Background
အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်ပုံမှန် ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဈေးကွက် အနေအထားအရ ဈေးက အနည်းငယ်ကျနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ် အနေနဲ့ တစ်ပိဿာ ၁၁၅၀ ကျပ်(တစ်တန်ကို ၇၀၄၂၄၈ ကျပ်)ဈေးနဲ့ အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှမ်း ကိုတော့ ရန်ကုန်ဝယ်လက် အဝယ်ပါးတာကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၂၈၈၉ ကျပ် ဈေးနဲ့ နေ့စဉ် အိတ် ၃၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
ပြည်ဈေးကွက်မှာ ပဲတီစိမ်းအသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်နေသလို မန္တလေးဝယ်လက်နဲ့ ဒေသခံလှောင်လက် တစ်ချို့လည်း ဝယ်အားပုံမှန် ရှိနေတယ်။ ဒါပေမယ့် အရည်အသွေး ပိုင်းအရ ဈေးက ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၂၅ ကျပ်(တစ်တန်ကို ၆၈၈၉၃၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ ဈေးကွက်သို့ ပဲအဝင်ပါးသွားပြီး ဒေသတွင်းရှိ ခွဲစက်သမားများ အဝယ်ရှိလို့ လက်ကျန်ပဲတွေ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ လက်ကျန်ပြောင်းတွေကိုသာ ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများက ဝယ်လိုအား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၈၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ဒီရက်ပိုင်းဈေးကွက်ထဲ အသစ်ဝင်ရောက်လာ တဲ့ ရေသွင်းပြောင်းသစ် တွေက တစ်ပိဿာကို ၄၅၀ ကျပ်ဈေးနဲ့ အရောင်းဖွင့်ထားပေမယ့်အစိုဓါတ်ရှိသေးတာကြောင့်အရောင်းအဝယ် မဖြစ်သေးဘူးလို့ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ် အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်တွေဆီမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် အ ရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၅၄၀ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၆၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ် အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူတွေထံမှာ သိုလှောင်ရုံပစ္စည်း လက်ကျန် နည်းနေတယ်လို့ ဆိုပါတယ်။ တရုတ်အဆွဲကလည်း ပုံမှန်ရှိတယ်။ လှောင်လက်တွေကလည်းထုတ်ရောင်းမှုတွေ ရှိတာကြောင့် တစ်ပတ်အတွင်း မက်တန် ၈၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မုံရွာဈေးကွက်မှာ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်က အရည်အသွေးအရ ဈေးချပြီး အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆၀၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲအရည်အသွေးအရ တရုတ်အ တွက်ဝယ်ယူနေတဲ့ မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိနေသလို ရောင်းသူကုန်သည်တွေကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်း ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲစင်းငုံနီကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ဒေသကုန်သည်တစ်ချို့အနည်းငယ်သာအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲကို ဝယ်လက်တွေက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအေးသွားတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိ သလို ရောင်းလက်တွေကလည်း ကြိုက်ဈေးမရလို့ အရောင်းရော အဝယ်ပါတုန့်ဆိုင်းနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ဒေသတွင်းရှိ ပဲခွဲစက်နဲ့ ကြာဆံစက်တွေက ပုံမှန်အဆွဲရှိပေမယ့် အိတ်စပို့အဆွဲကတော့ အေး နေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၈၇၄ ကျပ်(တစ်တန်ကို ၅၃၅၂၂၈ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၈၅၃ ကျပ်၊ (တစ် တန်ကို ၅၂၂၃၆၈ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက် ဒီတစ်ပတ်မတ်ပဲ (RC) ကတော့ အကျဈေးနဲ့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ပဲစင်းငုံနီ (RC) ကတော့ တစ်ပတ်လုံးမှ တစ်ရက်ထဲသာ အောက်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ဖွင့်ချိန်မှာ မတ်ပဲ (RC) ကိုအိန္ဒိယဝယ်လက်တွေက တစ်တန်ကို ၄၉၃၀၀၀ ကျပ်ဈေးနဲ့ စတင် အဝယ်ရှိပေမယ့် နောက်ပိုင်းမှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတာကြောင့် မြန်မာ့မတ်ပဲကို ဝယ်လိုအားကျ ဆင်းသွားလို့ ဈေးတရိပ်ရိပ်ကျဆင်းလာပြီး ဈေးကွက်ပိတ်ချိန်မှာ တော့ တစ်တန်ကို ၄၇၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်လုံးမှ တန် ၁၃၀၀ ခန့်သာရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကတော့ ဒီတစ်ပတ်မှာ အိတ်စပို့ ဝယ်လက်က တစ်တန်ကို ၅၄၀၀၀၀ ကျပ်ဝန်းကျင်သာဈေးပေး အဝယ်ရှိသလို ရောင်းသူဘက်ကလည်း တွက်ချေမကိုက်လို့ အရောင်းအဝယ်သိပ်မဖြစ်ဘဲ အရောင်းအဝယ် အေးနေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၅၄၉၀၀၀ ကျပ်ဈေးနဲ့ တန် ၁၁၅ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအရည်အသွေးကိုစိစစ်ပြီးဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာအိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ် အားပျော့သွားတာကြောင့် ဈေးကအကျဘက်သို့ ဦးတည် နေကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ခန့်ကြား သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ ကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း ဆီစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၆၇၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၉၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၉၈၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၁၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ဖျာပုံမြို့နယ်ဆန်စပါးအထူးပြု ကုမ္ပဏီနဲ့ အကျိုးဆောင်တောင်သူများ၊ ပေါ်ဆန်းဘေးကြားလေးမျိုးသန့် ဧက ၃၀၀ စီမံကိန်းမှ ချောင်းတွင်းကျေးရွာရှိ ၂၅ ဧကကို စံပြပျိုးဘောင်စနစ်နဲ့ စိုက်ပျိုးထားမှုအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာန(A-E) စတဲ့ ဌာနဆိုင်ရာအကြီးအကဲများနဲ့ အထူးပြုကုမ္ပဏီမှ ဒါရိုက်တာများ၊ စိုက်ကွင်း တာဝန်ခံများပါလိုက်ပါပြီး၊ ဇူလိုင်လ ဒုတိယအပတ်က ကွင်းဆင်း ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
ရေစကြိုဈေးကွက်မှာဒီတစ်ပတ်ပြောင်းနဲ့ ကုလားပဲဖြူလုံးကြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီးပဲစင်းငုံနီကတော့ အရောင်း အဝယ်အေးနေကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအဝယ်သွက်နေသလို ရောင်းလက်များ ကလည်း အဆိုပါဈေးနဲ့အရောင်းများခဲ့တယ်လို့ဆိုပါတယ်။အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကိုတော့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဝဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၅၀ မှ ၂၀၀ ကြားပုံမှန်အဝယ်ရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။