Background
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော်အပြီး ပဲမျိုးစုံထဲမှ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲယင်းနှင့် ပဲလွန်းဖြူ၊ ပဲထောပတ်တို့က အရောင်းအဝယ်ဖြစ်မှု ပိုများလာကြောင်း လက်ကျန်ပဲကတော့ ကြိုကြားကြိုကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)က မန္တလေးဒေသ အနီးတစ်ဝိုက်မှ ဝင်ရောက်မှုများပြားလာသလို ရန်ကုန်ဝယ်လက်နှင့် လှောင်လက်တွေကလည်း ဝင်သလောက်အဆွဲသွက်ခဲ့ကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန် ကို ၅၆၃၃၉၈ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀၀ မှ ၇၀၀၀ ကြားဖြစ်ခဲ့ကြောင်းသိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်အပြန်လိုက်လာတာကြောင့်ဈေးကွက်မှာနေ့စဉ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၆၀၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၀၀၀ ကျပ်အတွင်းတန်ချိန် ၂၀၀၀ ကျော်ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဆွဲပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(သစ်)တွေအနေဖြင့် ဖေဖော်ဝါရီလဆန်းမှာ ဈေးကွက်ထဲဝင်ရောက်နိုင်ကြောင်း မြို့ခံပဲ ကုန်သည်တစ်ဦးကဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)နှစ်မျိုးလုံးကို ခွဲစက်များက ဝယ်အားသွက်နေကြောင်း သိရ ပါတယ်။ ရောင်းသူကုန်သည်တွေက ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ထုတ်ရောင်းမှုတွေများလာခြင်းမှာ ဈေးကွက်ထဲ(အသစ်) ဝင်လာတဲ့ပဲတွေကို ပြန်လည်ဝယ်ယူချင်လို့ အခုလိုထုတ်ရောင်းမှုတွေ များလာတာလို့ဆိုပါတယ်။
ရေစကြိုဈေးကွက်မှာ ပြောင်းကိုရန်ကုန်ဝယ်အားအနည်းငယ် လျော့သွားသလို ဈေးလည်းတန့်နေကြောင်း၊ အရောင်းအဝယ်အနေ ဖြင့်တစ်ပိဿာ ၄၁၇ ကျပ်ဈေးဖြင့် တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၁၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်အားပုံမှန်ရှိပေမယ့် အမြင့်ဈေးမှာတန့်နေကြောင်း ဈေး ကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)ကလည်း ဈေး ကွက်သို့ဝင်ရောက်မှုများလာသလို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နှင့် မြို့ခံလှောင်လက်ကုန်သည်များ အဝယ်ဆုံလို့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်ပိဿာ ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေး နှင့်တစ်ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ နှမ်းရောင် စုံအနေဖြင့် ရန်ကုန်-မန္တလေးဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သိပ္ပံနှမ်းတစ်ပိဿာ ၃၇၈၀ ကျပ်၊ နှမ်းနက်ရိုးရိုး တစ်ပိဿာ ၃၁၆၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၈၉၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် ဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်ပြုလုပ်လိုသော ပဲကုန် သည်ကြီးများအလာကျဲသွားပေမယ့် ပဲအရောင်းအဝယ်တော့ ခပ်ပါး ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(လက်ကျန်ဟောင်း)တွေက ရောင်းသူကုန်သည်လက်ဝယ်မှာ ပစ္စည်းလက်ကျန်တန်ချိန် ၆ သောင်း ဝန်းကျင်ခန့်ကျန်ရှိနေပေမယ့် ဒီတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် အရောင်းအဝယ်ထင်သလောက်မဖြစ်ခဲ့ကြောင်း၊ မတ်ပဲ (RC) အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၆၀၀၅၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၇၅၀ ကျပ်အတွင်း တန် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ တရုတ်နှစ်ကူးပြီးရင်တော့ မတ်ပဲကို အိန္ဒိယ အဆွဲပြန်လိုက်နိုင်ကြောင်း၊ မတ်ပဲ(သစ်)တွေအနေဖြင့် ပြည်နှင့်မုံရွာ ဘက်မှာ အနည်းငယ်ဝင်ရောက်လာပြီး မတ်လလောက်ဆိုရင် အဝင် ပိုများလာနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကို အိန္ဒိယဝယ်လက်တွေက ဒီတစ်ပတ်မှာ အဝယ်အနည်းငယ် ပြန်လိုက်လာလို့ တစ်တန်ကို ၅၉၀၀၀၀ ကျပ်ဈေးဖြင့် တန် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီ တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိခဲ့သလို ပဲခွဲစက်နှင့် မန္တလေးဝယ်လက်ကလည်း အရည်အသွေးအလိုက်ဝယ်အား တစ် ရက် ကိုအိတ် ၂၀၀ ခန့်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (သစ်) အနေဖြင့်တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေး ဖြင့် ရန်ကုန်ဝယ်လက်က တစ်ရက်ကိုအိတ် ၁၀၀ မှ ၂၀၀ ကြား ဝယ်အားရှိခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးနှင့် ပဲတီစိမ်းသေးကို မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းကြီးတစ်ပိဿာ ၁၅၂၆ ကျပ်(တစ်တန်ကို ၉၃၄၅၀၇ ကျပ်)၊ ပဲတီစိမ်းသေးတစ်ပိဿာ ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)ဈေးဖြင့် နှစ်မျိုးပေါင်းတစ် ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းနဲ့ ပဲနောက်က ဈေးကွက် သို့ဝင်ရောက်မှုနည်းပေမယ့် ဝယ်လက်တွေကတော့ ဝယ်အားပုံမှန်ရှိ နေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းတစ်ပိဝ ဿာ ၁၄၄၇ ကျပ်(တစ်တန်ကို ၈၈၆၁၂၈ ကျပ်)၊ ပဲနောက်တစ်ပိဿာ ၁၃၅၃ ကျပ်(တစ်တန်ကို ၈၂၈၅၆၃ ကျပ်)ဈေးဖြင့် နှစ်မျိုးပေါင်းတစ် ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်) က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အ ရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းရောင်စုံက ဈေးကွက်သို့ဝင်ရောက်မှုပုံမှန်ရှိပေမယ့် မန္တလေးဝယ်လက်နှင့် နှမ်းလှောင်လုပ်ငန်းရှင်များက ဝယ်အားနည်း ခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေ ဖြင့် နှမ်းနီတစ်ပိဿာ ၃၀၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၄၉၀ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၃၂၂၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၆၇၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၈၀၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘုရင့်နောင် ဈေးကွက်မှာ ပြည်ပသို့တင်ပို့ ရောင်းချမည့် ကုန်သည်များက မတ်ပဲကို ဈေးပေးအဝယ်ရှိလို့ ဈေးအနည်းငယ်မြင့်၊ ပဲစင်းငုံနီကတော့ ရောင်းသူဝယ်သူဈေးညိုမရလို့ အရောင်းအဝယ်မဖြစ်
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကိုပြည်ပသို့ တင်ပို့ရောင်းချမည့်ကုန်သည်များက ဈေးအနည်းငယ်တိုးပေးပြီး အ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၅၉၂၅၀၀ ကျပ်မှ အမြင့်ဆုံး ၅၉၈၀၀၀ ကျပ် ဈေးအတွင်း တန် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီအနေဖြင့် (အသစ်)ရော (အဟောင်း)ပါ ရောင်းသူ ဝယ်သူဈေးညှိမရလို့ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။