Background
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲအနေနဲ့ လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်က တော့ အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ တစ်ပိဿာ ၉၄၀ ကျပ်(တစ်တန်ကို ၅၇၅၆၄၆ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းက နယ်စုံမှ ဝင်ရောက်မှု အနေနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အဝင်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၅၀ ကျပ်(တစ်တန်ကို ၉၄၉၂၀၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ အနေနဲ့ ပစ္စည်းအဝင်ပါးလာပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်ဝယ် လက်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာကာ တစ်ပိဿာ ၉၂၅ ကျပ် (တစ်တန်ကို ၅၆၆၄၆၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို ပြည်ပသို့ တင်ပို့ရောင်းချသူများက ဈေးချအဝယ်ရှိသလို မတ်ပဲသိုလှောင်ထား တဲ့ ကုန်သည်များအနေနဲ့လည်း မတ်ပဲဈေးဆက်လက်ကျဆင်းမှာကို စိုးရိမ်ပြီး အရောင်းများတာကြောင့် ဈေးကွက်သဘောသဘာဝအရ ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူဈေးကွက်ဖြစ်နေကြောင်း ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၅၆၃ ကျပ်(တစ်တန်ကို ၉၅၇၁၆၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်ဝယ်လိုအား သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာ ပြီး တစ်ပိဿာကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲရဲ့ လက်ကျန်ကလည်း နည်းနေတယ်။ ရန်ကုန်ဝယ်လက်ကလည်း ဈေးကောင်းပေးဝယ်လို့ လှောင်လက် ကုန်သည်တစ်ချို့တွေ ထုတ်ရောင်းမှုများလာလို့ အခုလိုအရောင်းအ ဝယ်ဖြစ်မှုပမာဏတွေ တိုးလာတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆို ပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက် ဝယ်လိုအားများလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၁၀ ကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပြန် လိုက်လာသလို ပဲလက်ကျန်ရှိတဲ့ကုန်သည်တွေကလည်း ဈေးကောင်း ရတဲ့အချိန်မှာ ထုတ်ရောင်းမှုတွေရှိတာကြောင့် အရောင်းအဝယ်နေ့ စဉ်ရှိတယ်လို့ ဆိုရမှာပါ။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၉၄၅ ကျပ်(တစ်တန်ကို ၅၇၈၇၀၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံက ဈေးကွက်သို့အဝင်လှိုင်နေ သလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တာကြောင့် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ နှမ်းနီတစ်ပိဿာ ၂၇၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၂၄၅ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၉၈၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၃၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၇၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀၀ မှ ၇၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိန္ဒိယအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အနည်းငယ်ပြန်လိုက်လာ တာကြောင့် တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက တစ်ရက်ကိုတန်ချိန် ၃၅၀၀ ခန့်ဝင်ရောက်မှုများခဲ့သလို တရုတ်ဘက်ကလည်း ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များအရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး ၅၀ ကီလိုတစ်အိတ်ကို ၉၀ ယွမ်မှ ၉၅ ယွမ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှစ်တိုင်းဒီအောက်တိုဘာလကျရင် ပြောင်းဈေးက အမြဲကျနေကျဘဲ။ ဒါကြောင့် တချို့ကုန်သည်တွေက ထုတ်ရောင်းမှုသိပ်မရှိဘူး။ ငွေ ပေါ်လိုတဲ့ ကုန်သည်တချို့သာ အရောင်းရှိနေတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၁၇၀၀၀ ခန့်ရှိကြောင်း သိရ ပါတယ်။
