Background
မူဆယ်ဈေးကွက်မှာပြောင်းကို တရုတ်ဝယ်လက်ဝယ်အားပုံမှန် ရှိပေမယ့် သိုလှောင်ရုံလက်ကျန်နည်းသွားပြီလို့ ဒေသခံပြောင်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အ တွင်း မက်တန် ၈၅၀၀ ခန့််ဖြစ်ခဲ့ကြောင်းသိရပါတယ်။
မုံရွာဈေးကွက်မှာ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲ အနည်းငယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက ဈေးပေး အဝယ်ရှိသလို ဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးအနေနဲ့ မုံရွာ အနီးတစ်ဝိုက်ကျေးရွာများမှ ပဲသစ်တွေ နေ့စဉ်ဈေးကွက်သို့ ဝင်ရောက် နေပေမယ့် တရုတ်ဝယ်လက်ဝယ်လိုအားအေးလို့ ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၁၅၈ ကျပ် (တစ် တန်ကို ၇၀၉၁၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို အိန္ဒိယအတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်ပြန်လိုက်လာသလို ရောင်းသူကုန် သည်တွေကလည်း တက်ဈေးမှာ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ရန်ကုန်-မန္တလေးဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အ နေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၀၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၈၀ ကျပ်၊ နှမ်းနက်စမုံ ၃၀၉၀ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၀၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကိုဈေးကွက် စဖွင့်ချိန်မှာ အိန္ဒိယဝယ်လက်က တစ်တန်ကို ၄၉၇၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ တစ်တန်ကို ၄၈၃၅၀၀ ကျပ်ဈေးသို့ ဈေးပြန်ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ချိန်မှာတော့ တစ် တန်ကို ၄၉၇၀၀၀ ကျပ်သို့ ဈေးပြန်မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန် ၇၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ပဲက အရင်အပတ်တွေက အိန္ဒိယအဆွဲတောက်လျှောက်အေးခဲ့လို့ ဈေး ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာ အိန္ဒိယဘက်က ဝယ်လို အားပြန်လိုက်လာလို့ တစ်တန်ကို ၂၈၀၀၀ ကျပ်ခန့်ဈေးတက်သွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ထို့အတူ ပဲစင်းငုံနီ (RC) အနေနဲ့ အရင်အပတ်တွေက အိန္ဒိယလိုင်းအဆွဲအေးလို့ ဈေးတွေကျ ပြီး အရောင်းအဝယ်အေးခဲ့ရာမှ ဒီတစ်ပတ်မှာတော့ အိန္ဒိယအဆွဲအ နည်းငယ်ပြန်လိုက်လာတာကြောင့် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေး မြင့်သွားတယ်လို့ ဘုရင့်နောင်အခြေစိုက်ပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၅၅၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၆၀၀၀၀ ကျပ်အတွင်း တန် ၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိန္ဒိယအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါကျဆင်း သွားတာကြောင့် ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ နေ့စဉ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိသာ ၇၃၆ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိန္ဒိယအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါကျဆင်း သွားတာကြောင့် ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ နေ့စဉ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိသာ ၇၃၆ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် မြို့ခံပဲခွဲစက်တွေနဲ့ ပဲသန့်စင်စက်တွေက အဝယ်ပါး နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ် တက်လာတာလို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၁၃၅၁ ကျပ်(တစ်တန်ကို ၈၂၇၃၃၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယအတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ဝယ်လိုအားအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲအနေနဲ့က ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေကလည်း ဝယ်လိုအားလျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းသေး အရောင်းအဝယ် အေးပြီး ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ် အထိုက်အလျောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပဲစင်းငုံနီကို လှောင်လက် တချို့က ဈေး ကောင်းရမယ်အထင်နဲ့ ဝယ်ယူသိုလှောင်ထားရာမှ အိန္ဒိယဘက်က ဝယ်လိုအားဆက်တိုက်အေးတာကြောင့် ပဲဈေးတွေ တောက်လျောက် ဈေးကျဆင်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာဒီတစ်ပတ်အောင်လံအနီးတစ်ဝိုက် ဒေသများမှ ပဲတီစိမ်းတွေ ဈေးကွက်ထဲဝင်ရောက်မှုတိုးလာသလို အိတ်စပို့ အတွက် ဝယ်ယူနေတဲ့ ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီးဈေးပေးအဝယ်ရှိနေတယ်လို့ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ဈေးကွက်စဖွင့်ချိန်မှာပဲအဝင်များပေမယ့်ဒီရက် ပိုင်းမိုးရွာသွန်းမှုကြောင့်နောက်ပိုင်းရက်တွေမှာအဝင်လျော့လာတယ်။ ဒါပေမယ့် ဝယ်လက်တွေကတော့ ပဲရဲ့ အရည်အသွေးအလိုက်သူ့ ဈေးနဲ့ သူ အဝယ်ရှိနေလို့ နေ့တိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၃၂ ကျပ်(တစ် တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းအသစ်တွေပြည်အနီးတစ် ဝိုက်မှ ဝင်ရောက်မှုတွေရှိသလို မန္တလေးဝယ်လက်ကလည်း ပဲထွက် ရှိတဲ့ မြို့တွေရဲ့ ပဲအရည်အသွေးအလိုက် ဈေးပေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၂၅ ကျပ် (တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီအနေနဲ့ လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်အထိုက်အလျောက်ရှိပေမယ့် အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ်အေးတာ ကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၁၀၀၀ သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ ဝင်ရောက်မှုနည်းပေမယ့် ဒေသတွင်းပဲခွဲစက်တွေကတော့ တစ်ပိဿာ ကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၂၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။