Background
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ ဝယ်လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်လိုအားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေးကျ သွားတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကျရတဲ့အဓိကအကြောင်းက အိန္ဒိယဘက်မှာလည်း သူတို့ဒေသထွက်မတ်ပဲသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်နေတာကြောင့် အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေး ကျဆင်းနေတာလို့ ဘုရင့်နောင်ဈေးကွက်မှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲဈေးက အိန္ဒိယအဝယ်ပါးတာ ကြောင့် ဈေးကတအိအိနဲ့ ကျဆင်းနေသလို ပြည်တွင်းလှောင်လက် ကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းသိပ် မရှိကြဘူးလို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၄၇၁၅၀၀ ကျပ်မှ အမြင့်ဆုံး ၄၈၁၀၀၀ ကျပ်အတွင်းတန် ၃၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်း ငုံနီ (RC) အနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယအဆွဲတန့်နေတယ်။ ဒါကြောင့်ဈေးလည်းကျ အရောင်းအဝယ်လည်း တစ်ပတ်လုံးမှ တစ်ရက်ထဲသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်တန်ကို ၅၃၆၀၀၀ ကျပ်ဈေးနဲ့ တန် ၄၆၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်စီပီပြောင်းကို ရန်ကုန်ဝယ် လက် ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆို ပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၅၁၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲအေးလို့ ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၂၀၀၀ ကျပ်ခန့်ဈေး ကျသွားတယ်လို့ ဘုရင့်နောင်ဈေးကွက်အတွင်းမှ သိရပါတယ်။ မတ်ပဲအနေနဲ့ လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် တန်ချိန် ၃ သိန်းဝန်းကျင်ခန့်ကျန်နေပေမယ့် အိန္ဒိယရဲ့ ဝယ်လိုအားက ဒီရက်ပိုင်းတန့်နေတယ်။
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်ဝယ်လက် က ဝယ်အားသွက်သလို ရောင်းသူကုန်သည်များကလည်း ဝယ်ဈေး ကို နှစ်သက်လို့ အရောင်းများတာကြောင့် ဈေးကွက်မှာ နေ့စဉ်လှုပ် လှုပ်ရှားရှားနှင့် ပြောင်းအရောင်းအဝယ်သွက်နေကြောင်း သိရပါ တယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ် လက်အဝယ်ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒေသထွက်ပြောင်း သီးနှံကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၄၆၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်နဲ့ ပဲခွဲစက်များ ဝယ်အားပုံမှန်ရှိတာကြောင့် ဈေးအနည်း ငယ်မြင့်လာသလို ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုလည်း ပဲခွဲစက်နဲ့ ရန်ကုန်ဝယ်လက်အချို့ဝယ်အားပြန်လိုက်လာလို့ ဈေးမြင့် ခဲ့ကြောင်း၊ ပဲတီစိမ်းအနေနဲ့ တရုတ်အဆွဲအနည်းငယ်လျော့သွားလို့ ဈေးအနည်းငယ်ဆင်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ မတ်ပဲ ကိုမြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၀၀ ကျပ်(တစ် တန်ကို ၄၂၈၆၇၃ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်အနည်းငယ်ပြန်လိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၈ ကျပ်(တစ်တန်ကို ၅၂၅၄၃၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ ပဲတီစိမ်းကြီးကို ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အရည်အ သွေးပေါ်မူတည်ပြီး အဝယ်ရှိသလို ဝယ်လိုအားပါအေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာ ကို ၁၃၃၃ ကျပ်(တစ်တန်ကို ၈၁၆၃၁၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေ၊ အမှုန့်ကြိတ်စက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် လှောင်လက် ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် ဝယ်သူ ဈေးကွက်မဖြစ်ဘဲ ရောင်းသူဈေးကွက်ဖြစ်နေလို့ ဈေးမြင့်သွားကြောင်း ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ရက်အတန်ကြာအရောင်းအ ဝယ်အေးနေရာက ဒီတစ်ပတ်မှာ ရန်ကုန်အဝယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း အနေနဲ့ ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိပေမယ့် မန္တလေး-ရန်ကုန်အ ဆွဲပါးသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၁၃၀၅ ကျပ်(တစ်တန်ကို ၇၉၉၁၆၈ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးအနေနဲ့ လှောင်လက်တွေဆီမှာ ပစ္စည်းလက်ကျန် နည်းလာပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ တစ်ပိဿာ ၉၁၀ ကျပ် (တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်ပုံမှန် အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အောင်လံဈေးကွက်မှာဒီတစ်ပတ် ပဲတီစိမ်းက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၅၀ ကျပ်(တစ် တန်ကို ၇၀၄၂၄၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ် လက်အဝယ်ခပ်ပါးပါးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၂၁၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ ခန့် သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ဈေးကွက်သို့အဝင်ပါး လာပေမယ့် အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ် ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်းနေပေမယ့် ရန်ကုန်အဆွဲ ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ရေသွင်းပြောင်းသစ်တွေ ဈေးကွက်အဆက်မပြတ် ဝင်ရောက်နေပြီး တစ်ပိဿာကို ၄၂၀ ကျပ်ဈေး နဲ့ဈေးဖွင့်အရောင်းရှိပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် အစိုဓါတ်ရှိနေသေးလို့ ဝယ်လက်တွေ အဝယ်တုံ့ဆိုင်းနေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်မှာ အစိုဓါတ်ရှိ သေးတဲ့ ရေသွင်းပြောင်းသစ်တွေ အရောင်းအဝယ်မဖြစ်ဘဲ လက်ကျန် ပြောင်းတွေကိုသာ ရန်ကုန်- မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာ စပ်တွေက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန် သည်တစ်ဦးက ဆိုပါတယ်။
