Main menu

Background

Thursday, 27 Jun 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် တရုတ်ဝယ်လက်ဈေးပေးအ ဝယ်ရှိလို့ ပဲတီစိမ်းကြီးဈေးမြောက်လာသလို ပြည်ပအတွက်မျှော်လင့် ပြီး ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို အဆွဲသွက်လို့ ဈေးမာ လာကြောင်း သိရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်အေးလို့ အောက် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဈေးကွက် အတွင်းမှသိရ  ပါတယ်။ မတ်ပဲကို ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအေးသလို မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်လိုအားလျော့သွား တာကြောင့် ယခင်အပတ် နဲ့စာရင်ဈေးကျလာပြီး တစ်ပိဿာကို၈၀၀ကျပ် (တစ်တန်ကို၄၈၉၉၁၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၀၁၇ ကျပ် (တစ်တန်ကို ၆၂၂၈၀၀ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်း ငုံနီကတော့ ဒီတစ်ပတ်မှာ ရန်ကုန်အဝယ်အေးသွားတာကြောင့် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားသာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကတော့ မန္တလေးဒေသအနီး တစ်ဝိုက်မှ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန် ကို ၉၂၅၃၂၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲရဲ့အရည်အသွေး ကလည်းကောင်းလို့ ဝယ်လက်တွေက ဈေးပေးအဝယ်ရှိနေတာ ကြောင့် ဈေးကွက်မှာ ရောင်းလက်တွေကပိုပြီး အရောင်းများလာ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ် လိုအားများ လာသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေး နဲ့ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာတယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ် ပိဿာ ၉၅၂ ကျပ်(တစ်တန်ကို ၅၈၂၉၉၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၃၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြောင်းနဲ့ ဗမာ ပြောင်းကို တရုတ်ဝယ် လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ကြောင်းသိရပါတယ်။ အရောင်းအဝယ် အနေနဲ့ ရှမ်းပြောင်းတစ်ပိဿာ ၅၀၉ ကျပ်၊ ဗမာပြောင်းတစ်ပိဿာ ၄၆၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 27 Jun 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၃၁၇၈ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ ရန်ကုန်ဝယ်လက်တချို့နဲ့ မြို့ခံပဲခွဲ စက်တွေက အရည်အသွေးကောင်းလို့ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၉၃၀ ကျပ် (တစ် တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 27 Jun 2013

မတ်ပဲက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ် လက်က အဝယ်ပါးသွားလို့ ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီးတစ် ပိဿာ ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၂၅၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်) ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ် မှာတော့ ရန်ကုန်ဝယ်လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားလျော့ သွားတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့အ ရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသထွက်ကုလားပဲ (ထိုင်ဝမ်)ကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေအဝယ်ဆုံလို့ ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၄၅ ကျပ် (တစ်တန်ကို ၅၇၈၇၀၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

Thursday, 27 Jun 2013

*    မတ်ပဲကိုပြည်ပအဆွဲပါးတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးဆင်းလာ *    ပဲစင်းငုံနီကို အိန္ဒိယ ဝယ်အားပျော့လို့ ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးကျလာ *    ပဲတီစိမ်းက ဈေးကွက် အသီးသီးသို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ် လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိလို့ မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးမြောက်လာ *  ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်အဝယ်လိုက်ဝယ်လာ လို့ ဒေသတွင်းခွဲစက်တွေ အဝယ်ဆုံလို့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်နဲ့ အောင်လံမှာ ဈေးမြင့်လာ *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ ဝယ်အား ပုံမှန်ရှိနေလို့ မူဆယ် ၊ မန္တလေး၊ ဟင်္သာတနဲ့ တောင်ကြီးမှာဈေးစွာ

Thursday, 27 Jun 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ အဝယ်ဆုံလို့ ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၄၈၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 27 Jun 2013

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လိုအားက  ပုံမှန် ထက်စာရင် အနည်းငယ်လျော့ပေမယ့် အရောင်းအဝယ် တော့ ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၁၈၇၀၀ ခန့်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 27 Jun 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ သလို လှောင်လက်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၁၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 27 Jun 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက်တွေက ဝယ်အားသွက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၉၂၆ ကျပ်(တစ်တန်ကို ၅၆၇၀၇၃ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်အဆွဲပါး တာကြောင့် ဈေးကတစ်ရိပ်ရိပ်ကျနေတယ်လို့ ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ် မှုနည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 27 Jun 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တွင် မတ်ပဲ (RC) ကို အိန္ဒိယဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါလျော့သွားတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၄၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲဈေးကကျလာတော့ ရောင်းသူကုန်သည်တွေက တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒ့ါအပြင်ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်အဝယ် အေးသွားတာကြောင့် ဈေးကကျရိပ်သန်းလာကြောင်း သိရပါတယ်။ တက်ဈေးမှာ အရောင်းများခဲ့ တဲ့ လှောင်လက်တွေက အခုလိုဈေးကျ လာတဲ့အခါမှာတော့ အရောင်းပါးလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၆၂၉၀၀၀ ကျပ် ဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏလျော့ကျသွားတယ်လို့ သိရပါတယ်။

Wednesday, 12 Jun 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် အရည်အသွေးအပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages