Background
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ သလို လှောင်လက်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း မက်တန် ၁၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံခွဲစက်တွေက ဝယ်အားသွက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၉၂၆ ကျပ်(တစ်တန်ကို ၅၆၇၀၇၃ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်အဆွဲပါး တာကြောင့် ဈေးကတစ်ရိပ်ရိပ်ကျနေတယ်လို့ ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ် မှုနည်းခဲ့တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တွင် မတ်ပဲ (RC) ကို အိန္ဒိယဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါလျော့သွားတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၄၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲဈေးကကျလာတော့ ရောင်းသူကုန်သည်တွေက တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒ့ါအပြင်ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်အဝယ် အေးသွားတာကြောင့် ဈေးကကျရိပ်သန်းလာကြောင်း သိရပါတယ်။ တက်ဈေးမှာ အရောင်းများခဲ့ တဲ့ လှောင်လက်တွေက အခုလိုဈေးကျ လာတဲ့အခါမှာတော့ အရောင်းပါးလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၆၂၉၀၀၀ ကျပ် ဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏလျော့ကျသွားတယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် အရည်အသွေးအပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဟင်္သာတ ဈေးကွက်မှာ မတ်ပဲကို ဒေသခံ လှောင်လက် ကုန်သည်ကြီးများနဲ့ ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ကဝယ်လိုအား ပုံမှန်ရှိပေမယ့်ဈေးက တက်မလာသေးဘဲ အရောင်း အဝယ်တော့နေ့စဉ်ပုံမှန် ဖြစ်ခဲ့ကြောင်းသိရပါတယ်။အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ် (တစ်တန်ကို ၅၃၄၆၁၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဈေးကွက် အတွင်းမှသိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲတီ စိမ်းနဲ့ပဲစင်းငုံနီ ဈေးမာလာပြီး မတ်ပဲ၊ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကဈေးတန့်နေကြောင်း ပြောင်းရှမ်း၊ ပြောင်းဗမာနဲ့ စီပီ ပြောင်းတို့ကအရောင်းရောအဝယ်ပါသွက်နေကြောင်း ဈေးကွက် အ တွင်းမှ သိရပါတယ်။ပဲတီစိမ်း(ခရမ်းရွှေဝါ)နဲ့စာရင် ပဲတီစိမ်း(အညာ) ကိုတရုတ်ဝယ်လက်အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ် (တစ်တန်ကို ၈၇၀၈၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ဈေးကွက်မှာ ပဲစင်းငုံနီအနေနဲ့ ပြည်ပ အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပြန်လိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာကြောင်း သိရ ပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၂ ကျပ်(တစ်တန် ကို ၆၃၈၁၁၀ ကျပ်)ဈေးနဲ့နေ့စဉ် အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။မတ်ပဲကတော့ ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေက တော့ ဝယ်လိုအားပုံမှန်ရှိပေမယ့် ဈေးကအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ အိန္ဒိယဝယ် လက်အဆွဲအေးပေမယ့် ဒေသတွင်းပဲခွဲစက်များနှင့် လက်ကြီးလှောင် လက်သမားတွေကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်နေတယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၄၃ ကျပ်၊ တစ်တန်ကို ၅၇၇၄၈၃ ကျပ် ကုလားပဲ(ထိုင် ဝမ်) တစ်ပိဿာကို ၉၄၅ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကအရောင်းရောအဝယ်ပါ မျှနေလို့ ကုန်စည်စီးဆင်းမှုသွက်လက်လျက်ရှိပြီး အိန္ဒိယအဆွဲမျှော် တဲ့ လှောင်လက်တွေရှိသလို ဒိုင်အခေါ်ပုခုံးပြောင်း ပုခုံးလွှဲပြုလုပ် တဲ့ပွဲစားကုန်သည်ငယ်များကလည်း သွက်သွက်လက်လက်အရောင်း အဝယ် ပြုလုပ်မှုတွေ ရှိတာကြောင့် ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ (ထိုင်ဝမ်)ဈေးက ယခုဈေးနဲ့ပဲ တန်းပြီး ငြိမ်နေနိုင်ကြောင်း ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ပြောင်းသီးနှံမျိုးစုံဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို တရုတ်ဝယ်လက်နဲ့ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက လည်း ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မာလာကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှု က ပြောင်းရှမ်း တစ်ပိဿာ ၄၉၁ ကျပ်၊ဗမာပြောင်း ၄၄၄ ကျပ် စီပီပြောင်း ၄၉၀ ကျပ်ဈေးနဲ့ ပြောင်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ပြည်ပအတွက် ဝယ်ယူ နေတဲ့ရန်ကုန်ဝယ်လက်က အဝယ်အနည်းငယ်ပြန်လိုက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ကုလားပဲဖြူလုံး ကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက် တချို့နဲ့ မြို့ခံပဲခွဲစက် တွေက ဝယ်လိုအားပုံမှန်ရှိလို့နေ့စဉ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုက ကုလား ပဲဖြူလုံးကြီးတစ်ပိဿာ ၉၅၇ ကျပ်(တစ်တန်ကို ၅၈၆၀၅၇ ကျပ်) ကုလားပဲ (ထိုင်ဝမ်) တစ်ပိဿာ ၉၃၆ ကျပ်(တစ်တန်ကို ၅၇၃၁၉၇ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့ ကြောင်းသိရပါတယ်။
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လိုအား ပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့နေ့စဉ် အိတ် ၂၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကသိပ်ပြီး အပြောင်း အလဲမရှိသေးဘူးလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ် (တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်များက တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်) ဈေးနဲ့နေ့စဉ်အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင် ပဲစင်းငုံနီကိုလည်း အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်လအတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကသိပ်ပြီး အပြောင်း အလဲမရှိသေးဘူးလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ် (တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်များက တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်) ဈေးနဲ့နေ့စဉ်အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင် ပဲစင်းငုံနီကိုလည်း အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်လအတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။