Main menu

Background

Tuesday, 5 Apr 2011

 ဗီယက်နမ်တွင် လေကြောင်းခများ ၂ဝ ရာခိုင်နှုန်း မြင့်တက်               ဗီယက်နမ်လေကြောင်းလိုင်းတွေရဲ့ အခက်အခဲဖြေရှင်းနိုင်အောင် လေကြောင်းလိုင်းခအမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းအထိမြှင့်တင်ဖို့ အဆိုပြုထားပါတယ်။ အဆိုပြုချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန တို့က ဆွေးနွေးပြီးဖြစ်ရာ ဈေးနှုန်းသစ်တွေကို ဧပြီလကုန်မှာ စတင်မယ်လို့ခန့်မှန်းရပါတယ်။                   ငွေလဲလှယ်နှုန်းပြောင်းလဲသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကိုရှောင်ကြဉ်ဖို့အတွက် ဈေးနှုန်းများကို တိုးမြှင့် ခွင့်ပြုဖို့ ဗီယက်နမ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ ပြည်တွင်းလေကြောင်းလိုင်းအများအပြားက လျှောက်ထားခဲ့ပြီး နောက်ပိုင်း ဒီအဆိုပြုချက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒေါင်ငွေတန်ဖိုးကျဆင်းတဲ့အတွက် လောင်စာဆီဈေးနဲ့ လေဆိပ် ဝန်ဆောင်မှုကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာတယ်လို့ သယ်ယူပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ထရန်ငေါသန်းက ပြောပါတယ်။                   အမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သဘောတူ ထားပြီးဖြစ်ပါတယ်။ အကဲဖြတ်ချက်ရယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သူကပြောပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက် ၁၁ နဲ့အညီ စီးပွားရေးလုပ်ငန်းတွေက မည်၍ မည်မျှကျခံရမည်ဆိုတာကို ဘဏ္ဍာရေး ဝန်ကြီးဌာနက တွက်ချက်မှာဖြစ်ပါတယ်။ အကယ်၍ ယခုအစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုမယ်ဆိုရင် ယခုဈေးနှုန်းသစ်ကို ဧပြီလကုန်ကစပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Source:VNS.com

Tuesday, 5 Apr 2011

 တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်းများကိုရှာဖွေနှိမ်နှင်း                  တရုတ်လတ်ဆတ်တဲ့နို့ထွက်ပစ္စည်းနဲ့ ကလေး နို့မှုန့်ထုတ်လုပ်သူများ ဗဟိုအဖွဲ့က နောက်ဆုံး စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ယခုလအကုန်မှာ ပြည်တွင်းကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းက နို့ထွက်ပစ္စည်းဈေးကွက်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ တရားဝင်သတင်းရပ်ကွက်ကနေ သိရပါတယ်။ တရုတ်ကုမ္ပဏီတွေက ပြည်တွင်း ဈေး ကွက်ကို ကျယ်ပြန့်စွာပြန်လည်ရရှိနိုင်ဖို့အတွက် အရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနဲ့ ရောဂါဘယထိန်း ချုပ်ရေးအထွေထွေ  အုပ်ချုပ် ရေးဌာနက ထုတ်လုပ်ရေးလိုင်စင်ရယူ ထားပြီးဖြစ်တဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည် စစ်ဆေးဖို့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေ ကို အမိန့်ထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတ် မှတ်ရက်က မတ် ၃၁ ရက်ဖြစ်ပါတယ်။ ဖူကျန်၊ ကွမ်တုံ၊ ရှန်ဇီး၊ ဇီချွမ်နဲ့ နင်ဂျား ပြည်နယ်လေးခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုတို့က ဖေဖေါ်ဝါရီလကုန်မှာ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ ဇီချွမ်ပြည်နယ်မှအပ အခြား ဒေသတွေမှာရှိတဲ့ ကုမ္ပဏီတွေထဲက ၃ဝ ရာခိုင်နှုန်းဟာ စစ်ဆေးမှုကိုအောင်မြင်မှု မရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီတွေဟာ လိုင်စင် အသိမ်းခံရမှာ ဖြစ်ပါတယ်။ ဇီချွမ်ပြည်နယ်မှာ စစ်ဆေးတာကို အောင် မြင်မှု မရှိတဲ့ ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း ထက်နည်းပါတယ်။                          ယခုလကုန်မှာ ပြန်လည်စစ်ဆေးတာ တွေပြီးဆုံးသွားရင် တစ်နိုင်ငံလုံးမှာရှိတဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းကျော် လိုင်စင် ရုပ်သိမ်းခံရလိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ တရုတ် နို့ထွက် လုပ်ငန်းအသင်းက ခန့်မှန်းပါတယ်။ဈေးကွက်ရဲ့ ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။ Source.China Daily

Monday, 11 Jan 2010

   လာမဲ့နှစ် ဇန်နဝါရီ ၁ ရက် မှာ စတင်အကျိုးသက်ရောက်တဲ့ အာဆီယံနဲ့တရုတ် လွတ်လပ်တဲ့သဘောတူစာခုျပ် (အေစီအက်ဖ် တီအေ)အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဝန်ကြီးအဆင့်စည်းမျဉ်းဥပဒေများကို အပြီးသတ် ရေးဆွဲပြီးကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာန ဒီဇင်ဘာ  ၂၈ ရက်နေ့က ပြောကြားပါတယ်။

Monday, 11 Jan 2010

    ယာဉ်မှ သီးခြားဖြုတ်တပ်လို့ရတဲ့ ကားအမိုးတွေနဲ့ ပတ် သက်ပြီး ပြဿနာရှိနေတဲ့အတွက် ဂျင်နရယ်မော်တာ ကုမ္ပဏီက ချက်ဗလက်ကော်ဗက် ကားစီး ရေ ၂၂ဝဝဝ ကို ပြန်လည်ရုပ် သိမ်းခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စုအမျိုးသား အဝေးပြေး လမ်းသွားလာမှု လုံခြုံဘေး ကင်းရေး အုပ်ချုပ်မှုဌာနက ပြောကြားပါတယ်။

Friday, 8 Jan 2010

   တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ သံမဏိ၊ စက်ယန္တရားနဲ့ အီလက် ထရွန်းနစ်ပစ္စည်းတွေဟာ လာမဲ့ နှစ်မှာ အခြေအနေ ကောင်းမွန် မယ်လို့ ခန့်မှန်းထားပြီး သင်္ဘော တည်ဆောက်ရေးနဲ့ ဆောက် လုပ်ရေးတွေကတော့ အခက် အခဲတွေကြုံရမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကထုတ်ပြန်တဲ့ ကိုရီးယားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (KCCI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Friday, 8 Jan 2010

   ခရီးသွားလုပ်ငန်း၊ သဘာ ဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံစီးပွား ရေးတိုးတက်မှုကို တိုးမြှင့်ဖို့အတွက် ဂျပန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်မှာ အလုပ်အကိုင် လေးသန်းဖော်ထုတ်မှာဖြစ်ကြောင်း ဂျပန် အစိုးရက ဒီဇင်ဘာ ၃ဝ ရက်နေ့က ကြေညာပါတယ်။

Thursday, 2 Jul 2009

စာရင်းကိုင်များနဲ့ စာရင်းစစ်များ ရဲ့ လစာများဟာ ယခုနှစ် အတွင်းမှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် စရာရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းတွင်း စာရင်းစစ်လို ထိပ်တန်းရာထူးများကို ရရှိထားဖို့တော့လိုအပ်ပါတယ်။

Thursday, 2 Jul 2009

စီးပွားရေးဆုတ်ကပ် အတွင်းက ဆုံးရှုံးခဲ့ရတဲ့ ဓနအင်အားကို ပြန်လည် ထူထောင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက အိမ်ထောင်စုတွေဟာ ၁၅ နှစ်လောက်အချိန်ပြန်ယူရနိုင်တယ်လို့ ၂၀၀၆ ခုနှစ်က ဘောဂဗေဒ နိုဘယ်ဆုရှင် ကိုလံဘီတက္ကသိုလ်ပါမောက္ခ အက်ဒမန်ဖဲလ်စ်က ဘလွမ်းဘတ် နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇွန်လ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Thursday, 2 Jul 2009

ကမ္ဘာ့နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်)နဲ့ နိုင်ငံတကာနယ်စပ် ဖြတ်ကျော်ပြီး ကုမ္ပဏီများပေါင်းစည်းမှုဟာ ၂၀၀၉ ခုနှစ် ပထမ သုံးလပတ် အတွင်းထက်ဝက်ကျော် ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂက ဇွန်လ ၂၄ ရပ်နေ့ကပြောကြားပါတယ်။

Thursday, 2 Jul 2009

၂၀၀၉ ခုနှစ်အတွက် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှု (ဂျီဒီပီ) ကို တောင်ကိုရီးယားနိုင်ငံက မြှင့်တင် ခန့်မှန်းခဲ့ပါတယ်။

Pages