Background
လားရှိုးဈေးကွက်မှာ ပြောင်းက ဒီတစ်ပတ်မှာ ဈေးငြိမ်နေသလို လက်ကျန်ပစ္စည်း လည်းနည်းသွားတာကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏလည်း နည်းသွားတယ်လို့ ဒေသခံပြောင်း ကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၅၃၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၁၅၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို အိန္ဒိယအတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၉၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယဘက်မှ အဝယ်အေးသွားတာကို အ ကြောင်းပြပြီး ဈေးလျှော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်အစေ့ထုတ်ပြောင်း ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၇၈ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို မန္တလေးဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၆၃ ကျပ် (တစ် တန်ကို ၇၇၃၄၄၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းသီးနှံအနေနဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ကို ၅၀၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်ပုံမှန်အဝယ်ရှိခဲ့သ လို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အား ပုံမှန်ရှိခဲ့သလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အ ရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ် အတွင်း မက်တန် ၈၈၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ပဲတီစိမ်းကြီးအနေနဲ့ ဈေးကွက်သို့ ပုံမှန်ဝင်ရောက်မှု ရှိသလို မန္တလေးဝယ်လက်ကလည်း ဝယ်လိုအားကောင်းခဲ့တယ်လို့ သိရပါတယ်။ ပဲကို တရုတ်အတွက်ဝယ်ယူနေတဲ့ မန္တလေးဝယ်လက် ရဲ့ဝယ်အားက ပုံမှန်ရှိပေမယ့် ရောင်းလက်တွေ အရောင်းများတာ ကြောင့် ဈေးကအနည်းငယ်ကျလာတာလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၄၂ ကျပ်(တစ်တန်ကို ၈၂၁၈၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလျော့သွားကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၄၂ ကျပ်(တစ်တန် ကို ၈၂၁၈၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဈေးချ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံနွေရေသွင်းနှမ်းတွေ ဈေးကွက်ထဲဝင်ရောက်လာသလို ရန်ကုန်- မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီ တစ်ပိဿာ ၂၅၈၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၄၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၂၄၅ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
* မတ်ပဲကို အိန္ဒိယအဆွဲပါးလို့ ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သတမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးတာကြောင့် ပြည်တွင်းဈေးကွက် အသီးသီးမှာ ဈေးဆက်လက်ကျဆင်း * ပဲတီစိမ်းကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် ပစ္စည်းအဝင်များတာကြောင့် မန္တလေးနဲ့ မုံရွာမှာ ဈေးအနည်းငယ်ကျဆင်း * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပဲခွဲစက်များသာ ဝယ်အား အထိုက်အလျောက်ရှိပြီး အိတ်စပ့ို အဆွဲအေးတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးကလာ * ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းလာ
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိန္ဒိယ ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၁၃၀၀၀ ကျပ် ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိခဲ့ပေမယ့်နောက်ပိုင်းမှာ အိန္ဒိယအဆွဲပါး သွားတာကြောင့် တစ်ရိပ်ရိပ်နဲ့ ဈေးကျလာကာ ဈေးကွက်ပိတ်ချိန် မှာတော့ တစ်တန်ကို ၄၉၀၀၀၀ ကျပ်ဈေးသာရှိပါတော့တယ်။ ပဲဈေး ကျပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်ပတ်အတွင်း တန် ၄၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေ က ဈေးချအဝယ်ရှိသလို ဝယ်အားပါလျော့သွားတာကြောင့် ယခင်အ ပတ်နဲ့စာရင် တစ်တန်ကို ၃၀၀၀၀ ကျပ်ခန့်ဈေးကျသွားတယ်လို့ ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၅၈၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၆၀၀၀ ကျပ်အတွင်းတန် ၂၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ပစ္စည်းအဝင် များတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန် ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်ပြောင်းကိုတော့ ရန်ကုန်ဝယ်လက်က ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာ ၅၁၅ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။