Main menu

Background

Wednesday, 9 Nov 2011

                         မတော်မတရားပြုကျင့်ခံရခြင်းမှ လုံလောက်အောင် ကာကွယ်မပေးနိုင်ဟု နာမည်ထွက်နေတဲ့နိုင်ငံ ၄၁ နိုင်ငံ ကိုသွားရောက်ပြီး အလုပ်မလုပ်ဖို့ ဖိလစ်ပိုင်အလုပ်သမားများ ကို ပိတ်ပင်ထားကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာ ၂ ရက်က ကြေညာပါတယ်။ အမည်ဆိုးစာရင်းသွင်းထား တဲ့ နိုင်ငံတွေက နိုင်ငံခြားလုပ်သားတွေကို ကာကွယ်မှု ပေးတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းသဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခြင်းမရှိကြောင်း ဝန်ကြီးဌာနက တင် ထားတဲ့ ဝက်ဘ်ဆိုက်မှာ အလုပ်သမားနဲ့ အလုပ်အကိုင် နေရာချထားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ဒီနိုင်ငံတွေက ပင်လယ်ရပ်ခြားဖိလစ်ပိုင်လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မှုပေးဖို့ နှစ်နိုင်ငံသဘောတူ စာချုပ် ရေးထိုးထားခြင်း မရှိပါဘူးလို့ ဆိုပါတယ်။                     ဒီနိုင်ငံတွေရဲ့ ဥပဒေတွေမှာလည်း နိုင်ငံခြား လုပ်သား တွေကို အကာအကွယ်ပေးတဲ့ ပြဌာန်းချက်တွေမရှိ ပါဘူးလို့ ကြေညာချက်မှာဖော်ပြထား ပါတယ်။ ဒီစာရင်း ထဲမှာ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ ဆူဒန်၊ ချတ်နဲ့ ပါကစ္စတန်နိုင်ငံတွေ ပါဝင်ပါတယ်။                     ဖိလစ်ပိုင်နိုင်ငံမှာ ပင်လယ်ရပ်ခြားလုပ်သား ကိုးသန်း ရှိပြီး နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ အနောက်နိုင်ငံ တွေမှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေတဲ့ ဖိလစ်ပိုင် တွေရှိပေမဲ့ သူတို့ထဲက အများစုကအိမ်ဖော်တွေ၊ အလုပ် ကြမ်း သမားတွေနဲ့ သင်္ဘောသားတွေ ဖြစ်ပါတယ်။ Source. AFP

Wednesday, 9 Nov 2011

                 တောင်တရုတ်ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေရဲ့ အပိုင်စီးတာကိုခံခဲ့ရတဲ့ မလေးရှားရေနံတင် သင်္ဘောနဲ့ ဝမ်းပြားသင်္ဘောကို မလေးရှားရေကြောင်း အာဏာပိုင် အဖွဲ့က ပြန်လည်ကယ်တင်ခဲ့တယ်လို့ အရာရှိ တွေက အောက်တိုဘာ ၃၀ရက်ကပြောပါတယ်။ မလေးရှားရင်းဂစ်တန်ဖိုး ၁၄ သန်း (ဒေါ်လာ ၄ ဒသမ ၆ သန်း) တန်ဖိုးရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို တင်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောကို စင်ကာပူရေလက်ကြားမှာ အောက်တိုဘာ ၂၇ ရက်ကအပိုင်စီးခံခဲ့ရတာ ဖြစ်ပါတယ်။                   သင်္ဘောကိုအဆက်အသွယ်မရတော့ဘူးလို့ သင်္ဘော ကုမ္ပဏီက သတိပေးချက်ထုတ်ပြန်ပြီးတဲ့နောက် မလေးရှား မှတ်ပုံတင်သင်္ဘော MT Nautic Johor Bahru ကို စင်ကာပူနိုင်ငံအရှေ့ဘက်ကမ်းခြေမှာ အောက်တိုဘာ ၂၈ ရက်က အာဏာပိုင်တွေက ခြေရာခံမိကြပါတယ်။ မလေးရှားရေတပ်နဲ့ အင်ဒိုနီးရှားရေတပ်ဖွဲ့တို့က အင်ဒိုနီးရှား ပင်လယ်ပြင်မှာ သင်္ဘောကို ပင်လယ်ဓားပြ တွေ လက်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ပစ္စတိုတွေနဲ့ ဓားရှည် တွေကိုင်ဆောင်ထားတဲ့ ပင်လယ်ဓားပြတွေ လို ယူဆရတဲ့ လက်နက်ကိုင် ၁၀ ယောက်က စပိဘုတ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။                   သင်္ဘောက မလေးရှားကျွန်းဆွယ်ကနေ ဘိုနီယိုကျွန်း စုကို ဦးတည်သွားလာနေတာ ဖြစ်ပြီး သင်္ဘောဝန်ထမ်း ၁၉ ဦးထဲက တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့သူတို့ရဲ့ပစ္စည်းတွေကို အခိုးခံခဲ့ရပါတယ်။ တစ်ချိန် တည်းမှာ အာဏာပိုင်တွေက သင်္ဘောသားနှစ်ဦးနဲ့ ရင်းဂစ် ရှစ်သန်းဖိုး စားအုန်းဆီတွေ တင်ဆောင်ထားတဲ့ ဝမ်းပြား သင်္ဘောတစ်စီးကို မလေးရှားအာဏာပိုင်တွေက မလေးရှား နိုင်ငံတောင်ဘက်ကမ်းလွန်မှာ အောက်တိုဘာ ၂၇ ရက်ကကယ်တင်ခဲ့တယ်လို့ ပင်လယ်ရေကြောင်းဥပဒေ စိုးမိုးရေး အေဂျင်စီ ဒေသဆိုင်ရာတပ်မှူး ဇူကီဖလီအဘူ ဘာကာက ပြောပါတယ်။                   ဝမ်းပြားသင်္ဘောကဘော်နီယိုကနေ မလေးရှား ကျွန်းဆွယ်ကို သွားနေစဉ် အောက်တိုဘာ ၂၆ ရက်က အင်ဒို နီးရှား ပင်လယ်ပြင်မှာ အပိုင်စီးခံခဲ့ရတာဖြစ်ပါတယ်။ Source. AFP

Wednesday, 9 Nov 2011

                တရုတ်နိုင်ငံမှာ ချန်နယ်လိုင်းများကို အခပေးအသုံးပြုမှု အရေအတွက်တိုးပွား လျက်ရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ လျင်မြန်စွာတိုးတက်နေတဲ့ အခပေး တီဗွီ ဈေးကွက်ထဲမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားလျက်ရှိပါတယ်။ မီဒီယာပေါ်ထွန်းလာမှုက စားသုံးသူတွေရဲ့ ဝယ်လိုအားကို ပြောင်းလဲမှုဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီအလားအလာသစ်နဲ့အညီ TV လုပ်ငန်းက ပြုပြင်ပြောင်းလဲမှုတွေရှိဖို့လိုတယ်လို့ လုပ်ငန်းဆိုင်ရာလေ့လာ အကဲခတ်သူ တွေက ပြောပါတယ်။ အာရှကေဘယ်ကြိုးနဲ့ ဂြိုလ်တု အသံလွှင့်လုပ်ငန်းအသင်း (CASBAA) ကကြီးမှူးကျင်းပတဲ့ CASBAA  ကွန်ဗင်းရှင်း နှစ်ပတ်လည်မှာ အခပေး တီဗွီနဲ့ ဗီဒီယို လုပ်ငန်းများ ထိပ်တန်းလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။                 ကွန်ဗင်းရှင်းမှာ ဆွေးနွေးတဲ့ အကြောင်းအရာတစ်ခုကတော့ တရုတ်နိုင်ငံ အကြောင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခပေးအသုံးပြုသူ ၁၇၅ သန်းရှိပြီး ကမ္ဘာမှာ အကြီးမားဆုံးဈေးကွက်ကြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ်အတွက်ရောင်းချမှု ဟာဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရှိမယ်လို့ ဈေးကွက်သုတေသနအဖွဲ့ SNL Kagan  က ပြောပါတယ်။ ဒီအခြေအနေကိုကြည့်ရင် တရုတ်နိုင်ငံကဝင်ငွေအရ ဂျပန်နိုင်ငံကို ကျော်တက်ပြီး မာလ်တီချန်နယ်လိုင်းဈေးကွက်မှာ အာရှမှာ ပထမနဲ့ ကမ္ဘာမှာ ပဉ္စမ နေရာကို ရောက်လာနိုင်ပါ တယ်။                နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက တရုတ်ဈေးကွက်ကို စိတ်ဝင်စားလာပါတယ်။ စည်းမျဉ်း ဥပဒေတင်းကျပ် မှုတွေရှိနေပေမဲ့ SNL Kagan ကုမ္ပဏီက တရုတ် ဈေးကွက်ထဲကို ဝင်ရောက်ဖို့စိတ်ဝင်စားပါတယ်။ " တရုတ်ဈေးကွက်ထဲမှာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အကန့် အသတ်တွေရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ကအကျယ်ကြီးရှိနေပြီး စီးပွားရေး အရလည်း အင်အားတောင့်နေပါတယ်။ လူတွေကချမ်းသာလာပြီး သုံးနိုင်ဖြုန်းနိုင် ရှိနေပါပြီ။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေ စိတ်ဝင်စားလာတာဖြစ်တယ်လို့" Liberty Global ဥက္ကဌ ဂရေဟမ်ဟောလစ်က ပြောပါတယ်။ Source. CNA

Wednesday, 9 Nov 2011

                    iPhone 4S အပါအဝင် စမတ်ဖုန်းသစ်တွေ ယခုလ အတွင်း တောင်ကိုးရီးယားဈေးကွက်ထဲကို စုပြုံဝင် ရောက်လာပါတယ်။ ဒါကြောင့် ကိုရီးယားမှာ စမတ်ဖုန်းဈေးကွက် တိုက်ပွဲ နောက်တစ်ကျော့ဖြစ်လာနိုင်တဲ့ အလား အလာရှိ နေပါတယ်။SK Telecom နဲ့  KT Corp တို့လိုမိုဘိုင်း ကယ်ရီယာတွေက အက်ပဲရဲ့အသစ်လွင်ဆုံးဖြစ်တဲ့ iPhone 4S ကိုပြည်တွင်းဈေးကွက်မှာ ဖြန့်ချိဖို့အသင့် ဖြစ်နေပါပြီ။SKT နဲ့ KT ကုမ္ပဏီ နှစ်ခုစလုံးက အရောင်းမြှင့်တင်ရေး အစီအမံတွေအသင့် ဆောင်ရွက် ထားပြီးနေပြီလို့ လုပ်ငန်းဆိုင်ရာသတင်းရပ်ကွက်မှ သိရပါတယ်။                       iPhone ကို တောင်ကိုရီးယားမှာ ပထမဆုံးဖြန့်ချိ စဉ်က KT  က တစ်ဦးတည်း Service Provider  ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့်  SKT  ကို အခကြေးငွေပေးပြီးသုံးနေသူ တွေက iPhoneကို သုံးနိုင်ဖို့အတွက် KT ကို ရွေးချယ် အသုံးပြုခဲ့ကြပါတယ်။ iPhone  အပြင် စမတ်ဖုန်းအဖြစ် အသွင် ပြောင်းထားတဲ့ အယ်လ်ဂျီအီလက်ထရွန်း နစ်ရဲ့ ပရာဒါဖုန်းနဲ့ SKT ရော KT ပါ ဖြန့်ချိနေတဲ့ ဆမ်းဆောင်း အီလက်ထရွန်းနစ်ရဲ့ Galaxy Nexus တို့ကလည်း ယခု လအတွင်းမှာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်အောင် အပြိုင်အဆိုင်ကြိုးပမ်းကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ရင် 36 နဲ့ 46 ကွန်ရက်တွေနဲ့ ဆောင်ရွက်နေတဲ့ စမတ်ဖုန်းသစ် ၁၂ မျိုးကို မိတ်ဆက်ပေးဖို့ စီစဉ်နေတယ်။ ဒီအထဲမှာ Nokia Lumia 710 မိုက်ကရိုဆော့ရဲ့ နောက်ဆုံးမိုဒယ် Windows 7.5 Mango တို့လည်းပါဝင်ပါတယ်။ Source. koreaherald.com.

Wednesday, 9 Nov 2011

                 နှစ်ပေါင်းငါးဆယ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရေကဗန်ကောက်မြို့ထဲပိုင်းကို နိုဝင်ဘာ ၄ ရက်က နီးကပ်စပြုလာပါတယ်။ ဒါကြောင့် ဗန်ကောက်မြေအောက် ရထားလမ်းရဲ့ အချို့အစိတ်အပိုင်းတွေအတွက် စိုးရိမ်မှုများဖြစ်နေပြီး အဓိကဈေးဝယ်ဌာနကြီးများကို ပိတ်ရတော့မလို ဖြစ်နေပါတယ်။ အမှိုက်သရိုက်တွေ၊ တိရစ္ဆာန်အ သေကောင်တွေနဲ့ လူ့အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတဲ့ရေတွေက ယခုအခါ မြို့တော်ရဲ့ ၂၁ ရာခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိပါတယ်။ ဒါကြောင့်လူဦး ရေ ၁၂ သန်းရှိတဲ့ မြို့တော်လူဦးရေကို ရောဂါဘယတွေဖြစ်ပွားမှာ စိုးရိမ်နေရပါတယ်။ ဗန်ကောက်မြို့တော် ဗဟိုအချက်အချာဒေသကို ရေလွတ်ရပါစေ မယ်လို့ အစိုးရကအာမခံထားပေမဲ့ တဖြည်းဖြည်းဝင်လာတဲ့ရေတွေက ယခုအခါမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုပေးနေတဲ့နေရာတွေ နဲ့ မိုင်အနည်းငယ်ခန့်သာ ကွာဝေးပါတော့တယ်။                         ရေတွေက မြို့တော်ရဲ့မြောက်ဘက်အစွန်းပိုင်းဒေသ လက်ဖရောင်းဒေသ ကိုနိုဝင်ဘာ ၄ ရက်ကရောက်လာပြီး Central Plaza ကုန်တိုက်ကြီးကိုပိတ် ရတော့မယ့် အခြေအနေရောက်နေပါတယ်။ ဗန်ကောက်မြို့ရဲ့ မြေအောက်ရထားဘူတာသုံးခုကိုလည်း ရေလွှမ်းမိုးမဲ့ အခြေအနေရှိနေလို့ အပြင်ဘက်မှရေ စင်တီမီတာ ၄၀ (၁၆ လက်မ)မြင့်တက်လာရင် ပိတ်ထားရမှာဖြစ်ပါတယ်။ (၃ ဒသမ ၅ မီတာအမြင့်ရှိတဲ့ ရေကာတာရှိနေတဲ့) သုဝဏ္ဏဘူမိလေဆိပ်ကို နာရီ မလပ် စောင့်ကြည့်နေရပါတယ်။ Source.AFP.com

Wednesday, 9 Nov 2011

                   ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ ရေလွှမ်းမိုးမှုကြောင့် နိုဝင်ဘာ ၃ ရက် အထိ လူ ၆၉ ဦးသေဆုံးခဲ့ပါတယ်။ အိမ်တစ်သိန်းခွဲနီးပါးနဲ့ စပါးစိုက်လယ်ကွင်း ၂၂၉၅၅ ဟက်တာရေ လွှမ်းမိုးခံခဲ့ရပါတယ်။ ရေကာတာ အရှည် ၁၅၆၀ ကီလိုမီတာ ကျိုးပျက်ခဲ့ပါတယ်။နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်တဲ့ အစိုးရရဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။                     သြဂုတ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်များမှာ ရေလွှမ်း မိုးမှုကြောင့် ယခုနှစ်မှာ ဗီယက်နမ်ဒေါင် ၂ ဒသမ ၈၅ ထရီလီယံ (ဒေါ်လာ ၁၃၅ သန်း)ဖိုး ဆုံးရှုံးမှုရှိခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်ကထုတ်ပြန်တဲ့ ရေလွှမ်း မိုးမှုနဲ့ လေမုန်တိုင်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစီရင်ခံစာမှာ တွေ့ရပါတယ်။                      မဲခေါင်မြစ်ရဲ့ မြစ်ညာပိုင်းဒေသတွေမှာ ရေကျစပြုလာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒကြို တင်ခန့်မှန်းရေးစင်တာက ထုတ်ပြန်ပါတယ်။ Source.philstar.com

Wednesday, 9 Nov 2011

                    ကမ္ဘောဒီးယားမှာ ရေလွှမ်းမိုးမှု အကြီး အကျယ်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၄၇ ဦး သေဆုံးပြီး လူဦးရေ ၁ ဒသမ ၆ သန်း ဒုက္ခ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ လေးပုံသုံးပုံ ရေလွှမ်း မိုးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မဲခေါင်မြစ်နဲ့ တခြားမြစ်ကြီးတွေက လွန်ခဲ့တဲ့နှစ်လကျော်အတွင်းက ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ဆန်စပါး သီးနှံ ၁၀ ရာ ခိုင်နှုန်းကျော် ပျက်စီးသွားတဲ့အတွက် စားနပ် ရိက္ခာပြတ်လပ်ပြီး ကြွေးမြီထူပြောလာမှာကို စိုးရိမ်နေရပါတယ်။                     ကမ္ဘောဒီးယားရဲ့ လူဦးရေ ၁၄ ဒသမ ၇ သန်းအနက် ၈၀ ရာခိုင်နှုန်းနီးပါးက ကျေးလက်ဒေသ တွေမှာနေထိုင်ပြီး ၇၁ ရာခိုင်နှုန်း က လယ်ယာစိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေ ရပါတယ်။ ယခုအခါ ရေလွှမ်းမိုးမှုကြောင့် မိသားစု ထောင်ပေါင်းများစွာ ဝင်ငွေမရှိဘဲဖြစ် နေပါတယ်။                        ကုလသမဂ္ဂမှ ထုတ်ပြန်တဲ့ စာရင်းတွေ အရ ကမ္ဘောဒီးယား ကျေးလက်ပြည်သူတွေရဲ့ သုံးပုံတစ်ပုံ ရေလွှမ်းမိုးခံနေတယ်လို့ ဆိုပါတယ်။ Source.trust.org

Monday, 31 Oct 2011

               ဂျပန်နိုင်ငံရဲ့ စက်တင်ဘာစက်မှု ကုန်ထုတ်လုပ်မှုက သြဂုတ်လ ထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်တဲ့ အစိုးရစာရင်းဇယားများမှာ တွေ့ရပါတယ်။ကုန်ထုတ်လုပ်မှု ကျဆင်းရတဲ့ အဓိကအကြောင်းရင်းက လူစီးကားများ၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းများနဲ့ဆယ်လူလာဖုန်း ထုတ်လုပ်မှုတွေ ကျဆင်းလို့ ဖြစ်တယ်လို့ အစိုးရကပြောပါတယ်။ ဒါပေမဲ့ အောက်တိုဘာနဲ့ နိုဝင် ဘာမှာ ထုတ်လုပ်မှုပြန်တက်မယ်လို့ ခန်းမှန်းထားပါတယ်။ Source.AFP

Monday, 31 Oct 2011

                    မလေးရှားနိုင်ငံမှာ နည်းပညာသစ်ကို ဝယ်လိုအားမြင့်မားလာတဲ့ အတွက် ၂၀၂၀ ပြည့်နှစ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးလိုအကောင်အထည် ဖော်နိုင်မဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီလို့ ကမ္ဘာ့သတင်းအချက် အလက်နဲ့ လေ့လာဆန်းစစ်ရေးအေဂျင်စီ နီလ်ဆင်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ် မလေးရှားဒစ်ဂျစ်တယ်စားသုံးသူ အစီရင်ခံစာ အရ မလေးရှား လူမျိုးတွေက အပြောင်းအလဲကိုဆောင်ရွက်ဖို့အသင့် ရှိနေပြီ ဖြစ်တဲ့အတွက် မလေးရှားမှာ နည်းပညာ သစ်ကို စိတ်ဝင်စားမှု တိုးတက် ခိုင်မာနေတယ်လို့ နီးလ်ဆင်းမလေးရှားရဲ့ ဒါရိုက်တာ လူကာဂရိဆယ်ရီလာ က ပြောပါတယ်။                       မလေးရှားနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အစီအစဉ်က စားသုံးသူတွေရဲ့ အပြုအမူကို ပြောင်းလဲ ပစ်တော့မယ်လို့ အောက်တိုဘာ ၂၄ ရက်ကကျင်းပတဲ့ ၂၀၁၁ ခုနှစ် မလေးရှားဒစ်ဂျစ်တယ် စားသုံးသူ အစီရင်ခံစာ ဖွင့်ပွဲအခမ်းအနားပြီးနောက် ကျင်းပတဲ့သတင်းစာရှင်းလင်း ပွဲမှာ သူကပြောပါတယ်။ မလေးရှားနိုင်ငံမှာ စမတ်ဖုန်းနဲ့ တဲဘလက် ကွန်ပျူတာတွေအသုံးပြုမှုက ထူးထူးခြားခြားအရှိန်အဟုန်ကောင်းလာ တာကို အစီရင်ခံစာအရသိရတယ်။ ဒါကြောင့် ဒီဂျစ်တယ်လုပ်ငန်းက ဒီကိရိယာတွေအလွယ်တကူရနိုင်အောင်ဆောင်ရွက်ပေးရမယ်လို့ သူက ပြောပါတယ်။                    " စမတ်ဖုန်းပိုင်ဆိုင်မှုက ၁၂ လအတွင်းမှာ နှစ်ဆတိုးလာမယ်၊ ယခုလောလောဆယ်ပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းရှိရာကနေ ၈၉ ရာခိုင်နှုန်းရှိလာပြီး တဲဘလက်ကွန်ပျူတာပိုင်ဆိုင်မှုက လောလောဆယ် ၁၈ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းထိရှိလာမယ် "လို့သူကပြောပါတယ်။                      ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးအစီအစဉ်အောင်မြင်ဖို့အတွက် မလေးရှားလူမျိုးတွေက နည်းပညာသစ်နဲ့ ကိရိယာသစ်တွေကို အသုံးပြု လာနိုင်အောင် အခြေခံအဆောက်အအုံနဲ့ ကွန်ရက်စွမ်းအင်ကို မြှင့်တင်ပေးဖို့လိုပါမယ်။ ဒီလိုမြှင့်တင်နိုင်ဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်း ရှင်တွေနဲ့ အစိုးရတို့ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်အောင် လုပ်ရမယ်လို့ ဂရီဆယ်ရီက ပြောပါတယ်။ အခြေခံအဆောက်အအုံနဲ့ ပထဝီဝင်ဆိုင်ရာ ပြဿနာတွေကြောင့် အင်တာနက်နဲ့ နည်းပညာသစ်သုံးစွဲရာမှာ မလေးရှားနိုင်ငံက စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ရဲ့နောက်မှာ ကျန်နေတယ်လို့ သူကပြော ပါတယ်။ တဲဘလက်ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေ အဝယ်လိုက် လာတဲ့ အပြင် အွန်လိုင်းအသုံးပြုချိန် တိုးတက်လာတဲ့အတွက် အွန်လိုင်း ကြော်ငြာ လုပ်ငန်းမှာ သုံးစွဲမှုပိုလာမယ်လို့ သူကပြောပါတယ်။ Source. bername.com

Monday, 31 Oct 2011

                       ထွန်းသစ်စဈေးကွက်တွေမှာ အသာစီးရနေတဲ့ အတွက် ဗောက်စ်ဝက်ဂင်အေဂျီက တိုယိုတာနဲ့ ဂျင်နရယ် မော်တာ ( GM ) တို့ကိုကျော်တက်ပြီး ယခုနှစ်ကမ္ဘာ့ကား ထုတ်လုပ်မှုရဲ့ ထိပ်ဆုံးကိုရောက်လာတော့မယ်။ ၂၀၁၀ ပြည့်နှစ်က ကားအရောင်းမှာတတိယနေရာရှိခဲ့တဲ့ ဂျာမန် ကားရောင်းအားသည် ဘလွမ်းဘတ်က ပြုစုထားတဲ့ စစ်တမ်း အရ ၁၃ ရာခိုင်နှုန်းတိုးတက်ပြီး စင်းရေ ၈ ဒသမ ၁ သန်းရှိခဲ့တာကိုတွေ့ရ ပါတယ်။( GM ) ရောင်းအားသည် ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ၇ ဒသမ ၅၅ သန်းနဲ့တိုယိုတာ ရောင်းအားက ၉ ရာခိုင်နှုန်းကျဆင်း ပြီး စင်းရေ ၇ ဒသမ ၂၇ သန်းရှိခဲ့ကြောင်း  စစ်တမ်းမှာဖော်ပြထားပါတယ်။                       ဗောက်စ်ဝက်ဂင်ကားရဲ့ တရုတ်နိုင်ငံမှာရောင်းအား က ၂၀၁၁ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံမှာ နှစ်ဆမြင့်တက်ခဲ့တယ်လို့ သုတေသနအေဂျင်စီ  JD Power and Associates  ကခန့်မှန်းပါတယ်။ တိုယိုတာ ကုမ္ပဏီကတော့ မြေငလျင်ဒဏ်ကြောင့် ဒုက္ခတွေ့ရပြီး လအနည်းအကြာမှာ ထိုင်းနိုင်ငံမှာ ရေကြီးတဲ့အတွက် အရှေ့တောင် အာရှတိုယိုတာ စက်ရုံတွေကို ခေတ္တရပ်ဆိုင်း ထား ခဲ့ ပါတယ်။                       ထွန်းသစ်စဈေးကွက်တွေမှာ ကားဈေးကွက်တိုး တက်မဲ့ အလားအလာတွေ့ရှိနေပါတယ်။ ဗောက်စ်ဝက်ဂင် ကဒီအချက်ကို ကောင်းကောင်းသဘောပေါက်ပြီး ထွန်း သစ်စ ဈေးကွက်တွေမှာ အားစိုက်လုပ်ငန်းတွေ ဆောင် ရွက်လာတယ်လို့  JD Power ရဲ့ ရှန်ဟိုင်းအခြေစိုက် ဈေးကွက်ဆန်းစစ်ရေးမှူး ဂျင်နီဂူက ပြောပါတယ်။ Source. economictimes.indiatimes.com

Pages