Background
မန္တလေးမြို့သစ်မြေကွက်မှာ အရောင်းအဝယ်သွက်ခဲ့တဲ့ အက္ခရာနှစ်လုံးဆင့် အကွက်များမှာ ဒီဇင်ဘာလဆန်းမှစပြီး ဈေးကွက်အေးလျက်ရှိပါတယ်။ လိုအပ်တဲ့ သူများသာ ဝယ်ယူမှုရှိပြီး၊ မြေဝင်ကစားသူများနားလျက်ရှိခြင်း ကြောင့် လက်ငုပ်ဈေး နဲ့သာ အရောင်းအဝယ်ရှိနေပြီး၊ ဈေးနှုန်းမှာ အမြင့်ဆုံးဈေးများဖြစ်ပြီး ဈေးတန့်နေ ခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းကာလနှင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကာလများတွင် အိမ်ခြံမြေဈေးကွက်သည် တစ်မဟုတ် ချင်း မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ် နှံလိုသူတို့မှာ အခက်အခဲများနှင့် ရင် ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ စူဇူကီး (R+) ၂ဂ ၂၃၀ သိန်း ၂။ စူဇူကီး (R-) ၉ခ ၁၁၅ သိန်း ၃။ စူပါဆလွန်း (၈၆) လ/သ ၁၁၀ သိန်း ၄။ စူပါဆလွန်း (၉၀) အ ၁၄၀ သိန်း ၅။ မြန်မာမီနီဆလွန်း (၂၀၁၁) ၅ဂ ၉၅ သိန်း ၆။ ချယ်ရီဝက်ဂွန် (၂၀၁၁) ၇ဂ ၁၂၅ သိန်း ၇။ တောင်းအေ့(စ်)(စက်မှုဇုန်) ဈ ၁၇၅ သိန်း ပုဇင်းခေါင်း ၈။ မတ်(ခ်)တူး (၂၀၀၁) ၆ဂ ၃၂၀ သိန်း 2.0 G၉။ မတ်(ခ်)တူး (၂၀၀၁) ၆ဂ ၄၀၀ သိန်း 2.5 G ၁၀။ ပါဂျဲရိုး (၉၉) ၆ဂ ၅၈၀/၆၀၀ သိန်း
ကားဟောင်းအပ်သည့် စလစ်ရှိရုံ ဖြင့်ကျပ် သိန်း ၁၂၀ ဝန်းကျင်ရှိ ကား ကောင်းတစ်စီးကို ဝယ်ယူနိုင်သည့် ှေုကမေ Sakura Technical Services Co., Ltd. ၏ ကားအရောင်းစင်တာကို တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ် အိမ်ရာဝင်းအတွင်းရှိ ဆာကူရာမော် တော်ယာဉ်အရောင်းပြခန်းတွင် ဒီဇင် ဘာ ၂၅ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားသစ်များပိုမိုဝင်ရောက်လာပြီးနောက်ပိုင်း ဈေးတန်းများ သိသာစွာ မကျဆင်း သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့် အဝယ်ရှိနေကြောင်း၊ အထူးသဖြင့် ရောင်းတန်းဝင် လူကြိုက်များကားများဖြစ်သော တိုယိုတာ၊ မတ်(ခ်)တူး၊ ပါဂျဲရိုး၊ ဟာရီယာ၊ တိုယိုတာကရောင်း စသည်တို့မှာ ရောင်းအားရှိနေပြီး ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်ပိုများကြောင်း သိရ သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ဇံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီး အင်ဂျင်နီယာ၊ ခရိုင်တာဝန်ခံနဲ့ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာစည်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများအား ဒီဇင်ဘာ ၂၉ ရက်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပါတယ်။
ကျောက်တန်းမြို့ မှော်ဝန်းချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မြေ ကွက်များမှာ အဝယ်လိုက်လာမှုများကြောင့် ဈေးများ အဆမတန်ခုန်တက် သွားကြောင်း သိရသည်။ ယခင်က မြေကွက်တစ်ကွက်လျှင် ကျပ်သုံးသိန်း သာရှိရာမှ ယခုအခါ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့် တက်လာကြောင်း ကျောက်တန်းမြို့မှ အိမ်ခြံမြေရောင်းဝယ်ရေးသမား တစ်ဦး၏ ပြောပြချက်အရသိရသည်။
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ ကိုရိုလာဗင် (90) CE-96 ၇က ၁၈၀ သိန်း ၂။ ကိုရိုလာဗင် (90) (1.5) ၅က ၁၃၅ သိန်း ၃။ အက်(စ်)အီးလီမိတက် (88) ၃က ၁၃၅ သိန်း ၄။ စူပါဆလွန်း (90) ၃က ၁၂၅ သိန်း ၅။ စူပါဆလွန်း (87) ၂က ၁၀၅ သိန်း ၆။ မြန်မာမီနီဆလွန်း ၅ဂ ၉၀ သိန်း ၇။ တောင်းအေ့(စ်) (စက်မှုဇုန်) ဇ ၁၆၅ သိန်း ပုဇင်းခေါင်း၈။ တိုယိုတာ (ကာလ်ဒီးနား) (99) ၆ဂ ၃၀၀ သိန်း ၉။ တိုယိုတာမတ်(ခ်)တူး (2001) ၆ဂ ၄၁၀ သိန်း ရွှေဝါ 2.5၁၀။ တိုယိုတာမတ်(ခ်)တူး (92) ၉က ၁၈၅ သိန်း
Sandrar ကားအရောင်းပြခန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အုပ်ပုံ ဆိပ်လမ်းတွင် ဒီဇင်ဘာ ၂၁ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။အဆိုပါ Sandrar ကားအရောင်း ပြခန်းတွင် ဂျပန်နိုင်ငံမှ တင်သွင်းလာ သည့်ကားများကိုသာ ရောင်းချခြင်းဖြစ် ကြောင်း သိရသည်။