၍ ရပါတယ်။ အဆောက်အအုံနဲ့ အမိုးများကို တရုတ်နိုင်ငံမှဝင်တဲ့ သံပြားဖြင့်ထုတ်လုပ်မှာဖြစ်ပါတယ်။ အမိုးပြားကို အကွက် မျိုးစုံ၊ လိုင်းမျိုးစုံထုတ်လုပ်နိုင်ပြီး ငါးကြင်းကွက်ပုံစံမှာ အသုံးများကြောင်းသိရပါတယ်။ ခေါင်မိုးမိုးမယ့်အရှည်၊ အချပ်ရေနဲ့ ထုထည်ကို အဖြတ်အဆက်မလိုအောင် ကိုယ်လိုချင်တဲ့အမိုးအတိုင်းအတာမှာယူလို့ရပါတယ်။ အမိုးရဲ့အရောင်ကိုလည်း ဆေးသုတ်စရာမလိုဘဲ သံပြားမှာပါတဲ့အရောင်ကြိုက်ရာမှာယူနိုင်မှာဖြစ်ပါတယ်။ အမိုးခေါင်အုပ်ချုပ်တဲ့သံပြားကို ခေါင်အုပ်ချုပ်စက်နဲ့ ဒီဇိုင်းထုတ်ပြီး လိုချင်တဲ့ဆိုဒ်ဖြတ်တောက်လို့ရပါတယ်။ လိုတဲ့ဆိုဒ်ဘဲမှာယူလို့ရတဲ့အတွက် ဖြတ်ဆက် စရာမလိုဘဲ အမိုးအုပ်လို့ရပါတယ်။ အမိုးအကာအားလုံးကို Digital Control နဲ့ ဆောင်ရွက်သွားမှာဖြစ်လို့ လိုတဲ့ပုံစံ အတိုင်းအဆအတိုင်း အလွယ်တကူဆောက်လုပ်ရပါတယ်။ တိုင်မပါတဲ့အတွက် တန်ဖိုးနည်း အိမ်ရာလို့သတ်မှတ်လို့ လည်းရပါတယ်။ အဆောက်အအုံမှာ တပ်ဆင်မယ့် ပြတင်းတံခါးကို အလူမီနီယံထက် ဈေးသက်သာပြီး ပေါ့ပါးတဲ့တံခါး များထုတ်လုပ်မှာဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်လုပ်မယ်လို့ အုတ်စီဖောင်ဒေးရှင်းခံပြီး မြောင်းလိုင်းဖော်ထားရပါ မယ်။ တမံသလင်းမြောင်းလိုင်းထဲမှာ အဆောက်အအုံနံရံပြားများကိုထည့်ပြီး မူလီနဲ့စုပ်၍ တည်ဆောက်လို့ရပါတယ်။ စက်ရုံမှတာဝန်ရှိသူတစ်ဦးက ''တရုတ်နှစ်သစ်ကူးကာလမို့ စက်မလည်သေးဘူး။ နှစ်သစ်ကူးပြီးရင် တရုတ် နိုင်ငံက အင်ဂျင်နီယာပညာရှင်တွေခေါ်ပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး။ တန်ဖိုးနည်း အိမ်ရာဖြစ်မှာပါ။ ခုလောလောဆယ် ဘုန်းကြီးကျောင်းဆောက်လှူပေးထားလို့ ဘုန်းကြီးကျောင်းကြည့်ပြီး သဘောကျလို့ စက်ရုံကိုလာမေးကြတယ်။ ကော်ကိုဖော့လုပ်ပြီး သံပြားကပ်ထားတဲ့နံရံဖြစ်တဲ့အတွက် အဲယားကွန်းတပ်ဆင်လို့ကောင်း တယ်။ အသံလည်းလုံတယ်။ စက်ရုံကပစ္စည်းတွေနဲ့ အိမ်တင်မက အအေးခန်းစက်ရုံ တည်ဆောက်လို့ကောင်းတယ်။ ဖြုတ်လို့တပ်လို့ မြန်ဆန်လွယ်ကူတဲ့အတွက် ပေါ့ပေါ့ပါးပါးသယ်လို့လည်းရပြီး လိုချင်တဲ့ဆိုဒ်လည်း မှာလို့ရတဲ့အတွက် စတိတ်ရှိုးစင်ဆောက်ဖို့၊ ရှုတင်မှာသုံးဖို့လည်းအဆင်ပြေမယ်။ စတိတ်စင်တွေဆို ပေပါခံပြီးဆောက်ရတော့ အလုပ်လည်း ရှုပ်တယ်။ ဖော့ကလိုတဲ့ဆိုဒ်မှာလို့ရမယ်။ ကျစ်လျစ်အောင် ထုတ်လုပ်ထားလို့ ခိုင်ခံ့မှုလည်းရှိတယ်။ နှစ်ကူးပြီးရင် အင်ဂျင်နီယာခန့်ထားပြီး အဆောက်အအုံရဲ့ အတိုင်းအဆတိုင်းပြီး စက်ရုံမှာထုတ်လုပ်ပြီးတော့ ချက်ချင်းတည်ဆောက် ပေးမယ်။ သံဆိုတော့ဆက်ရခက်တဲ့အတွက် လိုတဲ့ဆိုဒ်အတိုင်းထုတ်လုပ်ပြီးမှ ဆောက်လုပ်ပေးသွားမယ်။ ကိုယ့်အင်ဂျင်နီ ယာနဲ့ တိုင်းတာပြီး မှာယူမယ်ဆိုလည်း ရပါတယ်''လို့ ရှင်းပြပါတယ်။ ၎င်းဖာ့ပြားသံပြားကပ် အဆောက်အအုံများမှာ မူလီစုပ်ပြီး ဖြုတ်ရတပ်ရမှာဖြစ်တဲ့အတွက် သုံးခါရွှေ့ပြောင်း လို့ရမှာဖြစ်ပါတယ်။ ယာယီအိမ်ဆောက်မယ်ဆိုလည်း လွယ်လွယ်ကူကူ ဆောက်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ငယ်ငယ်က အိမ်ဆောက်တာဝါသနာပါတဲ့သူတွေအတွက် ဝေဖာမုန့်လေးတွေနဲ့ အိမ်ဆောက်တမ်းကစားကြသလိုပဲ၊ ဝါသနာပါသူတွေအတွက် လက်တွေ့အိမ်ဆောက်လို့ရပါတယ်။ သံပြားအရောင်လှပပြီး ညီညီညာညာနဲ့ သပ်ရပ်ခံ့ညား တဲ့အတွက် အုတ်နဲ့ဆောက်လုပ်တဲ့ အဆောက်အအုံအတိုင်း တန်ဖိုးနည်းအိမ်ရာများကို မကြာခင် မြင်တွေ့ရပါတော့ မယ်။ ရောက်ရှိလာတော့မယ့် သြင်္ကန်ကာလမှာလည်း သစ်သားနဲ့ဆောက်လုပ်မယ့် သြင်္ကန် မဏ္ဍပ်များအစား ဖော့ သံပြားနဲ့ ပြုလုပ်ထားတဲ့ မဏ္ဍပ်များနေရာယူလာမယ်လို့ ထင်မြင်မိပါတယ်။ အဆိုပါပစ္စည်းများ ထုတ်လုပ်တဲ့စက်ရုံမှာ စက်တပ်ဆင်ပြီး နမူနာထုတ်လုပ်ဆဲဖြစ်တဲ့အတွက် ဈေးကွက်ထဲဖြန့်ချိရင် စက်ရုံလိပ်စာနဲ့ စက်ရုံအမည်၊ ပစ္စည်းဈေး နှုန်းများကို ဆက်လက်ဖော်ပြပေးမှာဖြစ်ကြောင်း တန်ဖိုးနည်းအိမ်ရာအဆောက်အအုံ ဆောက်လုပ်ချင်သူများအတွက် ကြိုတင်အသိပေးရေးသားလိုက်ပါတယ်။ ဇူးဇူး
စဉ် အမျိုးအစား/ MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင် (၉၀) ၇က ၁၈၀ သိန်း ဒီဇယ် ၂။ ကိုရိုလာဗင် (၉၀) ၃က ၁၅၅ သိန်း ၁ .၅ ဓာတ်ဆီ ၃။ အက်(စ်)အီးလီမိတက် (၉၃) ၂ခ ၁၆၅ သိန်း ဓာတ်ဆီ ၄။ မတ်(ခ်)တူး (၂၀၀၁) ၇ဂ ၃၀၀ သိန်း 2.0 ၅။ မတ်(ခ်)တူး (၂၀၀၂) ၇ဂ ၃၈၅ သိန်း 2.5 G၆။ တိုယိုတာဟာရီယာ (၉၉) ၇ဂ ၃၈၀ သိန်း 3.0၇။ ပါဂျဲရိုး (၉၉) ၇ဂ ၅၈၀ သိန်း ၈။ တောင်းအေ့(စ်) (စက်မှုဇုန်) ဇ ၁၆၀ သိန်း ပုဇင်းခေါင်း ၉။ ဟိုင်းလတ် (၄) ချိတ် ဒ ၁၂၀ သိန်း ယာဉ်ဟောင်း၁၀။ ပါပလေကာ (ကားကောင်း) ပ ၁၁၀ သိန်း ယာဉ်ဟောင်း
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် ထိုင်းစက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု ညွှန်ကိန်း (TISI)ဟာ နိုဝင်ဘာလမှာ ၈၇ ဒသမ ၅ ရှိခဲ့ရာမှ ၉၃ ဒသမ ၇ ကို တိုးတက်လာခဲ့တယ်လို့ ထိုင်းစက်မှုလုပ်ငန်းများ အသင်း (FTI) ဥက္ကဋ္ဌ Payungsak Chartsuthipol က ဇန်နဝါရီ ၁၈ ရက်မှာ ပြောကြားပါတယ်။ ရေနစ်မြုပ်မှုကျဆင်းပြီးတဲ့နောက် ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန်လာပြီး၊ အမှာအော်ဒါများ၊ စုစုပေါင်းရောင်းချမှုနဲ့ ထုတ်လုပ်မှုတွေလည်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့၊ ပွဲစားကုန်သည်စက်ပိုင်များအသင်း၊ မန်းကုန်စည်ဒိုင် အသင်းကြီးတွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်ကစပြီး APIS စနစ်ဖြင့် ဈေးနှုန်း အလိုလျောက်ဖြေကြားစက် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ အသင်းကြီးရဲ့ ကြော်ငြာဘုတ်နဲ့ လူမြင်သာတဲ့နေရာမှာ ရန်ကုန်၊ မူဆယ်၊ မန်းကုန်စည်ဒိုင်များသို့ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်း နံပါတ်ပါ ပိုစတာများလည်း ချိတ်ဆွဲထားကြောင်း သိရပါတယ်။