Background
* မတ်ပဲကို အိန္ဒိယအဆွဲပါးလို့ ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သတမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးတာကြောင့် ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးဆက်လက်ကျဆင်း * ပဲတီစိမ်းကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် ပစ္စည်းအဝင်များတာကြောင့် မန္တလေးနဲ့ မုံရွာမှာ ဈေးအနည်းငယ်ကျဆင်း * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပဲခွဲစက်များသာ ဝယ်အား အထိုက်အလျောက်ရှိပြီး အိတ်စပ့ို အဆွဲအေးတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးကလာ * ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းလာ
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိန္ဒိယ ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၁၃၀၀၀ ကျပ် ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိခဲ့ပေမယ့်နောက်ပိုင်းမှာ အိန္ဒိယအဆွဲပါး သွားတာကြောင့် တစ်ရိပ်ရိပ်နဲ့ ဈေးကျလာကာ ဈေးကွက်ပိတ်ချိန် မှာတော့ တစ်တန်ကို ၄၉၀၀၀၀ ကျပ်ဈေးသာရှိပါတော့တယ်။ ပဲဈေး ကျပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်ပတ်အတွင်း တန် ၄၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေ က ဈေးချအဝယ်ရှိသလို ဝယ်အားပါလျော့သွားတာကြောင့် ယခင်အ ပတ်နဲ့စာရင် တစ်တန်ကို ၃၀၀၀၀ ကျပ်ခန့်ဈေးကျသွားတယ်လို့ ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၅၈၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၆၀၀၀ ကျပ်အတွင်းတန် ၂၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ပစ္စည်းအဝင် များတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန် ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာ ၅၁၅ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲ အေးတာကြောင့် ဈေးကွက်မှာ အရောင်းရော၊ အဝယ်ပါအေးသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က အိန္ဒိယ အဆွဲအေးနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၂၀ ကျပ်(တစ် တန်ကို ၅၀၂၁၅၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းနဲ့ ပြောင်းကို တရုတ် အဆွဲသွက်လို့ ဈေးစွာလာသလို မတ်ပဲနှင့် ပဲစင်းငုံနီကတော့ အိတ်စပို့ အဆွဲအေးလို့ ဈေးကျလာကြောင်း သိရပါတယ်။ ဒါ့အပြင်ဈေးကွက် အတွင်းမှာ အရောင်းအဝယ်ပုံမှန်နဲ့ ဈေးကောင်းရခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲကတော့ ပြည်ပအဆွဲအေးနေတဲ့အပြင် မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်လိုအားလျော့သွားတာကြောင့် ဈေးကအကျ ဘက်သို့ ဦးတည်နေကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ပဲတီ စိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၅၄၇ ကျပ် တစ်တန်ကို ၉၄၇၃၆၇ ကျပ်)ဈေးနဲ့တစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကတော့ ဒီရက်ပိုင်းမှာ ရန်ကုန်အဆွဲအေးသလို ပဲခွဲစက်တွေကလည်း အဝယ်ပါးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံနီဈေးကွက်မှာ အိတ်စပို့အတွက် ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေ အနေအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကကျ ရိပ်သန်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ပဲလက်ကျန်ကလည်း နည်းနည်းလျော့လာတယ်။ လှောင် လက်သမားတွေ ကလည်း ဈေးကွက် အခြေအနေကို ကြည့်ပြီး ထုတ် ရောင်းမှုတွေရှိလာလို့ အခုလိုအရောင်းအဝယ်လေးတွေဖြစ်နေတာ လို့ ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်း ငုံနီတစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၈၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပဝယ်လိုအားအေး တာကြောင့် ဈေးကွက်မှာ ဈေးတွေကျလာပြီး အရောင်းအဝယ် လည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲ ဖြူလုံးကြီး တစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၀၇ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်း အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြောင်းကို တရုတ်ဝယ် လက်အဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီးတစ်ပိဿာကို ၅၂၈ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့သလို ဗမာပြောင်းကိုလည်း တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်နေတယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိပြီး ရန်ကုန်အဆွဲအေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာပြီး တစ်ပိဿာ ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်သိပ္ပံနှမ်းကို ဒီတစ်ပတ် မှာ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၃၃၄ ကျပ်ဈေးနဲ့ တစ်ရက် ကိုအိတ် ၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို ပြည်ပအ တွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း ဈေးကွက်အတွင်းမှသိရပါ တယ်။ မတ်ပဲက ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ဒေသမှအဝင်ပုံမှန် ရှိပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ဈေးကျ လာပြီး တစ်ပိဿာကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ရက် ခြားသာအဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်တဲ့နေ့မှာဆိုရင် တစ်ပိဿာ ၉၄၀ ကျပ်(တစ်တန်ကို ၅၇၅၆၄၆ ကျပ်)ဈေးနဲ့ အိတ် ၃၅၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို အိတ်စပို့အဆွဲမရှိဘဲ မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအထိုက်အလျှောက်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန် ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းပေမယ့် ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်လိုအားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၄၉၅ ကျပ်ဈေးနဲ့ တစ်ရက်ကို ပိဿာချိန် ၂၀၀၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
* မတ်ပဲကို အိန္ဒိယအဆွဲအေးတာကြောင့် ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးကျလာ * ပဲစင်းငုံနီကို ပြည်ပအဆွဲအေးတာကြောင့် ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးကျလာပြီး အရောင်းအဝယ်ဖြစ်မှုလည်းနည်း * ပဲတီစိမ်းက ပြည်တွင်းဈေးကွက်အသီးသီးသို့ ဝင်ရောက်မှုပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးမြင့်ပြီး ပခုက္ကူမှာ ဈေးတန့် * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုပြည်ပအဆွဲမသွက်သေးသလို ပဲခွဲစက်တွေကလည်း အဝယ်ပါးလို့ မန္တလေးနဲ့ မုံရွာမှာ ဈေးကျလာ * ပြောင်းကို တရုတ်အဆွဲသွက်လို့ တောင်ကြီး၊ မန္တလေးနဲ့ လားရှိုးမှာ ဈေးမြောက်လာ
