Main menu

Background

Monday, 18 Jul 2011

၂ဝ၁ဝ ပြည့်မှာ ဟွန်ဒိုင်း-ကီးယားရဲ့ ကားထုတ်လုပ်မှုက ကမ္ဘာမှာ စတုတ္ထနေရာရလာ                    အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံမှာ ရောင်းအားခိုင်မာလာတဲ့အတွက် တောင်ကို ရီးယား နိုင်ငံရဲ့ ဟွန်ဒိုင်းမော်တာ ကုမ္ပဏီနဲ့ သူရဲ့ ညီနောင်ကုမ္ပဏီ ကီးယားမော်တာကော်ပိုရေးရှင်း တို့ဟာ ကမ္ဘာ့ ကားထုတ်လုပ်မှုမှာ စတုတ္ထနေရာကို ရလာကြတယ်လို့ ဂျပန် ဈေးကွက်သုတေသနအဖွဲ့ တစ်ခုက ဇူလိုင် ၁၁ ရက်နေ့က ပြောပါတယ်။ ကုမ္ပဏီ နှစ်ခုရဲ့ စုစုပေါင်းထုတ်လုပ်မှုက ၂ဝဝ၉ ခုနှစ်က ၅ ဒသမ ၃၄ သန်း ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ၆ ဒသမ ၆ဝ သန်း ရှိခဲ့တဲ့ အတွက် ၂၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဟွန်ဒိုင်းနဲ့ ကီးယားကုမ္ပဏီတို့ဟာ ဟွန်းဒိုင်း မော်တာအစုအဖွဲ့ရဲ့ ရှေ့ဆောင်ကုမ္ပဏီတွေ ဖြစ် ကြပါတယ်။                   ၂ဝ၁ဝပြည့်နှစ်က ဂျင်နရယ် မော်တာကုမ္ပဏီ ဟာ ကမ္ဘာ့ ကားထုတ်လုပ်မှုမှာ အကြီးဆုံး ကုမ္ပဏီ ဖြစ်ပြီး သူ့နောက်က တိုယိုတာမော်တာ ကုမ္ပဏီ နှင့် ဗောက်စ်ဝက်ဂင် ကုမ္ပဏီတို့ ရှိနေပါတယ်။ ကားထုတ်လုပ်မှု အရေအတွက် မြင့်တက်ရတာ အဓိကအားဖြင့်တရုတ်နဲ့ အမေရိကန် ပြည်ထောင် စုမှာ အဝယ်လိုက်လာပြီး ချက်ပြည်ထောင်စုနဲ့ ဆလိုဗေးကီးယား နိုင်ငံတွေက စက်ရုံတွေမှာ စွမ်းအားပြည့် ထုတ်လုပ်နိုင်ခဲ့လို့ ဖြစ်တယ်လို့ ဂျပန် သုတေသနအဖွဲ့က ပြောပါတယ်။                    Source: yonhapnews.com

Monday, 18 Jul 2011

အယ်လ်ဂျီ အီလက်ထရွန်းနစ်နဲ့ ဟီတာချီတို့ ရေသန့်စင်ရေးလုပ်ငန်း ဖက်စပ်ထူထောင်                 ရေသန့်စင်ရေး (Water Treatment Equipment ) ကိရိယာများ ထုတ်လုပ်ရောင်းချခြင်း အပါအဝင် ရေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖက်စပ်လုပ်ငန်းတစ်ခုကို ထူထောင်ကြောင်း အယ်လ်ဂျီ အီလက်ထရွန်း  ( LGE ) နဲ့ Hitachi Plant Technologies Ltd. တို့က ဇူလိုင် ၁၁ ရက်နေ့က ကြေညာပါတယ်။ ဖက်စပ်ကုမ္ပဏီကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ကစပြီး ဖွဲ့စည်းထူထောင်မှာ ဖြစ်ပြီးLG- Hitachi Water Solutions Co.  လို့ အမည်ပေးထားပါတယ်။ ကုမ္ပဏီမှာLGE က ၅၁ ရာခိုင်နှုန်း နဲ့ Hatachi Plant Technologies Ltd. က ၄၉ ရာခိုင်နှုန်း ရှယ်ယာပါဝင်မှာ ဖြစ်ပါတယ်။                   ကုမ္ပဏီအသစ်က ကနဦးအနေနဲ့ ရေသန့်စင်ရေး ကိရိယာတွေကို ထုတ် လုပ်ရောင်းချမှာ ဖြစ်ပြီး အဓိကအားဖြင့် ကိုရီးယားနိုင်ငံမှာ ရေသန့်စင်ရေး အထောက်အကူပြု ပစ္စည်းတွေနဲ့ သောက်ရေနဲ့ ရေဆိုးသန့်စင်ရေး အထောက်ကူပြု ပစ္စည်းတွေထုတ်လုပ်မှုအပြင် ရေသန့်စင်ရေး နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဖက်စပ်ကုမ္ပဏီက နောက်ပိုင်းမှာ တခြားနိုင်ငံတွေမှာလည်း ရေသန့်စင်ရေး လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လုပ်ငန်းမတည်ရင်းနှီးငွေက တောင်ကိုရီးယား ဝမ် ၁၈ ဘီလီယံ (ဒေါ်လာ ၁၇ သန်း) ရှိပါမယ်။ ှSource: asahi.com

Monday, 18 Jul 2011

စင်ကာပူရှိ နိုင်ငံခြားသားဇနီးသည်တို့ အခက်အခဲတွေ့                     စင်ကာပူ နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသား ဇနီးသည်တွေမှာ မရေရာမှုနဲ့ စိုးရိမ်းပူပန်မှုတွေနဲ့ တွေ့ကြုံပြီး ဘဝအခက်အခဲတွေ ရှိနေပါတယ်။ စင်ကာပူမှာ မွေးတဲ့သူတို့ကလေးတွေ ကျောင်းထားဖို့၊ စားပွဲပေါ် စားစရာ ရောက်လာဖို့၊ နေထိုင်ဖို့ စတဲ့ အကြောင်းအရာတွေက သူတို့အဖို့ နေ့တဓူဝ ရင်ဆိုင်နေရတဲ့ပြဿနာတွေဖြစ်ပါတယ်။ MediaCorp  က မေးမြန်းခဲ့တဲ့၊ မိသားစု ဝန်ဆောင်မှု စင်တာ (FSCs) များ အဆိုအရ အကူအညီလာတောင်းတဲ့ နိုင်ငံခြားသားဇနီးသည်ဦးရေ တစစ တိုးလာတယ်လို့ သိရပါတယ်။                 FSCs များ၏ အဆိုအရ အကူအညီလာတောင်းကြတဲ့ ဇနီးသည်တွေရဲ့ ခင်ပွန်းအချို့မှာ သေဆုံးသူ သို့မဟုတ် ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။ တချို့က ခင်ပွန်းသည်ရဲ့ စွန့်ပစ်ခြင်းခံရသူတွေ ဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေက ဝပ်ပါမစ်ရရှိထားသူတွေ ဖြစ်ပေမဲ့ အလုပ်အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ပညာအရည်အချင်း မပြည့်စုံသူတွေ ဖြစ်ပါတယ်။ တရားဝင်စာရင်းဇယားတွေ မရှိပေမဲ့ ဒီအရေအတွက်ကတိုးတက်နေတာက စိုးရိမ်စရာ ဖြစ်နေပါတယ်။                     စေတနာ့ ဝန်ထမ်းသက်သာချောင်ချိရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Yong-En Care Centre မှာ ဒီလိုကိစ္စမျိုး ၂ဝ၁ဝ ပြည့်က မရှိခဲ့ပေမဲ့ ယခုနှစ်မှာ ၁၁ ခု ရှိခဲ့ပါတယ်။ ဒီမိသားစုတွေက ဆင်းရဲတဲ့အတွက် ကလေးတွေရဲ့ ပညာရေးက ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။ဘာသာစကားကလည်း ပြဿနာတစ်ခု ဖြစ်ပါတယ်။ သူတို့ကို အင်္ဂလိပ်လိုပြောတဲ့အခါ ပြောတာကို သူတို့ နားမလည်ဘူးလို့  Yong-En Care Centre ရဲ့ အမှုဆောင်အရာရှိက ပြောပါတယ်။ Source: CNA

Monday, 18 Jul 2011

စားသုံးသူဈေးနှုန်းတွေ မြင့်တက်လာလို့ တောင်ကိုရီးယားမှာ လက်ထပ်ဖို့ နှောင့်နှေး                      တောင်ကိုရီးယားမှာ လက်ထပ်တဲ့ အရေအတွက်ဟာ ယခင်နှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ဧပြီလမှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး ၂၅၇ဝဝ သာ ရှိခဲ့တယ်လို့ တောင်ကိုရီးယား စာရင်းရုံးက ကြေညာပါတယ်။ ယခုလို လက်ထပ်တဲ့အရေအတွက် ကျဆင်းရတာဟာ စားသုံးသူ ဈေးနှုန်းတွေ မြင့်တက်လာလို့ ဖြစ်တယ် လို့ အများစုက ယုံကြည်ထားပါတယ်။                      လူပျိုလူလွတ်အဖြစ်နေလိုသူ များလာခြင်း စတဲ့ အခြားလူမှုရေး အကြောင်းတရားတွေက လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပေမဲ့ လက်ထပ်သူဦးရေ ကျဆင်းရတာမှာ စားသုံးသူ ဈေးနှုန်းမြင့်တက်လာတာက အဓိကလက်သည် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ထပ်စ ဇနီးမောင်နံှတွေ သဘောကျတဲ့ အိမ်သစ်၊ ပရိဘောဂနဲ့ အိမ်အသုံးအဆောင်စတဲ့ ဈေးနှုန်းတွေကိုလက်ထပ်ရေးကိစ္စစီစဉ်ဆောင်ရွက်သူ တွေနဲ့ အခြားကျွမ်းကျင်သူတွေဆီမှာChosun Ilbo  သတင်းဌာန စစ်တမ်း ကောက်ယူခဲ့ပါတယ်။ စုစုပေါင်း ပစ္စည်းအမယ် ၃ဝ ပါဝင်ပါတယ်။ စစ်တမ်းကောက်ယူချက်အရ ဇွန် လအတွင်း က ပျမ်းမျှဈေးနှုန်းက လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပါတယ်။ စုစုပေါင်း စားသုံးဈေးနှုန်းရဲ့ ပျမ်းမျှတိုးတက်မှုက ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီနှုန်းရဲ့ သုံးဆနီးပါး မြင့်မားနေတာတွေ့ ရပါတယ်။ အဓိက ဖြစ်နေတဲ့ ဝန်ထုပ်ဝန်ပိုးက Jeonse လို့ ခေါ်တဲ့ အိမ်ငှားခကို နှစ်နှစ်စာပေးရတာ ဖြစ်ပါတယ်။ ဒီကုန်ကျငွေပမာဏက ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၆၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ဇနီး မောင်နံှသစ်ရဲ့ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၇၄ ရာခိုင်နှုန်း ရှိနေပါတယ်။                     Jeonse ဆိုတာက အိမ်ငှားတဲ့သူက သတ် မှတ်ကာလတစ်ခုအတွက် အိမ်ငှားခကို တစ်လုံး တည်းပေးချေရတာ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်က ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အဝတ်ဗီရိုက ၇၁ ဒသမ ၆ ရာခိုင်နှုန်း၊ စားပွဲက ၇၁ ရာခိုင်နှုန်း ဆိုဖာက ၆၂ ရာခိုင်နှုန်းနဲ့ လေအေးစက်က ၆၄ ရာခိုင်နှုန်း အသီးသီး တိုးမြင့် လျက် ရှိနေပါတယ်။                          တောင်ကိုရီးယားဗဟိုဘဏ်က လူပျိုလူလွတ် ၁၄၆ဝ ကို စစ်တမ်းကောက်ယူခဲ့ရာ လက်ထပ်ဖို့ ဆိုင်းငံ့ထားသူ အရေအတွက်က ၁ဝ ရာခိုင်နှုန်း ရှိပြီး ငွေကြေးအခက်အခဲက အဓိက အကြောင်း အရင်း ဖြစ်တယ်လို့ ပြောပါတယ်။                      Source: chosum.com

Tuesday, 28 Jun 2011

ဆူနာမီထောက်လှမ်းရေးကိရိယာကို ဟိတာချီဇိုဆင်း က တီထွင်             ဟိတာချီ ဇိုဆင်းကော်ပိုရေးရှင်း က တီထွင်ထုတ်လုပ်တဲ့ ပင်လယ်လှိုင်း တိုင်းတာရေး ကိရိယာက လက်ရှိ တိုင်း တာရေး ကိရိယာတွေထက် ပိုမို ဝေးလံ တဲ့နေရာအထိတိုင်းတာပေးနိုင်ပါတယ်။ ဟိတာချီ ဇိုဆင်း ကော်ပိုရေးရှင်း ကအမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု နဲ့ ပူးတွဲထုတ်လုပ်လိုက်တဲ့ ကိရိယာက ပင်လယ်ပြင်အတွင်း ကီလိုမီတာ ၁ဝဝဝ မှာ ဖြစ်ပေါ်နေတဲ့ ဆူနာမီရေလှိုင်း တွေကို ထောက်လှမ်းနိုင်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ကိရိယာတွေက ကမ်းခြေကနေ ကီလိုမီတာ ၂ဝ ထိသာ ထောက်လှမ်းနိုင်ပါတယ်။ သူတို့ ထုတ်လုပ်တဲ့ ကိရိယာဟာ ၂ဝ၁၂ ခုနှစ်မှာ ဈေးကွက်ကို တင်နိုင်လိမ့်မယ်။ အဲဒီအခါမှာ မတ်လ ၁၁ ရက် မြေငလျင်ကြောင့် ဖြစ်ခဲ့တဲ့ ဆူနာမီလို ရေလှိုင်းမျိုးတွေကို ကြိုတင် အချက်ပေးစနစ်အဖြစ် အသုံးပြနိုင် လိမ့်မယ်လို့ ကုမ္ပဏီအရာရှိတွေက ပြောပါတယ်။ ဒီကိရိယာက လှိုင်းတိုင်း ကိရိယာတွေကို ပင်လယ်ထဲမှာ ဘောယာ တွေနဲ့ ချထားပြီး တိုင်းတာပေးမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုမှာ ရှိတဲ့ GPS စနစ်တွေက ပင်လယ်ပြင်ကတိုင်းတာ ချက်တွေကို စုစည်းပြီး မြေပြင်ရှိ အခြေ စိုက်စခန်းတွေကို ရရှိထားတဲ့ အချက် အလက်တွေကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ Source: asahi.com

Tuesday, 28 Jun 2011

ဂရိေြွကးမြီ အကျပ်အတည်းက ကမ္ဘာ့ဘဏ္ဍာရေးကို ခြိမ်းခြောက်နိုင်            အကယ်၍ ဖြေရှင်းဖို ဆေးချက်မရှိရင် ဂရိနိုင်ငံတော် ေြွကးမြီအကျပ်အတည်း က ကမ္ဘာ့ဘဏ္ဍာရေး စနစ်တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘင်ဘာနန်ကီက ဇွန် ၂၂ ရက်နေ့က ပြောပါတယ်။ အခြေအနေ ကို အမေရိကန်ဗဟိုဘဏ်က အနီးကပ်စောင့်ကြည့်နေတယ်လို့ ဝါရှင်တန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘာနန်ကီက ပြောခဲ့ပါတယ်။ အခြေ အနေက အလွန်ခက်ခဲနေပါတယ်လို့ ပြောပါတယ်။              ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့တဲ့ ပြည်ထောင်စု မူဝါဒ ချမှတ်ရေးအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စု လွတ်လပ်သော ဈေးကွက်ကော်မတီ အစည်းအဝေးမှာ ဂရိနိုင်ငံေြွကးမြီး ကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ဘာနန်ကီက ပြောပါတယ်။ ဒီပြဿနာဖြေရှင်းရေး ကိစ္စမှာ အမေရိကန်နိုင်ငံက ဆွေးနွေးပွဲ အဖွဲ့ဝင်မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းအခြေအနေကို မျက်ခြည်မပြတ် ရနေပါတယ်လို့ ပြောပါတယ်။                 ဒီနိုင်ငံတွေမှာ ေြွကမြီးပေးဆပ်ဖို့ ပျက်ကွက်တာတွေ ဖယိုဖရဲနဲ့ ဖြစ်နေရင် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို ထိခိုက်မှာ သေချာပါတယ်။ ချေးငွေကိစ္စတွေ၊ စတော့ ရှယ်ယာဈေးတွေ စတဲ့နယ်ပယ်တွေမှာ ထိခိုက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပေါ်လာမဲ့ ဂယက်ကလည်း ထူးထူးခြားခြား ဖြစ်နိုင် တယ်လို့ ပြောပါတယ်။ Source: AFP

Tuesday, 28 Jun 2011

ဗီယက်စတားလေကြောင်းလိုင်း လိုင်စင်ရ           ဗီယက်နမ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဗီယက်စတားလေကြောင်းလိုင်းကို လိုင်စင်ချပေးပြီး လုပ်ငန်း ဆောင်ရွက် ခွင့်ပြုလိုက်ပါတယ်။ဗီယက်စတားက ပြည်တွင်းနဲ့ပြည်ပကလေကြောင်းတွေမှာ နိုင်ငံခြားခရီးသွားတွေနဲ့ ပုဂ္ဂလိက ခရီးစဉ် တွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဗီယက်စတားလေကြောင်းလိုင်းကို ဗီယက်နမ်ဒေါင်ဘီလီယံ ၄ဝဝ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅၁ သန်း)မတည်ပြီး Aircraft Repairing Company A 411 ၊ဗီယက်နမ်လေတပ်၊ ဗီယက်စတားအဲဝေးကုမ္ပဏီနဲ့ Tin Thanh Express Co,  တို့ဖက်စပ်တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လေကြောင်းလိုင်းက လေယာဉ်ထိန်းသိမ်းဇုံတွေနဲ့ပြုပြင်ရေးလုပ်ငန်းတွေကို နိုဝင်ဘာက စတင်ဆောင်ရွက် ပြီး၊ ဒီဇင်ဘာမှာ ပံျသန်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်မယ်လို့ ဗီယက်စတားလေကြောင်းလိုင်းက ကိုယ်စားလှယ် ငုယင်သန်ဘင်းက ပြောပါတယ်။ ဗီယက်နမ်အဲလိုင်း၊ဂျက်စတား ပစိဖိတ်၊ ဗက်စကို၊ဗီယက်ဂျက်၊ အဲမဲခေါင်နဲ့အင်ဒိုချိူင်းနားအဲလိုင်းတွေပြီးရင် ဗီယက်စတားဟာ ဗီယက်နမ်မှာ သတ္တမမြောက်လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။   Source: VNS

Tuesday, 28 Jun 2011

မလေးရှားမှာ နေစွမ်းအင် စက်ရုံတည်ဆောက်ဖို့ ဂျာမန်ကုမ္ပဏီစီစဉ်               မလေးရှားမှာ တည်ဆောက်မဲ့ နေစွမ်းအင်စက်ရုံအတွက်ဂျာမန်စက်မှု လုပ်ငန်းအဖွဲ့ Bosch ယူရို သန်း ၅၂ဝ (ဒေါ်လာ ၇၅ဝ သန်း) ရင်းနှီးမြှုပ်နံှမယ် လို့ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၂) က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ ဖေါ်ပြထားပါတယ်။ စက်ရုံဆောက်လုပ်မှု လုပ်ငန်းများကို ပီနန်ဒေသ အနောက်မြောက်ပိုင်းမှာ ယခုနှစ်က စတင်ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းလည်ပတ်တဲ့အခါ လူ ၂ဝဝဝ ကိုအလုပ်ခန့်ထားနိုင်မယ်လို့ ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နံှမှုအရ Bosch  က နေစွမ်းအင် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ နယ်ပယ်အထိ တိုးခဲျ့လာခဲ့ပြီး ဖြစ်ပါတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ကုမ္ပဏီ ဥက္ကဌ ဖရန် ဖာရန်ဘက်က ပြောပါတယ်။               အပြည့်အဝ လည်ပတ်နိုင်တာနဲ့ တစ်ပြိုင်နက် စက်ရုံက မလေးရှား နေအိမ် ၃ဝဝဝဝဝ အတွက် လျှပ်စစ် ဓါတ်အားရစေမဲ့ နေစွမ်းအင်ပြားတွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ယခု စီမံကိန်းက မလေး ရှား သမိုင်းမှာ အကြီးမားဆုံး စီမံကိန်း ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။                Source: AFP

Tuesday, 28 Jun 2011

 LM လေကြောင်းက လေယာဉ်များကို ဇီဝလောင်စာဆီဖြင့် ပံျသန်းမည်              အမ်မ်စတာဒမ်နဲ့ ပဲရစ်ကို ပံျသန်းပြေးဆွဲနေတဲ့ လေယာဉ်တွေကို  KLM Royal Dutch Airlines  က ပုံမှန်လေယာဉ် ဆီ အစား ဇီဝလောင်စာဆီနဲ့ စက်တင်ဘာကစပြီး ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။             ဒါတ်ချ် လေကြောင်းလိုင်းရဲ့ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၂) က ကြေညာချက်က လေကြောင်းပံျသန်းရေးလုပ်ငန်းတွေ တိုးတက် ခိုင်မာလာဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဇီဝလောင်စာဆီကို အသုံးပြုပြီး စားသုံးဆီတွေကနေ ထုတ်လုပ်တာဖြစ်ပြီး လေယာဉ်အင်ဂျင်တွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်ပါ တယ်။            'ဇီဝ လောင်စာဆီနဲ့ လေယာဉ်ပံျသန်းဖို့ဆိုတာ နည်းပညာအရ ဖြစ်နိုင်တယ်ဆိုတာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာကလည်း ကျွန်တော်တို့ သရုပ်ပြခဲ့ပြီး ဖြစ်ပါတယ်'လို့ KLM ညွှန်ကြားရေးမှူး ကမ်မီယယ်အာလင်းက ပြောပါတယ်။ ဇီဝလောင်စာ ဆီတွေနဲ့ စီးပွားဖြစ်ပံျသန်းဖို့ တရားဝင်ခွင့်ပြုချက် မကြာမီရပါတော့မယ်လို့ သူကပြောပါတယ်။              Source: xinhua 

Tuesday, 21 Jun 2011

ဂျပန်မော်တော်ကားနဲ့ အီလက်ထရွန်းနစ်ထုတ်လုပ်သူတွေ လုပ်ငန်းပြန်လည်စတင်                  မတ် ၁၁ ရက်မြေငလျင်အပြီး သုံးလအကြာတွင် ဂျပန် မော်တော်ကားနဲ့ အီလက်ထရွန်းနစ်လုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ပြီဟုဆိုသည်။ ဖူကူးရှီးမား အမှတ် ၁ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ဖြစ်ပွားသော ပြဿနာ များကြောင့် အလှည့်ကျမီးဖြတ်ပေးနေခြင်းကြောင့် စက်ရုံများကို ထိခိုက်မှုဖြစ်ပွားခဲ့ရာ အချို့ စက်ရုံများက ပင်လယ်ရပ်ခြား တွင် ထုတ်လုပ်ခဲ့ရာမှ လုပ်ငန်များကို ပြည်တွင်း၌ ပြန်လည် နေရာချထားခဲ့ပါတယ်။                   ယခုလထဲမှာ တိုယိုတာမော်တာကော်ပိုရေးရှင်းနဲ့ နီဆန်း မော်တာကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုဟာ သဘာဝ ဘေးမကြုံမီ ကာလအဆင့်ထိ ပြန်လည်နာလန်ထူလာပြီ ဖြစ်ပါတယ်။ ဟွန်ဒါမော်တာ ကုမ္ပဏီက သြဂုတ်လ လောက်မှာ ပုံမှန်ထုတ်လုပ်မှု အဆင့်ကိုပြန်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ မော်တော်ကားထုတ်လုပ်သူတွေက ဆုံးရှုံးခဲ့တဲ့ ထုတ်လုပ်မှု တွေကို ဒီဘဏ္ဍာရေးနှစ်ရဲ့ နောက်ဆုံးနှစ်ဝက်မှာ ပြန်ဖြည့်ပြီး ပို့ကုန်တွေတိုးမြှင့် နိုင်မယ်လို့ ခန့်မှန်ထားပါတယ်။ အီလက်ထရွန်းနစ် လုပ်ငန်းတွေကလည်း လုပ်ငန်းကျ ဆင်းမယ်လို့ စောစောပိုင်းကခန့်မှန်း ခဲ့ပါတယ်။ ွRemesas Electronics Corp.ကမော်တော်ကားတွေမှာ သုံးတဲ့ မိုက်ကရိုကွန်ထရိုလာတွေကိုအများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပြီး ဒီကုမ္ပဏီကလည်း စက်တင်ဘာလကုန်လောက်မှာ ငလျင်မလှုပ်မီက အခြေအနေကို ပြန်ရောက်အောင် ထုတ်လုပ်နိုင်မယ်လို့ခန့်မှန်ထားပါတယ်။ ဆိုနီကုမ္ပဏီရဲ့ ထုတ်လုပ်မှု အခြေအနေက နေရာအလိုက်အမျိုးမျိုးရှိနေပါတယ်။

Pages