Main menu

Background

Wednesday, 5 Jun 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း ကြီးဈေးစွာလာပြီး မတ်ပဲဈေးတန့်နေကာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံး ကြီးကတော့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက် ကဆိုပါတယ်။ နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ အမြင့်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာ တရုတ် ဝယ်လက်က ပဲရဲ့အရည်အသွေးကိုကြည့်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇၀၈၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအ နေနဲ့ ရန်ကုန်ဝယ်လက်အဝယ်ပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား ပုံမှန်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က အရောင်း ရောအဝယ်ပါလျော့သွားတာကြောင့် တစ်ပိဿာ ကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်ဒေသတွင်းခွဲစက်နဲ့ ဒေသလုပ်ငန်း သမားများရဲ့ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ကု လားပဲဖြူလုံးကြီးတစ်ပိဿာ ၉၆၉ ကျပ်(တစ်တန်ကို ၅၉၃၄၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၉၅၁ ကျပ်(တစ်တန်ကို ၅၈၂၃၈၂ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ် လက်နဲ့ ဒေသတွင်းဆီစက်တွေက ဒီတစ်ပတ်မှာ ဈေးပေးအဝယ်ရှိတာ ကြောင့် အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိ ဿာ ၃၁၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းနက်စမုံ ၃၄၄၄ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။

Wednesday, 5 Jun 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ပြည်ပအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ဈေးလျော့အဝယ်ရှိသလို ဝယ် အားပါလျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေ ဝယ်လိုအားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲပြန်အေးသွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၇၃ ကျပ် (တစ်တန်ကို ၅၉၅၈၅၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။

Wednesday, 5 Jun 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးချအဝယ်ရှိနေ သလို လှောင်လက်ကုန်သည်များက လည်း တက်ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၃၆ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

Wednesday, 5 Jun 2013

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို မြို့ခံခွဲစက်တွေဝယ် အားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ် နဲ့စာရင်ဈေးကျလာပြီးတစ်ပိဿာကို ၈၆၅ကျပ်(တစ်တန်ကို၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၈၀၀ ခန့်သာအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဝယ်လိုအားက ပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲ စက်သမားများ ဝယ်အားလျော့သွားတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၆၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 5 Jun 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဈေးကတက်မလာဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၄၇၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆို ပါတယ်။

Wednesday, 5 Jun 2013

လားရှိုးဈေးကွက်မှာ ပြောင်းဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိသ လို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များကလည်း အဝယ်ဆုံလို့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးဝန်းကျင်နဲ့ တစ် ရက်ကိုပိဿာချိန် ၆၀၀၀၀ မှ ၈၀၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Wednesday, 5 Jun 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေး နဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၁၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက် ကဆိုပါတယ်။

Wednesday, 5 Jun 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ပြည်ဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး တွက်ချက် ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၃၀ ကျပ်(တစ်တန်ကို ၆၃၀၇၆၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးနဲ့ မြို့ခံဆီစက်တွေအဝယ် ဆုံလို့ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၃၀၇၀ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၃၂၂၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၇၂၅ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 5 Jun 2013

ဘုရင့်နောင်ဈေးကွက်မှာ ယခင်အပတ်က မတ်ပဲ (RC) တစ် တန်ကို ၅၇၄၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပါ ပုံမှန်ရှိခဲ့တဲ့မတ်ပဲက ဒီတစ်ပတ်မှာ အိန္ဒိယအဆွဲလျော့သွားတာကြောင့် ဈေးကျလာပြီး တစ်တန်ကို ၅၅၄၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွား တယ်လို့ ဆိုပါတယ်။ ပဲက အရင်တစ်ပတ်က အရောင်းအဝယ်ပါ ကောင်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပြည်ပအဆွဲပါးသွားသလို ရောင်း လက်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွား တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ ဈေးစဖွင့်ချိန်မှာ တစ်တန်ကို ၅၆၈၅၀၀ ကျပ်ရှိရာက တရိပ်ရိပ်ကျဆင်းလာပြီး ဈေးကွက်ပိတ်တဲ့ ရက်မှာတော့ တစ်တန်ကို ၅၅၄၀၀၀ ကျပ်ဈေးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေးထိုးကျသွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း ပြည်ပဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၅၅၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် အရောင်းအဝယ်ဖြစ်မှုပမာဏတော့ လျော့သွားကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

Tuesday, 28 May 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ပဲစင်းငုံနီကိုတော့ အိန္ဒိယအဆွဲသွက်လာတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက ဝယ်လိုအားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၇၅ ကျပ် (တစ်တန်ကို ၆၅၈၃၁၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန် ကုန်ဝယ်လက် ဝယ်လိုအားအေးပေမယ့် ဒေသတွင်းပဲခွဲစက်များနဲ့ လက်ကြီးလှောင်လက်သမားတွေကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့ တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၈၇ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်မှသိရပါတယ်။ ပဲတီစိမ်း ဈေးကွက်အနေနဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည်အသွေး ပေါ် မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၁၃၅၁ ကျပ် (တစ်တန်ကို ၈၂၇၃၃၈ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်း သွားတယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသ တွင်း ဆီစက်တွေက ဝယ်လို အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားတာကြောင့် ရောင်းလက်များ အနေနဲ့ ဈေးကောင်းရမှ ထုတ်ရောင်းမှုတွေရှိလာကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၃၀၆၇ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၂၃၇၈ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၂၆၇ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၈၂၂ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။

Pages