Background
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အဓိကဝယ်ယူနေ တဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် လက်ဝယ်မှာတော့ ပစ္စည်းလက်ကျန်နည်းနေကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။ ပဲသစ်မပေါ်မီ လက်ကျန်ပဲများ ဒီအတိုင်းရန်ကုန် အဆွဲဆက်ရှိနေပါက ပစ္စည်းပြတ်သွားနိုင်ကြောင်း မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အ သွေးအလိုက်ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံ နှမ်းအနေနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိ ရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲလွန်းဖြူ(သစ်)တွေ ဈေးကွက် ထဲစတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို တရုတ်ဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲယင်း(အောက်စ)ကလည်း နယ်စုံမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိပေမယ့် အဝင်ကတော့ မများသေးကြောင်း၊ ဒါပေမယ့် အဝင်ရှိသလောက်တော့ တရုတ်အ ဆွဲရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်က နေ့စဉ်ပုံမှန်အဝယ်ရှိနေပေမယ့် ဈေးကတော့ တက်ရိပ်သိပ် မရှိသေးဘူး။ ကုန်သည်လက်ဝယ်မှာ မတ်ပဲလက်ကျန်အနေနဲ့ တန် ချိန် ၉ သောင်းဝန်းကျင်ခန့်သာရှိပြီး ဈေးကွက်မျှော်လင့်ချက်နဲ့ အ ရောင်းအနည်းငယ်လျော့နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါ တယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲအနေနဲ့ လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်က တော့ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်ပိဿာ ၉၄၀ ကျပ်(တစ်တန်ကို ၅၇၅၆၄၆ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းက နယ်စုံမှ ဝင်ရောက်မှု အနေနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အဝင်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ အနေနဲ့ ပစ္စည်းအဝင်ပါးလာပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်ဝယ် လက်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာကာ တစ်ပိဿာ ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို ပြည်ပသို့ တင်ပို့ရောင်းချသူများက ဈေးချအဝယ်ရှိသလို မတ်ပဲသိုလှောင်ထား တဲ့ ကုန်သည်များအနေနဲ့လည်း မတ်ပဲဈေးဆက်လက်ကျဆင်းမှာကို စိုးရိမ်ပြီး အရောင်းများတာကြောင့် ဈေးကွက်သဘောသဘာဝအရ ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူဈေးကွက်ဖြစ်နေကြောင်း ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၅၆၃ ကျပ်(တစ်တန်ကို ၉၅၇၁၆၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်ဝယ်လိုအား သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာ ပြီး တစ်ပိဿာကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲရဲ့ လက်ကျန်ကလည်း နည်းနေတယ်။ ရန်ကုန်ဝယ်လက်ကလည်း ဈေးကောင်းပေးဝယ်လို့ လှောင်လက် ကုန်သည်တစ်ချို့တွေ ထုတ်ရောင်းမှုများလာလို့ အခုလိုအရောင်းအ ဝယ်ဖြစ်မှုပမာဏတွေ တိုးလာတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆို ပါတယ်။