Background
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ရေသွင်းပြောင်းသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်နေပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေး နဲ့ဈေးဖွင့်အရောင်းရှိပေမယ့်မိုးဆက်တိုက်ရွာသွန်းမှုကြောင့်အစိုဓာတ် ရှိနေလို့ အရောင်းအဝယ်မဖြစ်သေးဘူးလို့ ဈေးကွက်အတွင်းမှသိရ ပါတယ်။ ဒီရက်ပိုင်းမှာ လတ်တလောအရောင်းအဝယ်ဖြစ်နေတာက လက်ကျန်ပြောင်းတွေဖြစ်ပြီး ယင်းပြောင်းတွေကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများက ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာ ချိန် ၂၅၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်တွေ ဝယ်အားပုံမှန်ရှိပေမယ့် လှောင် လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၅၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၀၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာဈေးကွက်မှာ လှောင်လက်ကုန်သည်တွေ ဆီမှာပြောင်းလက်ကျန်လျော့နည်းပေမယ့် တရုတ်ဝယ်လက်တွေ ကတော့ ဝယ်အားပုံမှန်ရှိလို့ နေ့စဉ်ပြောင်းအရောင်းအဝယ် ဖြစ်နေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၈၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းအနေနဲ့ ဈေးကွက်သို့ အ ဝင်လျော့သွားပေမယ့် တရုတ်အတွက်ဝယ်ယူနေတဲ့ မန္တလေးဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေ နဲ့ အိတ်စပို့အဆွဲမရှိလို့ ရန်ကုန်ဝယ်လက်အနေနဲ့ အဝယ်တုံ့ဆိုင်း နေတာကြောင့် ဈေးတွေဆက်တိုက်ကျဆင်းလာတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကု လားပဲ(ထိုင်ဝမ်)ကို အိတ်စပို့အဆွဲအေးသလို ဒေသတွင်းပဲခွဲစက်သ မားတွေလည်း သူတို့ရဲ့ စက်လည်ပတ်မှုပမာဏလောက်သာ အဝယ် ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးတန့်နေသလို အရောင်းအဝယ်ဖြစ်မှု ပမာဏတွေလည်း ကျဆင်းခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၈၇၄ ကျပ် (တစ်တန်ကို ၅၃၅၂၂၈ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၈၆၈ ကျပ်(တစ်တန်ကို ၅၃၁၅၅၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးအလိုက်ဝယ်အားရှိနေတယ်လို့ ဆိုပါ တယ်။တချို့ကုန်သည်တွေကလည်းကြိုက်ဈေးမရလို့ အရောင်းနည်း နေသလို ဝယ်လက် တွေကလည်း အရည်အသွေး ကောင်းတွေကိုပဲ ဈေးပေးအဝယ်ရှိတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေနည်း နေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၁၁၈၅ ကျပ်(တစ်တန်ကို ၇၂၅၆၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်အဆွဲအေးနေလို့ ဈေးဆက်လက်ကျဆင်း ပြီး အရောင်းအဝယ်လည်းပါးခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ ကတော့ ဈေးကွက်ထဲစတင်ဝင်ရောက်နေပြီး ရန်ကုန်-မန္တလေးဝယ် လက်နဲ့ ဒေသတွင်းဆီစက်တွေ ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၂၉၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၇၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၀၂၅ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကိုအိန္ဒိယ ဝယ်လက်တွေက အိန္ဒိယဘက်မှာ မတ်ပဲသစ်တွေမကြာမီထွက်ရှိ တော့ မှာဖြစ်လို့ အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်များရှိနေပေမယ့် ဒီတစ်ပတ် မှာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဝယ်လိုအား နည်းနေလို့ အခုလိုဈေးတွေကျဆင်းနေတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၅၇၀၀၀ ကျပ်မှ အ မြင့်ဆုံး ၄၆၉၀၀၀ ကျပ်အတွင်း တန် ၁၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီအနေနဲ့ အိန္ဒိယအဆွဲမရှိသလောက် ဖြစ်နေပြီး ပြည်တွင်းကုန်သည်အချင်းချင်းက လှည့်ပတ်အရောင်းအ ဝယ်ဖြစ်နေတဲ့ အနေအထားပဲရှိတယ်။ ငုံနီအနေနဲ့ ပြည်ပမဆွဲလို့ လှောင်လက်တွေလည်း ငြိမ်နေပြီး ကျဈေးဆက်တိုက်ဖြစ်ပေါ်ခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၅၄၁၀၀၀ ကျပ်ဈေးနဲ့ တစ်ပတ်လုံးမှ တန် ၁၁၅ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ရေစကြိုဈေးကွက်မှာပြောင်းနဲ့ ကုလားပဲဖြူလုံးကြီးနေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီးပဲစင်းငုံနီကတော့ အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်ကအဝယ်သွက်နေသလိုရောင်းလက်များ ကလည်း အဆိုပါဈေးနဲ့အရောင်းများခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန် ဝယ်လက် ကအောက်ဈေးနဲ့ နေ့စဉ် ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲဈေးက ကျနေတယ်။ ဒါပေမဲ့ အရောင်းအဝယ်တော့ နေ့စဉ်ဖြစ်နေ တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသထွက်ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၈၃ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေ သလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်း နည်းလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၁၂၈၀ ကျပ်(တစ်တန်ကို ၇၈၃၈၅၉ ကျပ်)ဈေးနဲ့ နေ့ စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို အိတ် စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ပျမ်းမျှအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အဆွဲအေးသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားအနည်းငယ် လျော့သွားတာကြောင့် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါ တယ်။ ရောင်းသူဘက်မှ သူရောင်းနိုင်တဲ့ဈေးခေါ်သော်လည်း ဝယ် သူဘက်က ဈေးနှိမ်အဝယ်ရှိလို့ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၈၈၂ ကျပ်(တစ်တန်ကို ၅၄၀၁၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရက်ခြားသာ အဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၅၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက ဝယ်အားအသင့်အတင့် ပဲရှိခဲ့လို့ အရောင်းရော အဝယ်ပါအေးနေ တယ်လို့ ဆိုရမှာပါ။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၈ ကျပ်(တစ်တန်ကို ၅၃၇၆၇၈ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။